စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ မထွန်ယက်နိုင်တဲ့လယ်ဧကပေါင်း သိန်းချီရှိနေ

စစ်တွေ၊ ဇူလိုင် ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် လယ်ဧကပေါင်း ၁၀ သိန်းခန့်ဟာ မိုးစပါးစိုက်ပျိုးလုပ်ကိုင်လေ့ ရှိပါတယ်။   အခုနှစ်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းဒေသအတွင်းက မြို့နယ် ၇ မြို့နယ်အတွင်းမှာ တောင်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တာကြောင့် လယ်ဧကပေါင်း သိန်းနဲ့ချီပြီးတော့ မထွန်ယက်နိုင်ကြသေးတာ ဖြစ်ပါတယ်။   “မြောက်ဦးမြို့နယ်မှာတော့ စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တောင်သူတွေလယ်ထွန်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျေးရွာအုပ်စုပါင်း ၁၂ အုပ်စုအတွင်းမှာ လယ်ဧကပေါင်းက ၄ သောင်းလောက်ဟာ ထွန်ယက်ဖို့မဖြစ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။   ထွန်တုန်းချချိန်ကာလ တစ်လကျော်လာတဲ့အချိန်အထိ လယ်မထွန်နိုင်ကြသေးတာဟာ တောင်သူတွေ နေရပ်စွန့်ခွာ နေကြရတဲ့အပြင် တချို့နေရာတွေမှာ စစ်ကြောင်းသွားလာမှုတွေ ရှိနေတာကြောင့် ဖမ်းဆီး၊…

Read More

ရေနံတင်သင်္ဘော ပြန်မလွှတ်ရင် ဗြိတိန်သင်္ဘောကို ဖမ်းပြီးလက်တုံ့ပြန်မယ်လို့ အီရန်ခြိမ်းခြောက်

တီဟီရန်၊ ဇူလိုင်-၆-၂၀၁၉ မျိုးဆက် (VOM)   အီရန်ရဲ့ ရေနံတင်သင်္ဘောကြီးတစ်စင်းကို ဂျီဘရော်လ်တာ ရေလက်ကြားမှာ ဗြိတိန်တော်ဝင်ရေတပ်က ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဖို့အတွက် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတစ်ဦးက ဇူလိုင် ၅ ရက်မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။   အီရန်ရေနံတင်သင်္ဘောကို ပြန်မလွှတ်ဘူးဆိုရင် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းပြီးလက်တုံ့ပြန်ဖို့က အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ အီရန်တပ်မှူးတစ်ဦးဖြစ်သူ မိုဆန်ရီဇိုင်းက ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထွေထွေထူးထူး မှတ်ချက်ပေးတာမျိုးမရှိပေမယ့် အီရန်အနေနဲ့ ဘာဖြစ်လာမယ်ဆိုတာကို မြင်တွေ့ရတော့မယ်လို့ အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။   အီရန်ရဲ့ ရေနံတင်သင်္ဘောဟာ ဆီးရီးယားကို ရေနံတင်ပို့မှု ပိတ်ပင်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး ဗြိတိန်ပိုင်နက် ကမ်းရိုးတန်းမှာ ဗြိတိန်တော်ဝင်ရေတပ်က ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။…

Read More

နေပြည်တော်ရှိ မူကြိုကျောင်းက သုံးနှစ်ကလေး လိင်အကြမ်းဖက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၆ – ၂၀၁၉ သစ်တော်၊သိဂီ င်္(VOM)   နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံခဲ့ရတဲ့ သုံးနှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ ၁၀၀၀ လောက်က ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ပြီးခဲ့တဲ့ မေ ၁၇ ရက်က အဲဒီမူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယားဟာ မဖွယ်မရာပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ယူဆချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြခြင်း ဖြစ်တယ်လို့ သိရပါတယ်။   “ဒီပွဲပြီးသွားရင်လည်း ကျနော်တို့က…

