ပြည်ပရင်းနှီးမြှူပ်နှံမှုတွေထဲမှာ စင်္ကာပူနိုင်ငံက အများဆုံးဖြစ်

ရန်ကုန် ၊ ဇွန် ၄ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံတွေထဲမှာ စင်္ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။   “အရင်ကတည်းက ခုချိန်ထိဆိုရင် အားလုံးထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးအနေနဲ့ စင်္ကာပူနိုင်ငံက လုပ်ငန်းပေါင်း ၃၁၀ ခုနဲ့ ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော် လာရောက်ရင်းနှီးမြှုပ်နှံမှု ရှိထားတယ်။” လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။   တရုတ်က ဒုတိယအနေနဲ့ လုပ်ငန်းပေါင်း ၃၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်၊ ထိုင်းနိုင်ငံက တတိယအနေနဲ့ လုပ်ငန်းပေါင်း ၁၁၆ ခု၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်၊ စတုတ္ထအဖြစ် ဟောင်ကောင်က ၁၉၈ ခု နဲ့…

Read More

ကသာမြို့နယ်အတွင်းက မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်

ကသာ၊ ဇွန် – ၄-၂၀၁၉ နိုင်ကြီး – ကသာ (VOM)   စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းက မသန်စွမ်းသူတွေကို လစဉ် တစ်ယောက်ကို ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးရာကနေ ဒီနေ့ ဇွန် ၄ ရက် မနက်ပိုင်းကစပြီး ၃လ တစ်ကြိမ် သုံးသောင်းနှုန်းနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့အစီအစဉ်နဲ့ ထောက်ပံ့ပေးနေပါတယ်။   “အရင်ကတစ်လတစ်သောင်းကတော့ နည်းလည်းနည်းတော့ သိပ်အဆင်မပြေဘူးပေါ့။ ခုက သုံးလတစ်ခါဆိုတော့ ဘာပဲဖြစ်ဖြစ် ပိုတော့ အဆင်ပြေပါတယ်။ ခုလိုထောက်ပံ့မှုတွေရှိရင်ကောင်းတာပေါ့။ စားစရိတ် ကာမိတာပေါ့။” လို့ ဒေသခံ မသန်စွမ်းတစ်ဦးက ပြောပါတယ်။   သုံးလစာအတွက် တစ်ဦးကို သုံးသောင်းကျပ်နဲ့  မသန်စွမ်းသူ ၅၀၂ ဦးအတွက်  သိန်း ၁၅၀ ကျော်ကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ကသာမြို့နယ်မှာ ကိုယ်အင်္ဂါမသန်စွမ်းသူ ၂၈၃ ဦး၊…

Read More

လူ ၁၃ ဦးလိုက်ပါသွားတဲ့ အိန္ဒိယစစ်ဘက်လေယာဉ်တစ်စင်း တရုတ်နယ်စပ်မှာ ပျောက်ဆုံးနေ

ဒေလီ၊ ဇွန်-၄-၂၀၁၉ မျိုးဆက် (VOM)   လူ ၁၃ ဦး လိုက်ပါသွားတဲ့ အိန္ဒိယလေတပ်က လေယာဉ်တစ်စင်းဟာ တရုတ်နိုင်ငံနယ်စပ်အနီးက တောင်တန်းဒေသမှာ ဇွန် ၃ ရက်က ပျောက်ဆုံးသွားတယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။   သယ်ယူပို့ဆောင်ရေးအတွက်သာ ပုံမှန်အားဖြင့် အသုံးပြုတဲ့ အေအင်န်-၃၂ လေယာဉ်ဟာ အာသံပြည်နယ် ဂျော်ဟက်မြို့ကနေ အာရူနာချယ်ပရာဒတ်ပြည်နယ် မန်ချူကာမြို့ကို ပျံသန်းသွားတာဖြစ်ပြီး ဇွန် ၃ ရက် နေ့လည် တစ်နာရီအချိန်မှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ ဖြစ်ပါတယ်။   ဒီလို အဆက်အသွယ်ပြတ်တောက်တဲ့ အချိန်ကစပြီး ရှာဖွေကယ်ဆယ်ရေး ကနဦးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်အမှု ထမ်းရှစ်ဦးနဲ့ ခရီးသည်ငါးဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။   လိုက်ပါသွားသူတွေဟာ ဘယ်သူတွေလည်းဆိုတာတော့ လတ်တလောမှာ မသိရသေးပါဘူး။ လက်ရှိမှာတော့…

Read More

ပေါ်ပြူလစ်ဇင် နဲ့ ၀ ၊ ကိုးကန့် ၊ ရခိုင်မြောက်ပိုင်းအရေး

ဇွန် – ၄ -၂၀၁၉ စိုင်းထွန်းအောင်လွင်     ပေါ်ပြူလစ်ဇင်တွေရဲ့ ထူးခြားချက်တွေထဲမှာ စစ်ပွဲ ဆင်နွှဲလိုတဲ့ အလေ့အထ အထုံရှိခြင်းလည်း ပါဝင်ပါတယ်။ လူထု လူမှုစီးပွား အခြေအနေ တိုးတက်ဖို့၊ ကျန်းမာရေး ကောင်းမွန်အောင်လုပ်ဖို့ လူထုဘ၀ သာယာဖို့ စသဖြင့် လူထုကို ပါးစပ်ကမချဘဲ ဟောပြောစည်းရုံးလေ့ရှိတဲ့ အလေ့အထကလည်း ပေါ်ပြူလစ်ဇ်ဝါဒီတွေရဲ့ အလေ့အထတွေထဲ ပါဝင်ပါတယ်။   ပေါ်ပြူလစ်ဇင်တွေရဲ့ စစ်ပွဲဆင်နွှဲလိုတဲ့ အချိန်အခါ၊ အကြောင်းအရင်းတွေကို ကြည့်ရင် နိုင်ငံရေး၊ စီးပွားရေးအရ အကျပ်အတည်းတွေ့နေချိန် သူတို့ရဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လူထုကိုပြဖို့ လိုနေတာ၊ တချိန်တည်းမှာ အဲဒီ ဆင်နွှဲတဲ့စစ်ပွဲဟာ လူထုထောက်ခံမှုရနိုင်တာ၊ နိုင်ငံတကာက အာရုံလွှဲသွားနိုင်တာ စတဲ့ အကြောင်းအရာတွေအပေါ် အခြေခံလေ့ ရှိတာပါ။   Why Populism is Dangerous:…

Read More

မင်းပြားမြို့ပေါ်သို့ စစ်​ဘေးရှောင်​ နှစ်ရာကျော်​ လာရောက်​ခိုလှုံ

မင်းပြား ၊ ဇွန်​ – ၄ – ၂၀၁၉ ခိုင်​လင်းစံ(VOM)   ပြီးခဲ့တဲ့နှစ်ရက်က ရခိုင်​ပြည်​နယ်​ မင်းပြားမြို့နယ်​အတွင်းမှာ မြန်​မာ့တပ်​မတော်​နဲ့ AA တို့အကြား နှစ်​ဖက်​တိုက်​ပွဲတွေ အပြင်းအထန်​ဖြစ်​ပွားနေကြတာ ဖြစ်​ပါတယ်​။   မနေ့ကဖြစ်​ပွားခဲ့တဲ့ တိုက်​ပွဲက ပစ်​ခတ်​မှုတွေကြောင့်​ စပါးထားကျေးရွာသားတွေ ထိခိုက်​သေဆုံးခဲ့ရတဲ့အတွက်​ စပါးထားနဲ့ ဘိတ်​တောင်​ကျေးရွာက လူဦးရေ ၂၀၀ ကျော်​ဟာ မင်းပြားမြို့ပေါ်ကို ထွက်​ပြေးရောက်​ရှိလာခဲ့ကြတာ ဖြစ်​ပါတယ်​။   “ကျနော်တို့ရွာနားမှာ တိုက်​ပွဲတွေ ဖြစ်​နေတယ်​။ ပြီးတော့ မနေ့ကလည်း ဘုန်းကြီးကျေင်းမှာ လက်​နက်​ကြီး ကျည်​ကျလို့ ရွာသားတွေ သေဆုံးတာ ရှိတယ်​။ ဒဏ်​ရာရသူတွေလည်း အများကြီးပါ။ ဒါကြောင့်​ ကျနော်တို့ လုံခြုံတဲ့နေရာကို ထွက်​ပြေးလာခဲ့ကြတာပါ။” လို့ စပါးထားကျေးရွာသားတစ်​ဦးက ပြောပါတယ်​။   ဇွန်၂ ရက်​နေ့ နေ့လည်​ပိုင်းက မင်းပြားမြို့နယ်​ ရွှေတမာကျေးရွာနဲ့ အောင်​တိုင်​…

