ဘူးသီးတောင်မှာနယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရ

ဘူးသီးတောင်၊ဇူလိုင်၂၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တောင်ပိုင်းဒေသညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းကိုယနေ့နံနက်၎နာရီကျော်ခန့်ကဝင်ရောက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။   မနက်၎နာရီအချိန်လောက်ကနေပစ်ခတ်သံတွေကိုကြားခဲ့ရပြီးအဲ့ဒီတိုက်ခိုက်မှုဟာရခိုင်လက်နက်ကိုင်တပ်ဖွဲ့AA ကဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။ “ကျွန်တော်တို့ဒီမနက်ပိုင်းပေါ့နော်၎နာရီလောက်ကနေသေနတ်ပစ်သံတွေကိုကြားရတယ်။ပစ်ခတ်တာတွေတော့တော်တော်များများကြားလိုက်ရတယ်။စခန်းကိုဝင်တိုက်တယ်လို့တော့ကြားပါတယ်။ဘယ်လိုတွေဖြစ်နေလဲတော့မသိဘူး။အဲ့ဒီဘက်ကိုမသွားရဲဘူး။”လို့ညောင်ချောင်းကျေးရွာသားတစ်ဦးကပြောပါတယ်။   အဲ့ဒီရဲကင်းစခန်းဟာအငူမော်ကျေးရွာနဲ့ဘူးသီးတောင်ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့အတွင်းဘက်ကားလမ်းမှာတည်ရှိပြီးရခိုင်လက်နက်ကိုင်AA ရဲ့တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တပ်မတော်ဘက်ကပြောပါတယ်။   “ဒီနေ့မနက်၎နာရီ၁၅လောက်မှာAA ဘက်ကအင်တား၁၀၀လောက်နဲ့စခန်းရဲ့တောင်ဘက်ကနေဝင်တိုက်တာပေါ့။သတင်းရရှိထားတဲ့အတွက်လုံခြုံရေးတွေကိုပြင်ဆင်ထားတာကြောင့်စခန်းကတော့ဘာမှမဖြစ်ဘူး။လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိတယ်။AA ဘက်ကတော့အလောင်းတွေနဲ့ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းရမိထားတယ်။”လို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။   အပြန်အလှန်တိုက်ခိုက်မှုနာရီဝက်ခန့်ဖြစ်ပွားခဲ့ကြပြီးAA ဘက်ကကျဆုံးခဲ့သူတွေရှိနေကြောင်းနဲ့အရေအတွက်ကိုတရားဝင်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ဆက်လက်ပြောကြားပါတယ်။   #voiceofmyanmar #ဘူးသီးတောင် #နယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရ#AA  

Read More

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကိုFacebook ပေါ်မှာ မမှန်မကန်လုပ်ကြံရေးသားဖြန့်ဝေထားသူတွေ အမှုဖွင့်ခံရ

  နေပြည်တော် ဇူလိုင် ၂၆-၂၀၁၉ ကိုထွန်း   အမျိုးသားလွှတ်​​တော်​ ကိုယ်စားလှယ်​ဦး​မောင်​​မောင်​​ဆွေ သူ့ကို နစ်​နာ​အောင်​​ လူမှု့ကွန်​ယက်​စာမျက်နှာမှာ ရေးသားသူ၊​ အောင်​ပိုင်​မင်း အပါအဝင် ၁၄ ဦးကို အ​ရေးယူ​ပေးဖို့ တိုင်​ကြားလာတဲ့အတွက်​ ကျည်​​တောင်​ကန် ​ရဲစခန်းကနေ ​ပ/၅၆-၅၇ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုအကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ)(၁၀)နဲ့ အမှုဖွင့်​အ​ရေးယူထား​ကြောင်းကနဦးသိရပါတယ်။   နစ်နာသူ မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၉ ) မဲဆန္ဒနယ်ရဲ့  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦး​မောင်​​မောင်​​ဆွေက   “နှစ်​မှုဖွင့်​တာ​ပေါ​နော်​ မ​နေ့ကညကဖွင့်​တာ၊ ကျွန်​​တော်​ကမဖွင့်​ချင်​ပါဘူး၊ နောင်​ကိုအလားတူလုပ်​​ဆောင်​ချက်​​တွေဖြစ်​လာမှာစိုးလို့ပါ ၊ တရားခံ​တွေကိုဖ မ်းတယ်​မဖမ်းဘူး​တော့​ လော​လောဆယ်​မသိ​သေးပါ​ဘူး” လို့ပြောပါတယ်။   ရဲတပ်ဖွဲ့ရဲ့ ကနဦး သတင်းပေးပို့ချက်မှာတော့  ၃.၇.၂၀၁၉ ရက်နေ့က ဦးအောင်ပိုင်မင်း (ဘ) စိစစ်ဆဲ၊ ၁၀/ဘလန (နိုင်)၀၇၉၅၃၅ ၊ ဗမာ/ဗုဒ္ဓ၊ နဂါးရုံဘုရားအနီး၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်နေသူဟာ  Facebook…

