ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သူမရဲ့ငယ်ဘဝ ပုံတူ ရွှံ့ရုပ်တု ထုလုပ်

မန္တလေး၊ဇွန် ၁၉-၂၀၁၉

ဟိန်းကို(VOM)

 

ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝပုံတူ ရွှံ့ရုပ်တုကို မန္တလေးမြို့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်၊ ပန်းပုဌာန နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ထုလုပ်နေပါတယ်။

 

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်ရယ်၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ပန်းပုကျောင်းသားတွေရဲ့ လက်ရာတွေ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ ကျနော် အသက်ရှင်နေသ၍တော့ အမေစုအတွက် မွေးနေ့အမှတ်တရလက်ဆောင်တွေ နှစ်စဉ်လုပ်ပေးသွားမှာပါ။” လို့ အဲဒီကျောင်းသား ကိုဖိုးဝလုံးက ပြောပါတယ်။

 

ပုံစံတူ ရုပ်တုကို ရွှံ့စေးတစ်မျိုးတည်းနဲ့ ဇွန်လ ၁၄ ရက်ကတည်းက ပုံဖော်နေတာဖြစ်ပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အချောသတ်ပြီးစီးမှာဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ မိုလ်လောင်းပြီး ပလာစတာရုပ်တု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီပုံတူ ပလာစတာရုပ်တုကိုလည်း ဇွန်လကုန်ပိုင်းမှာ အပြီးသတ်မှာလို့ ဆိုပါတယ်။

 

အမြင့် ၁၆ လက်မရှိတဲ့ အဲဒီရုပ်တုကို ဒီနေ့ ညနေပိုင်းမှာ ဖိုးဝလုံး(Phoewa Lone) အကောင့်ကနေ  မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။ အရင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံတူ နံရံကပ် ပန်းပုရုပ် (၇၃)ရုပ်ကို ခုလို မဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သူမရဲ့ငယ်ဘဝပုံတူ ရွှံ့ရုပ်တုထုလုပ် # မန္တလေးအမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် # မန္တလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW