မြေပြိုမှုဖြစ်ခဲ့တဲ့ ပေါင်မြို့နယ်က ကယ်​ဆယ်​​ရေးလုပ်​​နေတဲ့​နေရာ​တွေကို အများပြည်​သူမလာဖို့်​​ဆော်​​သြ

ပေါင်​ သြဂုတ်​ ၁၁-၂၀၁၉

မိုးယံ

 

မွန်​ပြည်​နယ်​ ​ပေါင်​မြိ့နယ်​ သဲဖြုကုန်း​ကျေးရွာ သံဖြူရပ်​ကွက်​ ​မြေပြိုမှုဖြစ်​ပွားလို့ ရှာ​ဖွေကယ်​ဆယ်​ ပြုလုပ်​​နေတဲ့​နေရာ​တွေဟာ အန္တရယ်များတဲ့အတွက် အများပြည်​သူမလာကြဖို့ ​သက်ဆိုင်ရာက ဆော်​သြထားပါတယ်​။

 

“ ​လော​လောဆယ်​ လုပ်​ငန်း​လုပ်​​နေတဲ့​နေရာကိုဆော်​သြထားတယ်​​ပေါ့ ပြည်​သူ​တွေလာပြီး​တော့ကြည့် တာတို့ဘာတို့မရှိ​အောင်​ကား​တွေကိုလည်း မြို့​ရှောင်​လမ်းက​နေ လမ်းလွှဲလုပ်​​ပေးထားတယ်​၊ လုပ်​ငန်းလုပ်​​နေတဲ့အချိန်​မှာ ယန္တယား​တွေနဲ့လုပ်​​နေတဲ့အတွက်​ ထိခိုက်​မှာလည်းစိုးတယ် ​ပြီး​တော့ဒီ​တောင်​ကပဲ့ကျ​နေတုန်းဘဲ မိုးကလည်းဆက်​တိုက်​ရွာ​နေတာဆို​တော့ ​ကျောက်​တုံးကြီး​တွေ ပိကျမှာစိုးလို့ လမ်းက​နေမဖြတ်​ခိုင်​ဘူး ဒီလမ်းကလည်းလမ်းဆုံဖြစ်​​နေ​တော့ အများပြည်​သူမသွားမဖြစ်​သွားကြ​တော့ ဒါ​တွေဖြတ်​မသွား​အောင်​ထိန်းချုပ်​​ပေးရတာ​ပေါ့လို့ “  ​ပေါင်​မြို့နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​မိကွန်​ချမ်းက​ပြောပါတယ်​။

 

`ပိတ်​မိ​နေတာ​တွေကို ဆက်​ပြီးရှာ​ဖွေကယ်​ဆယ်​ ​နေကြပါတယ်​ အ​ဆောက်​အဦး အလိုက်​ ထရပ်​ကား​တွေ​ရော အ​ပေါ်က​ကျောက်​တုံးကြီး​တွေဖုံးထားသလိုဖြစ်​​နေ​တော့ စက်​ယန္တယား​တွေနဲ့ကယ်​ထုတ်​​နေရတယ်​ ​အောက်​မှာအသက်​ရှင်​ကျန်​​သေးလား ဘယ်​လိုအ​ခြေအ​နေ ရှိ​နေလဲ ဆိုတာ ရန်​ကုန်​ကကယ်​ဆယ်​​ရေးအဖွဲ့​တွေ ကိရိယာ​တွေနဲ့စမ်းသပ်​ပြီး ကယ်​ထုတ်​​နေပါတယ်​လို့´လည်း ​ပြောပါတယ်​။

 

ပိတ်​မိ​နေတာ​တွေကို ဒီ​နေ့နံက်​ ၆နာရီမှာစတင်ပီး ရှာ​ဖွေကယ်​ဆယ်​ ဆက်​ပြီးလုပ်​​နေကြ​ပါတယ်။ အခု မနက်​ ​သေဆုံးသူ၁၃​ယောက်​​တွေ့ထားပါပြီ လက်​ရှိအချိန်​ထိ အားလုံး​​သေဆုံးသူ ၅၀ ​တွေ့ထားပြီ​လို့ မိုး​စေတနာ ပရဟိတအသင်းက​ပြောပါတယ်​။

 

ကယ်​ဆယ်​​ရေးစခန်းမှာကျန်​ခဲ့တဲ့မိသားစု​တွေ ဆေးရုံမှာ​ဆေးကု​နေတဲ့ ကျန်​ခဲ့တဲ့မိသားစု​တွေကို ​စောင့်​​ရှောက်​​တဲ့​နေရာ​မှာပို့ထားပြီး လိုအပ်​မှုမရှိ​အောင်​ စောင့်​​ရှောက်​ထား​ကြောင်း ပရဟိတအသင်းက​သိရပါတယ်​။

 

#voiceofmyanmar  #ပေါင် #မွန်ပြည်နယ် #မြေပြိုမှု

 

ဓါတ်ပုံ    ZarNi

Related posts

Leave a Comment

VOM News

FREE
VIEW