Read More

အလုပ်သမားအမှုတွေကို အမြန်လုပ်ဆောင်ပေးဖို့ အလုပ်သမားသမဂ္ဂက ရွှေပြည်သာတရားရုံးရှေ့မှာ ဆန္ဒဖော်ထုတ်

    ရန်ကုန် ဇူလိုင် ၂၆-၂၀၁၉ မိုးယံ (VOM)   သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာတရားရုံးရှေ့မှာ လူဦးရေ ၅၀ဝန်းကျင်က ရွှေပြည်သာမြို့နယ်တရားသူကြီးဦးသိန်းဆွေဦးကို အလုပ်သမားအမှုတွေ မြန်ဆန်စွာလုပ်ဆောင်ပေးဖို့ မနေ့ ဇူလိုင် ၂၅ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။   ဆန္ဒဖေါ်ထုတ်ပွဲမှာ ပါတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဒေါ်မျိုးမျိုးအေးက   “ မကြူကြူခိုင်ကို ဥပဒေ မဲ့အလုပ်ထုတ်မှုနဲ့ တရားရုံးမှာ တစ်နှစ်လောက် အမှုဆိုင်ရတယ် လုပ်ငန်းရှင်က လုံးဝမလာဘူး ဒါကြောင့် တစ်ဘက်သတ်အမိန့်ချပေးဖို တောင်းဆိုလို့ တရားသူကြီးက တစ်သိန်းဘဲအမိန့်ချတယ် `မကြူကြူခိုင်ရဲ့လးစာက တစ်လ နှစ်သိန်း ၁၁လဘဲအလုပ်လုပ်လို့ တစ်ဝက်ကြေး ဘဲ အမိန့်ချတယ် နစ်နာကြေး ကြားကာလကြေး မပါဘူး ဥပဒေ အရခရိုင် ဆက်တက်ရမှာဖြစ်ပင်မယ့် နောက်မှာ အလုပ်သမားအမှု နှစ်မှုရှိသေးတယ်…

Read More

ရခိုင်မှာ H1N1 အပါအဝင် ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးတွေ့သူ ၂၇ ထိရှိနေ

စစ်တွေ၊ ဇူလိုင် ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ၂၀၁၉ ခုနှစ် ရာသီတုပ်ကွေးရောဂါဖြစ်နေချိန် ရခိုင်ပြည်နယ်အတွင်းမှာ H1N1 အပါအဝင် ရာသီတုပ်ကွေးဗိုင်းရပ်စ် သုံးမျိုးကို ကူးစက်ခံထားရသူပေါင်း ၂၇ ဦးထိ ရှိနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။   ကျန်းမာရေးဌာနအနေနဲ့ ဆေးရုံတွေမှာ လာရောက်ဆေးကုသမှု ခံယူခဲ့သူတွေထဲက သံသယရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဂွ၊ တောင်ကုတ် မန်အောင်မြို့နယ်တွေမှာ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။   “ရခိုင်ပြည်နယ်အတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်တဲ့လူနာအားလုံးပေါင်း ၅၇ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ၂၇ ဦးက ပိုးတွေ့တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဒီရောဂါတွေကို စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းဖို့အတွက်ကို နေ့စဉ်ဆောင်ရွက်နေပါတယ်။”လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဒုတိယပြည်နယ်မှူး ဒေါက်တာသီဟက…