Read More

မြန်မာနိုင်ငံ ကာစီနိုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဟောင်ကောင်နဲ့ မကာအိုက စိတ်ဝင်စားနေ

ရန်ကုန်၊ ဇွန် – ၄ – ၂၀၁၉ သိင်္ဂီ (VOM)   ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ ကာစီနိုလုပ်ငန်းတွေ ဖွင့်လှစ်နိုင်မယ့် လောင်းကစားဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြဌာန်းပြီးနောက် မြန်မာနိုင်ငံမှာ ကာစီနိုလုပ်ငန်း ရင်းနှီးမြှုပ်နှံဖို့ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံတွေက စိတ်ဝင်စားမှုရှိနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။   ” ဒီနိုင်ငံနှစ်ခုက မေးတယ်၊ ဒီမှာရင်းနှီးမြှုပ်နှံမှု လာလုပ်ချင်တယ်၊ ဟိုတယ်လုပ်ငန်းလုပ်ချင်တယ်။ အဓိက ကာစီနိုလုပ်ငန်းလုပ်ချင်တယ်ပေါ့။ ကာစီနိုဥပဒေကတော့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် ဟိုတယ်လုပ်ငန်းနဲ့ ကာစီနိုလုပ်ငန်းလုပ်မယ်ဆိုပြီး ဆွေးနွေးတာ။ ခွင့်တောင်းတာမျိုးတော့ မရှိသေးဘူး။ ဒီမှာက လုပ်ထုံးလုပ်နည်းတွေအရ ရင်းနှီးမြှုပ်နှံမှု စလုပ်တော့မယ်ဆိုရင် ဘယ်နေရာမှ ဘယ်လိုလုပ်မှာလဲရှိမယ်။ မြန်မာနိုင်ငံမှာက မြေနဲ့ပတ်သက်ပြီး ပိုင်းခြားထားတာတွေ ရှိနေတယ်။ “လို့ DICA ရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။   ဇွန်လ ၃…

Read More

ဦးဣန္ဒဝီရ (လှည်းကူးဆရာတော်)

မန္တလေး၊ ဇွန် ၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ ဆရာတော်ဦးဝီရသူအတွက် ဆုတောင်းပွဲတွေ ဘာလို့လုပ်သလဲဆိုတာကို ဒီကနေ့ ညနေပိုင်းက ကုသိုလ်တော်ဘုရားမှာ လေးကြိမ်မြောက်ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဦးဣန္ဒဝီရ(လှည်းကူးဆရာတော်)က အခုလို ဖြေကြားခဲ့ပါတယ်။   #voiceofmyanmar #မန္တလေး #ဦးဝီရသူ  

Read More

ကိုဆွေဝင်းအမှုမှာ လိုပြသက်သေ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေး

မန္တလေး၊ ဇွန် -၃ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းရဲ့ရုံးချိန်းမှာ တရားလိုသက်သေဖြစ်တဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု ၂၄ ကြိမ်ရှိလာပေမယ့် လာရောက်မှု မရှိသေးဘူးလို့  မဟာအောင်မြေတရားရုံးက သိရပါတယ်။   “တရားလို ရှေ့နေကတော့ အမှုကို ခရိုင်ရုံးမှာစစ်ဆေးဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဒီနေ့အမှုမှာ ဆင့်စာ အတည်ဖြစ်တဲ့အတွက် ရုံးချိန်ပြီးတဲ့ အချိန်ထိ ကျမတို့စောင့်မှာပါ။ ရုံးချိန်းတိုင်းမှာတော့ သက်သေက ဒီနေ့အထိ ဘယ်သူမှမလာပါဘူး။”လို့ ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။   ကိုဆွေဝင်းရဲ့အမှုမှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးရသေးပါတယ်။ ဒီအမှုမှာပါဝင်တဲ့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကတော့…

Read More

စပါးထားကျေးရွာ ဘုန်းတော်ကြီးကျေင်းသို့ လက်နက်ကြီးကျည်ကျရောက် ရွားသား ၄ ဦးသေဆုံး

မင်းပြား၊ ဇွန် – ၃ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စာပါးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသား ၇ ဦးထိခိုက်မှုရှိခဲ့ပြီး ၄ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။   “နေ့လည် ၂ နာရီ ၁၀ မိနစ်လောက်မှာ လက်နက်ကြီးကျည်တစ်လုံးက ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်းမှာ ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီအတွက် ရွာသား ၇ ဦးထိခိုက်သွားပါတယ်။ ၄ ဦးကတော့ သေပါတယ်။ အမျိုးသမီးတွေလည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့အထဲမှာ ပါပါတယ်။” လို့ ကျေးရွာသား ဦးကျော်ဇောက ပြောပါတယ်။   နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာသားတွေ စုဝေးခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း ခြံဝင်းအတွင်းကို အဲ့ဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။   ကျေးရွာအနီးမှာ အခုလို…

Read More

YBS ယာဉ်လိုင်းတွေ အရှုံးမ​ပေါ်​ဘူးဆိုပေမယ့် အမြတ်ငွေနည်းပါး

ရန်​ကုန်​၊ ဇွန်​ – ၃ – ၂၀၁၉ သူရိန်(VOM)   ရန်​ကုန်​မြို့မှာ ပြေးဆွဲ​နေတဲ့ YBS ယာဉ်​လိုင်း​တွေမှာ အရှုံးမ​ပေါ်ဘူးဆို​​ပေမယ့်​ အမြတ်​​ငွေနည်းပါး​နေ​တယ်​လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သိရပါတယ်။   “အရှုံးမပေါ်ပါဘူး။ ယာဉ်အသစ်တွေနဲ့ အစားထိုး ပြေးဆွဲတာဖြစ်တဲ့အတွက် အမြတ်ငွေ နည်းတာပါ။ ပြီးတော့ ယာဉ်အသစ်ရဲ့ ကာလတန်ဖိုးဆိုတာ ရှိပါတယ်။ သူ့ရဲ့ အရင်းကြေကာလ ကျော်လွန်ရင်တော့ အမြတ်ငွေ ရရှိလာမှာ ဖြစ်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။   YBS စနစ်ပြောင်းလဲပြေးဆွဲချိန်မှာ ယာဉ်အဟောင်း​တွေကို ယာဉ်အို/ဟောင်း အပ်နှံပြီး ယာဉ်အသစ်​တွေနဲ့ ပြောင်းလဲပြေးဆွဲခဲ့တာကြောင့် ယာဉ်ရဲ့အရင်းကြေကာလကို ၅ နှစ်နဲ့ ၇ နှစ်သတ်မှတ်ထားပါတယ်​။ သတ်မှတ်ထားတဲ့အရင်းကြေကာလ ကျော်လွန်ပြီးမှသာ အမြတ်ငွေရရှိမှာ ဖြစ်​ပါတယ်​။…

Read More
VOM News

FREE
VIEW