ဖိလစ်ပိုင် သမ္မတဟောင်းကတော် မွေးနေ့ပွဲတက်သူ ၂၆၀ ကျော် အစာအဆိပ်သင့်

မနီလာ၊ ဇူလိုင်-၄-၂၀၁၉

မျိုးဆက် (VOM)

 

ဖိလစ်ပိုင်သမ္မတဟောင်းကတော် အိုင်မီဒါမားကို့စ်ရဲ့ အသက် ၉၀ ပြည့်မွေးနေ့မှာ ကျွေးမွေးခဲ့တဲ့ အစားအသောက်တွေကြောင့် မွေးနေ့တက်ရောက်လာသူ ရာနဲ့ချီပြီး အစာအဆိပ်သင့်ခဲ့ပါတယ်။

 

သူ့ရဲ့ မွေးနေ့ပွဲကို ဇူလိုင် ၃ ရက်က မနီလာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး လူပေါင်း ၂၅၀၀ ခန့်တက်ရောက်ခဲ့ကာ  မွေးနေ့ အထိမ်းအမှတ်အဖြစ် ထမင်းနဲ့ ကြက်သား ကျွေးခဲ့တာ ဖြစ်ပါတယ်။

 

အစာအဆိပ်သင့်တာကြောင့် မူးဝေ အော့အန်တာတွေဖြစ်ပြီးနောက် မွေးနေ့လာရောက်တဲ့ ဧည့်သည်တွေဟာ လူနာတင်ကားတွေနဲ့ ဆေးရုံဆီကို အလျင်အမြန် သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။

 

လူပေါင်း ၂၆၁ ဦး အစာအဆိပ်သင့်တာကို ခံစားရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအထဲမှာ သမ္မတဟောင်းကတော် မားကို့စ်ပါဝင်ခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

 

အသက် ၉၀ နှစ်အရွယ် အိုင်မီဒါမားကို့စ်ဟာ အာဏာရှင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့ ဇနီးဖြစ်ပြီး ဇိမ်ခံပစ္စည်းတွေနဲ့ အလှအပ ပစ္စည်းတွေကို စုဆောင်းသူအဖြစ် နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရေးသမိုင်းမှာ မားကို့စ်မိသားစုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပေမယ့်လည်း  သူမဟာ ဖိလစ်ပိုင်နိုင်ငံမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

 

Ref : BBC

Photo :Getty Images

 

#voiceofmyanmar # ဖိလစ်ပိုင် #သမ္မတဟောင်းကတော် #အိုင်မီဒါမားကို့စ် #မွေးနေ့ပွဲတက်သူ ၂၆၀ကျော် #အစာအဆိပ်သင့် # #  #

Related posts

Leave a Comment

VOM News

FREE
VIEW