ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ

ရန်​ကုန်​ ဇူလိုင်​ ၂၀-၂၀၁၉

မိုးယံ(ဇီးကုန်း)

 

ရန်​ကုန်​တိုင်း အင်းစိန်​မြို့နယ်​ နံသာကုန်း မင်္ဂလာလမ်း အမှတ်​၃၁ မှာ ပန်းချီဆရာ ၉၀​ကျော်​ရဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ပုံတူ ပန်းချီကား အ​ရောင်းပြပွဲ ကျင်းပနေပါတယ်။ ဒီပြပွဲကရောင်းရတဲ့ ပန်းချီကားရောင်းရငွေကို တချို့က အကုန်လှူမှာဖြစ်သလို တချို့က ၆၀ရာနုန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို လှူမယ်လို့ သိရပါတယ်။

 

ပြပွဲတာဝန်​ခံ ဒေါ် ဇာဏီ​အောင်​က

`အ​မေစုရဲ့ ၇၄နှစ်​ပြည့်​​မွေ့​နေ့ အမှတ်​တရအ​နေနဲ့ မြန်​မာတစ်​နိုင်​ငံလုံးမှာရှိတဲ့ ပန်းချီဆရာဆရာမ​တွေ အားလုံး​ပေါင်းပြီး ပန်းချီဆရာ ၉၀ဦးရဲ့လက်​ရာ​စုံ ပန်းချီကားမျိုးစုံ ပြသတဲ့ပွဲပါ။ ပန်းချီကား​ရောင်းရတဲ့​ငွေ ၆၀%ကို ​ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်းကိုလှူမယ်​ တစ်​ချို့ဆရာများက ပန်းချီ​ကား​ရောင်းရ​ငွေ ၁၀၀%​စလုံး ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်း ကိုလှူမယ်​လို့လည်း ​ပြောပြပါတယ် ။

 

ဒီ​ပြပွဲကို နေ့စဉ် မနက်​၉နာရီ ကနေ  ည​နေ၅နာရီအထိ ​ ၉ရက်​ကျင်းပပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။ ပန်းချီ ပြပွဲကုန်​ကျစရိတ်​ကို အသုံးမပြုဘဲ ပန်းချီကား​ရောင်းလို့ ရလာတဲ့​ အလှူ​ငွေအားလုံးကို ​ဒေါ်ခင်​ကြည်​ ​ဖောင်​​ဒေးရှင်းကို ရာနှုန်းပြည့်​ လှူမယ့်​ပွဲဖြစ်​တယ်​လို့လည်း ပြပွဲတာဝန်​ခံက​ပြောဆိုပါတယ်​။

 

ဒီပွဲမှာ ဂုဏ်​ပြုခံပန်းချီဆရာကြီး ​ဒေါက်​တာ ဦးလွန်းတင်​၊ ဆရာကြီး ဦး​မောင်​​မောင်​သိန်း၊ ဆရာဦး​ကျော်ညွန့်​ နဲ့ ဆရာလှကြည်​ စတဲ့ပန်းချီဆရာတွေအပြင် ဝါသနာရှင်​ပန်းချီဆရာဆရာမတွေရဲ့ လက်​ရာတွေ ပါဝင်​ပြသထားပါတယ်​။

 

ဒီ​နေ့ ပြပွဲကို လူဦး​ရေ ၃၀၀ ဝန်းကျင်​​လောက်​ လာ​ရောက်ခဲ့ ပြီး  ​၇ကား​ရောင်းရ​ငွေ အလှု​ငွေ သိန်း ၂၀ကျပ်​ ရရှိ​​သလို လာရောက်​တဲ့ ပရိတ်သတ် တွေကို ပန်းချီကား၂၅ကား ကံစမ်းမဲ ​ဖောက်​​ပေးပြီး ဖြစ်တယ်လို့လည်း ပြပွဲကသိ​ရပါတယ်​။

 

ပြပွဲကို ဇူလိုင်​ ၂၀ရက်​​နေ့ ကနေ ဇူလိုင်​ ၂၇ရက်​​နေ့အထိ ကျင်းပမှာဖြစ်​ပြီး မနက်​ဖြန်​မှာ​တော့ ​မော်​ဒယ်​တွေကို ပန်းချီလက်​​တွေ့​ ရေးဆွဲမှာဖြစ်​တယ်လို့လည်း သိရပါတယ်​။

 

#voiceofmyanmar #ပန်းချီပြပွဲ #ဒေါ်အောင်ဆန်းစုကြည်ပုံတူ #ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း

Related posts

Leave a Comment

VOM News

FREE
VIEW