၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကျောက်အရောင်းအဝယ်လုပ်သူတွေက ဦးဆောင်ပြီး ထောက်ခံဆန္ဒပြ

မန္တလေး၊ဇူလိုင် ၂၁-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေ ဦးဆောင်ပြီး ဒီနေ့ နေ့လည်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

 

ထောက်ခံဆန္ဒပြမှုကို ကျောက်ဝိုင်းရှေ့မှာ စုရပ်လုပ်ကာ လူအင်အား ၁၀၀၀ ကျော်က ၃၈လမ်း၊ ၇၄ လမ်းထောင့်အထိ ချီတက်လမ်းလျှောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ အစီရင်ခံစာအတည်ပြုရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။

 

#voiceofmyanmar #မန္တလေး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး#ထောက်ခံဆန္ဒပြ#

Related posts

Leave a Comment

VOM News

FREE
VIEW