တိုင်းရင်းသားမဟုတ်​၊ နိုင်​ငံသားမဟုတ်​တဲ့ က​လေးသူငယ်​ တရားဝင်​​မွေးစားခွင့်​ရရှိ​စေမယ့်​ ဥပ​ဒေကို ကန့်​ကွက်​ ​ကြောင်း ဆန္ဒ​ဖော်​ထုတ်

မင်းလှ၊ ဇွန်​ ၂၃ – ၂၀၁၉

မိုးယံ(VOM)

 

နိုင်​ငံသားမဟုတ်​၊ တိုင်းရင်းသား မဟုတ်​တဲ့ က​လေးသူငယ်​တွေကို တရားဝင်​​မွေးစားခွင့်​ရရှိ​စေမယ့်​ ဥပ​ဒေကို ကန့်​ကွက်​​ကြောင်း လူဦး​ရေ ​ခြောက်​ရာလောက်ဟာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ ဒီနေ့ မနက် ၈ နာရီလောက်က ဆန္ဒထုတ်​​ဖော်​ခဲ့ပါတယ်​။

 

“အခုလုပ်​တဲ့ပွဲက​တော့ အမျိုးသား​ရေးပွဲဖြစ်​တယ်​။ ကျနော်တို့ နိုင်​ငံမှာရှိတဲ့ ပရဟိတကလေး​တွေ၊ ​ကျောင်းသား​တွေ၊ မိဘမဲ့ကလေး​တွေ၊ မိဘမဲ့ တိုင်းရင်းသားကလေး​တွေ အများကြီး ရှိတယ်​။ ဒါကိုအဓိက မလုပ်​ဘဲ နိုင်​ငံခြားသား က​လေး တစ်​ဦးနှစ်​ဦးကို​ မွေးစားမယ်​ဆိုတဲ့အတွက်​ ကျနော်တို့ရဲ့အမျိုးသားနိုင်​ငံ​ရေးကို ထိခိုက်​မှာစိုးတဲ့အတွက်​ ဒီဆန္ဒထုတ်ဖော်​ပွဲကို ပြုလုပ်​ရခြင်းဖြစ်​တယ်​။” လို့ ဦး​ဆောင်​သူ မင်းလှမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌ ဦးမင်းလှိုင်​က ​ပြောပါတယ်​။

 

လူမျိုးခြား က​လေး​မွေးစားခြင်း ဥပ​ဒေ အလိုမရှိ၊ နိုင်​ငံသား မဟုတ်​သူများ လွှမ်းမိုးမည့်​အကြံ ဒို့လက်​မခံ၊ နိုင်​ငံသား မဟုတ်​သည့်​က​လေးသူငယ်​ ​မွေးစားခွင့်​အား ကန့်​ကွက်​​ရေး ဒို့အ​ရေး အပါအဝင် တောင်းဆိုချက်ဆယ်ချက် ပါတဲ့​စာသားပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ကြွေး​ကြော်​သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီ(USDP)က ဦး​ဆောင်​ပြီး ဆန္ဒထုတ်ဖော်ပွဲပါဝင်သူ​တွေဟာ USDP ရုံး​ရှေ့က​နေ ဗိုလ်​ရုံတန်း လမ်းတစ်​​လျှောက်​ လမ်း​လျှောက်​ပြီး ဗိုလ်​ချုပ်​​အောင်​ဆန်းပန်းခြံအထိ ချီတတ်​ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ စီတန်းလှည့်လည်ခြင်းပြီးဆုံးပြီး ရှေ့နေ ဦးဝင်းကိုကိုလတ်နဲ့ ရှေ့နေ ဦးအေးပိုင်တို့က အမျိုးသားလုံခြုံရေးအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ  ဥပဒေမူကြမ်းကို ကန့်ကွက် ရှုတ်ချကြောင်း ဟောပြောခဲ့ကြပါတယ်။

 

“က​လေးသူငယ်​​မွေးစားတဲ့ ဥပ​ဒေဆိုတာ တိုင်းရင်းသား အခွင့်​အ​ရေး၊ နိုင်​ငံသားအခွင့်​အ​ရေးထက်​ နိုင်​ငံအကျိုးပြုတဲ့ အ​ကြောင်းအရာ တစုံတရာမပါဝင်​ပါဘဲ နိုင်​ငံခြားသား​တွေကို အခွင့်​အ​ရေး​ပေးတဲ့ ဥပ​ဒေဖြစ်​​နေလို့ ကျနော်​တို့ ကန့်​ကွက်​ရခြင်းဖြစ်​တယ်​။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကို​ဝေယံဝင်း​အောင်​က​ ပြောဆိုပါတယ်​။

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ မှာ နိုင်ငံခြားသားတစ်ဦးကို မွေးစားခြင်းဖြင့် နိုင်ငံသားမဖြစ်ဟု ပြဌာန်းထားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅/၃၄၆ တို့မှာ နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသား ပြုခြင်း၊ နိုင်ငံသားအဖြစ်ရပ်ဆဲခြင်းတို့သည် ဥပဒေ ပြဌာန်းသည့် အတိုင်းဖြစ်စေရမည်ဟု ပြဌာန်ထားထားသည်။

 

#voiceofmyanmar  # တိုင်းရင်းသားမဟုတ်၊နိုင်ငံသားမဟုတ်တဲ့ကလေးသူငယ် တရားဝင်မွေးစားခွင့်ရရှိစေမယ့် ဥပဒေကိုကန့်ကွက် # ပြည်ခိုင်ဖြိုးပါတီ  #ပဲခူး #မင်းလှ

Related posts

Leave a Comment

VOM News

FREE
VIEW