Read More

ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားလို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို အကူအညီတောင်း

ဘန်ကောက်၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံမှာ ဆိုးရွားတဲ့မိုးခေါင်းရေရှားမှု ဖြစ်ပွားနေတာကို သက်သာစေဖို့အတွက် ဆည်တွေထဲကလိုမျိုး သိုလှောင်ထားတဲ့ရေတွေ မြစ်တွေအတွင်းကို ဖောက်ပြီးလွှတ်ပေးဖို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို ထိုင်းအစိုးရက အကူအညီ တောင်းခံလိုက်ပါတယ်။   မြစ်အောက်ပိုင်းကို ရေတွေရောက်ရှိဖို့အတွက် ရေတွေပိုပြီးလွှတ်ပေးဖို့ မြန်မာအပါအ၀င် သုံးနိုင်ငံတာဝန်ရှိသူတွေကို အကူအညီတောင်းခံခဲ့ပြီး သူတို့ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။   မြစ်တွေထဲကို လွှတ်ပေးမယ့် ရေပမာဏကိုကန့်သတ်ထားပေမယ့် သုံးနိုင်ငံ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားရေအရင်းအမြစ်ဌာနတို့က သူတို့နဲ့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။   ဒီလိုမိုးခေါင်ရေရှားမှုဖြစ်နေတဲ့အတွက် လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ပရာယွတ်ကပြောဆိုပြီး စိုက်ပျိုးထားတဲ့ လယ်ယာမြေ ၄၀ ရခိုင်နှုန်းလောက်ပဲ စိုက်ပျိုးရေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။  …

Read More

ငဝန်မြစ်ရေကို သန့်စင်ပြီး သောက်သုံးရေအဖြစ် ဖြန့်ဝေဖို့ စီမံကိန်းစတင်

ပုသိမ်၊ ဇူလိုင် ၂၅ – ၂၀၁၉ ကိုအောင် (VOM)   ပုသိမ်မြို့ ငဝန်မြစ်ရေကို သန့်စင်ပီး သောက်သုံးရေအဖြစ်နဲ့ မြို့နေပြည်သူတစ်သိန်းခွဲကျော်ကို ပြန်လည်ဖြန့်ဝေမယ့်စီမံကိန်း စတင်နေပြီလို့  ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။   ဒီစီမံကိန်းဟာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA)ရဲ့ချေးငွေ  ၁၇ ဒသမ ၁၄၂ ကျပ် ဘီလီယံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပုသိမ်ကြိုးတံတားအနီးက မရမ်းချောင်း ကျေးရွာမှာ  ရေသန့်စင်စက်ရုံကို စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။   ပုသိမ်မြို့မှာ မြေအောက်ရေ သုံးစွဲနေတာကြောင့် မြေနိမ့်ကျမှုတွေမဖြစ်စေဖို့၊ မြို့နေပြည်သူတွေ သန့်ရှင်းတဲ့ရေ သောက်သုံးနိုင်စေဖို့၊ မြို့တော်အင်္ဂါရပ်နဲ့အညီနေနိုင်ဖို့ ရည်ရွယ်တယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောပါတယ်။   “လူတစ်ဦးကို တစ်နေ့ ၂၀ ဂါလံနှုန်းပေါ့။ အိမ်တိုင်ရာရောက် ပိုက်သွယ်ပြီး သန့်စင်တဲ့သောက်သုံးရေ  ဖြန့်ဝေပေးမှာပါ။ လစဉ်…

