ကဘူး၊ သြဂုတ်-၈-၂၀၁၉
မျိုးဆက် (VOM)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ ရဲစခန်းတစ်ခုရဲ့ အပြင်ဘက်မှာ ကြီးမားတဲ့ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ၁၄ ဦးထက်မနည်းသေဆုံးသွားပြီး ၁၅၀ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အနက်ရောင်းမီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့ပြီး အနီးအနားရှိ အဆောက်အဦတွေလည်း ပျက်စီးသွားပါတယ်။ ဒဏ်ရာရသူအများစုကတော့ အရပ်သားအများစုဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တာလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ ၁၈ နှစ်နီးပါး ကြာမြင့်ပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲအဆုံးသတ်ရေးရည်ရွယ်တဲ့ အမေရိကန်နဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့ကြားမှာ ဒီလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
တိုက်ခိုက်မှုမှာ ကားဗုံးကိုအသုံးပြုခဲ့တာဖြစ်တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် သမာရိုးကျ ကားဗုံးထက်ပိုမိုကြီးမားတဲ့ ထရပ်ကားတစ်စင်းနဲ့ သယ်ဆောင်လာတဲ့ ဗုံးကိုဖောက်ခွဲခဲ့တာလို့ တာလီဘန်တွေက အခိုင်အမာဆိုပါတယ်။
ဒီဗုံးခွဲတိုက်ခိုက်မှုဟာ စစ်သားစုဆောင်ရေးဌာနတစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ တာလီဘန်အဖွဲ့က အခိုင်အမာပြောဆိုထားပါတယ်။
Ref : BBC
Photo : Reuters
#voiceofmyanmar #အာဖဂန် #တာလီဘန် #ဗုံးခွဲတိုက်ခိုက်