Read More

Wisdom Hill မူကြိုကျောင်း တရားဝင် ဖွင့်ခွင့်မရှိဘဲ ဖွင့်တာ မသိကျိုးကျွန်ပြုတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် ၆ – ၂၀၁၉ ကိုထွန်း(VOM)   နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နဲ့ ဆက်လျဉ်းပြီး တရားဝင် ဖွင့်ခွင့်မရှိဘဲ မူကြိုကျောင်း ဖွင့်တာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို ဖော်ထုတ်ပြီး အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။   “ဒီကျောင်းသည် တရားဝင်ခွင့်ပြုချက် မရဘဲ ဖွင့်ထားတာ ဖြစ်တဲ့အတွက် အရေးယူပါမယ်။ အဲဒီလို ခွင့်ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်းအရာရှိတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောထားပါတယ်။ ဖော်ထုတ်ပါ၊ ကျနော်တို့ အရေးယူမယ်။” လို့ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။   မနေ့ ဇူလိုင် ၅ ရက်က နေပြည်တော် သမ္မတအိမ်တော်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ Wisdom Hill မူကြိုကျောင်းကိစ္စကို…

Read More

ရခိုင်မြောက်ပိုင်းမှာ တစ်ရက်တည်းကျေးရွာနှစ်ရွာ မီးရှို့ခံရ

ဘူးသီးတောင်၊ ဇူလိုင် ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းရှိ ကျေးရွာနှစ်ရွာ ဇူလိုင် ၅ ရက်က မီးရှို့ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   အဲဒီမီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေဟာ ဘူးသီးတောင်မြို့နယ်က အလယ်ချောင်း ခမီကျေးရွာနဲ့ ရသေ့တောင်မြို့နယ်က အမျက်တောင် ရခိုင်ကျေးရွာတို့ဖြစ်ပြီးတော့ တပ်မတော်စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   “မနက် ၁၀ နာရီ ၅၀ လောက်မှာ စစ်တပ်က ကျနော်တို့ရွာဘက်ကို လာတယ်။ ပြီးတော့ ရွာနားမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပြီးတော့ ရွာကိုမီးရှို့ခဲ့တာပါ။ အိမ် ၄၀ ကျော်ရှိတာ အကုန်လုံး မီးလောင်သွားပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ထွက်ပြေးနေကြတာ ဖြစ်တယ်။ ရွာကိုတော့ သွားပြီးကြည့်နေကြတာပါ။”လို့ အလယ်ချောင်းကျေးရွာသား ဦးခေတ်ချူးက ပြောပါတယ်။   ဒါ့အပြင်…

Read More

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အုပ်ချုပ်ရေးမှူးကာရီလမ် ကမ်းလှမ်းပြီ

ဟောင်ကောင်၊ ဇူလိုင်-၅-၂၀၁၉ မျိုးဆက် (VOM)   တစ်လကြာမြင့်ပြီဖြစ်တဲ့ နိုင်ငံရေးအကြပ်အတည်းကနေ  ဖိအားတွေလျော့ကျစေဖို့ ကြိုးစားမှုတစ်ရပ်အနေနဲ့ ဟောင်ကောင်တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ကမ်းလှမ်းတောင်းဆိုထားတယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။   တရုတ်အုပ်ချုပ်မှုအောက်ကို ဟောင်ကောင်ပြန်လည်ရောက်ရှိတဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက်မှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်ပါလီမန်ကို ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။   တရုတ်ပြည်မကြီးမှာ တရားစီရင်ဖို့အတွက် ကာရီလမ်ရဲ့  တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းအပေါ် ပြီးခဲ့တဲ့လမှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တွန်းအားပေးဆောင်ရွက် အားထုတ်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းကို အပြည့်အ၀ ချက်ချင်းရုပ်သိမ်းပေးဖို့  ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။   အုပ်ချုပ်ရေးမှူး ကာရီလမ်ဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ မကြာသေးမီက…

Read More

ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ မြန်မာဘက်ကို စည်းရုံးဖျောင်းဖျပေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ဆို

ပေကျင်း၊ ဇူလိုင်-၅-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေးနဲ့ သူတို့အတွက်လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုဖန်တီးဖို့ မြန်မာကို စည်းရုံးဖျောင်းဖျသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။     ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်ဝန်ကြီးချုပ်လီကားချန်က ပြောဆိုခဲ့ပြီး  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ညှိနှိုင်းဖြေရှင်းဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။     ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မိမိတို့ အနေနဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ နှစ်ကြိမ် စေလွှတ်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂါလီပြဿနာအတွက် အဖြေတစ်ရပ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ်အကြားဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်ဖို့ လိုအပ်တယ်ဆိုရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့…

Read More

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေ ရှာဖွေတူးဖေါ်မှု ရပ်ဆိုင်းထားရ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အကူအညီလိုအပ်

အင်းတော်၊ ဇူလိုင် ၅ – ၂၀၁၉ ဖြူဖြူ(VOM)   စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေဖြစ်တဲ့ ကြာအင်းကုန်းမှာ ဂျပန်ခေတ်လက်ကျန်ပစ္စည်းတွေ ရှာဖွေတူးဖော်မှု ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲရှိနေတာကြောင့် ရပ်နားထားတယ်လို့ သိရပါတယ်။   ဒုတိယကမ္ဘာစစ်အတွင်းတုန်းက  ဂျပန်တပ်ဟာ အင်းတော်မြို့မှာ ၂ နှစ် ၇ လ လောက်တပ်စွဲခဲ့ပြီး ကြာအင်းကုန်းမှာ ဂျပန်စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့သလို စစ်ပစ္စည်းသိုလှောင်ရေးဌာနအဖြစ်လည်း အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါကြောင့် ရှေးဟောင်းဝါသနာရှင်တွေ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက အဲဒီဒေသတဝိုက်မှာ  ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   တူးဖော်တွေ့ရှိထားတဲ့ ဂျပန်ခေတ် ပစ္စည်းတွေကို အဲ့ဒီနေရာအနီးမှာပဲ “World War II Memorial “ဆိုတဲ့ ပြတိုက် ဖွင့်လှစ်ပြီး ပြသထားပါတယ်။ ကြာအင်းကုန်းနဲ့ အနီးတ၀ိုက်ရွာတွေက ဒေသခံတွေဟာ လွန်ခဲ့တဲ့…

Read More

NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကို တိုင်ကြားမှု လျော့မသွားဘဲ ပိုစိပ်လာ

မန္တလေး၊ ဇူလိုင် ၅-၂၀၁၉ ဟိန်းကို (VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် CEC တွေ လစဉ်လုပ်တဲ့အစည်းအဝေးမှာ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တို်င်ကြားမှုတွေက လျော့မသွားဘဲ ပိုစိပ်လာတယ်လို့ မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ-အစိုးရ-လွှတ်တော် တွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ” တိုင်ကြားမှုတွေမှာက နေရာလိုချင်တဲ့သူတွေရယ်၊ မဟုတ်မမှန် တိုင်ကြားတဲ့သူတွေ ရှိပါတယ်။ အဲ့လိုတိုင်ကြားမှုတွေအတွက် ကိုယ်စားလှယ်တွေကို အကဲဖြတ်မှတ်တမ်းတစ်ခု ထွက်လာပါတယ်။ မဟုတ်မမှန်တိုင်ကြားသူတွေ ပေါ်လာရင်တော့ ပါတီစည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူမှာပါ။” လို့ ပြောဆိုခဲ့တာပါ။   ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်ပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသအလိုက် ရှင်းလင်းမှုတွေ လုပ်ဖို့လိုအပ်သလို မြို့နယ်/ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း တက်နိုင်သမျှ ပါတီနဲ့ ကိုယ်စားလှယ်…

Read More

မန္တလေးတိုင်း အန်အယ်လ်ဒီပါတီရဲ့ ပါတီဝင်-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲ

မန္တလေး – ဇူလိုင် ၅-၂၀၁၉ ဟိန်းကို+နေလင်း   မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီ-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲကို ဒီနေ့ဇူလိုင်၅ရက်မနက်ပိုင်းက လမ်း၈၀ ယူနန်ဘုံကျောင်းခမ်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုတာ သတိထားဖို့နဲ့ တိုင်စာတွေပိုများလာတဲ့ကိစ္စတွေအပြင် ဒေသဖွံ့ဖြိုးရေးတွေအားသွန်ခွန်စိုက်လုပ်ဖို့နဲ့  ပြည်သူနဲ့ပိုမိုထိတွေ့ဖို့တွေ ပြောခဲ့ပါတယ်။   ဗီအိုအမ်သတင်းဌာနက ဟိန်းကိုနဲ့ နေလင်း ရိုက်ကူးတင်ပြထားပါတယ်။   #voiceofmyanmar  #မန္တလေး #ပါတီ #အစိုးရ #လွှတ်တော် #တွေ့ဆုံပွဲ #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #အန်အယ်လ်ဒီ

Read More
VOM News

FREE
VIEW