Read More

ရိုဟင်ဂျာတွေ ပြန်လက်ခံရေးအစီအစဉ် စက်တင်ဘာမှာ ပြန်စနိုင်ဖွယ်ရှိ

ဒါကာ၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ကာလရှည် အကြပ်အတည်းဖြစ်နေပေမယ့် စက်တင်ဘာလမှာ မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ် စတင်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ထိပ်တန်း တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး တူရကီအခြေစိုက် Anadolu သတင်းဌာနက ဖော်ပြပါတယ်။   ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ဇူလိုင် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။   လာမယ့် စက်တင်ဘာလကစပြီး ရိုဟင်ဂျာတွေပြန်ပို့ရေးအစီအစဉ် ပြန်စဖို့မိမိမျှော်လင့်ကြောင်း၊ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စရပ်တွေ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ဆောင်နေတယ်လို့ မိုမန်ကပြောဆိုခဲ့တယ်လို့ Financial Express သတင်းမှာ ဖော်ပြပါတယ်။   စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ရိုဟင်ဂျာပြသနာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားတွေကို မြန်မာနိုင်ငံက မျှော်လင့်ထားမှာမဟုတ်ဘူးလို့…

Read More

ဂျပန်ပင်လယ်ပြင်အတွင်းကို ဒုံးပျံနှစ်စင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၂၅-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးပျံနှစ်စင်း ပင်လယ်ပြင်အတွင်းကို  ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။   ဇူလိုင် ၂၅ ရက်အစောပိုင်းက ပစ်လွှတ်ခဲ့တဲ့ အဲဒီ ဒုံးပျံနှစ်စင်းဟာ  အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်အတွင်းကို  မကျရောက်မီ ၅၀ ကီလိုမီတာအမြင့်ကနေ မိုင်ပေါင်း ၂၇၀ အကွာအဝေးကို ဖြတ်သန်းခဲ့ပါတယ်။   လာမယ့်လမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့အပေါ် မြောက်ကိုရီးယားက အမျက်ဒေါသထွက်နေခဲ့ပြီးနောက် အခုလို ဒုံးပျံပစ်လွှတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။   အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ  နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်တဲ့အပေါ် အကျိုးသက်ရောက်စေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ ဒီနေ့ ဇူလိုင် ၂၅  ရက်မှာ ပထမဆုံးဒုံးပျံကို မနက် ၅ နာရီ ၃၄…

Read More

ပဲခူးပြည်​သူ့​ဆေးရုံမှာ H1N1 လူနာတစ်​ဦး စတင်​​တွေ့ရှိ

ပဲခူး၊ ဇူလိုင်​ ၂၅- ၂၀၁၉ မိုးယံ(VOM)   ပဲခူးပြည်​သူ့​ဆေးရုံကြီးမှာ H1N1​ ရောဂါ လူနာတစ်​ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်​မတ်​ကုသ​ပေး​နေတယ်​လို့ ဇူလိုင် ၂၄ ရက် ​နေ့လည်​ ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်​​ကွေးရောဂါ ကုသ​ရေးလုပ်​ငန်းများနဲ့ ပတ်​သက်​ပြီး ညှိနှိုင်းအစည်းအ​ဝေးကနေ သိရပါတယ်။   “လူနာက ​ကျောက်​တံခါးမြို့နယ်​ မြို့​ချောင်းအုပ်​စု ထန်းတပင်​​ကျေးရွာက အသက်​၂၆ နှစ်​ရှိ အမျိုးသားတစ်​ဦး ပါ။ လူနာကို စနစ်​တကျကု​နေတယ်​၊ ရိုးရိုးလူနာ​တွေနဲ့ မထားဘဲ သီးသန့်​အခန်းနဲ့ထားပြီး​ စောင့်​​ရှောက်​​နေတယ်။ အထူးကုဆရာဝန်​ကြီး​တွေ၊ သူနာပြု​တွေ အဖွဲ့လိုက်​ ကုသ​နေပြီး​တော့ ​လက်​ရှိက​တော့ စိုးရိမ်​​နေရပါတယ်​။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်​နိုင်​​မောင်​က ​ပြောပါတယ်​။   H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…

Read More
VOM News

FREE
VIEW