ဘင်္ဂလားဒေ့ရှ်မှာ လောင်တဲ့မီး အိမ်ခြေ တစ်သောင်းခွဲမီးသင့်

ဒါကာ၊ သြဂုတ်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဆင်းရဲသားရပ်ကွက်ကတစ်ဆင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူငါးသောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။မီးလောင်ကျွမ်းမှုဟာ သြဂုတ် ၁၇ ရက်နှောင်းပိုင်းက ချာလန်တီခါ ဆင်းရဲသားရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် တစ်သောင်းခွဲ ပျက်ဆီးသွားပါတယ်။

 

နေအိမ်အများစုဟာ မီးလောင်ကျွမ်းလွယ် ကူးစက်လွယ်တဲ့ ပလတ်စတစ်တွေကို အိမ်အမိုးအဖြစ် အသုံးပြုထားကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူမရှိပေမယ့် လူအချို့တော့ ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီရပ်ကွက်မှာ နေထိုင်သူအများစုကတော့ ၀င်ငွေနည်းမိသားစုတွေဖြစ်ပြီး မွတ်စလင်အိဒ်ပွဲတော်ပြီးနောက် အတော်များများက နေအိမ်ကနေ အဝေးကိုသွားရောက်နေကြတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ခြောက်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။

 

အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်းတွေ ထောက်ပံ့ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဒါကာရှိ ရှေးဟောင်း သမိုင်းဝင်နေရာတစ်ခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၈၀ ဦးသေဆုံးခဲ့ပါတယ်။

 

Ref : CGTN

Photo: Reuters

 

#voiceofmyanmar #ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW