မိုင်းလားမှာ ဝက်သေဆုံးမှုများနေလို့ ဝက်သားထုတ်ကုန် ရောင်းချမှုတွေကို ပိတ်ထား

မိုင်းလား၊ သြဂုတ် ၇ – ၂၀၁၉

VOM

 

ဝက်သေဆုံးမှုများပြားလို့ အထူးဒေသ ၄ မိုင်းလားမှာ ၀က်သားနဲ့ဝက်ပေါင်ခြောက်၊ ၀က်အူချောင်းစတဲ့ ၀က်သားထုတ်ကုန် ရောင်းချမှုကို သြဂုတ် ၅ ရက်နေ့ကစလို့ ပိတ်ပင်ထားလိုက်ပြီ ဖြစ်ပါတယ်။

 

ဒီတစ်ကြိမ် ၀က်တွေသေဆုံးမှုဟာ ပုံမှန်နှစ်တွေနဲ့မတူ၊ သမားရိုးကျ မဟုတ်တဲ့အတွက် အထူးကြပ်မတ် စစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့ မိုင်းလား အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရှမ်းအရှေ့ဒေသအတွင်း လတ်တလောမှာ ၀က်တွေ သေဆုံးမှုများလာနေတယ်လို့ ဒေသခံအချို့က ပြောဆိုပြီး ခန့်မှန်းခြေအရ ၀က်ကောင်ရေ အနည်းဆုံး ၈၀၀ ကနေ ၁ ထောင်လောက် သေဆုံးခဲ့ဖွယ် ရှိနေတယ်လို့ ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

 

NDAA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လာအိုနိုင်ငံမှာဖြစ်နေတဲ့ အာဖရိက၀က်တုပ်ကွေးလို့ ဖော်ပြထားပါတယ်။ အထူးဒေသ ၄ မိုင်းလား၊ ကျိုင်းတုံ၊ တာချီလိတ်တို့နဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ လာအိုမှာ အာဖရိက ၀က်အပြင်းဖျား ရောဂါတွေဖြစ်နေလို့ ထိုင်းမှာတော့ လာအိုက ထွက်တဲ့ ၀က်သားတင်သွင်းခွင့်ကို ဇွန်လကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။

 

မနေ့သြဂုတ် ၆ ရက်ကတော့ တာချီလိတ်ချောင်းထဲ ၀က်သေတွေ မျောလာတဲ့ ဓာတ်ပုံကို တာချီလိတ် သတင်းအေဂျင်စီက တင်ထားတာတွေ့ရပါတယ်။

 

#voiceofmyanmar #ဝက်သေဆုံးမှုများ #မိုင်းလား #ရှမ်း

Related posts

Leave a Comment

VOM News

FREE
VIEW