မအူပင်တောင်စမ်းတွင်းမှာ တစ်ရက် ကုဗပေ သုံးသန်းထွက်မယ့် ဓာတ်ငွေ့တွင်းတွေ့

မအူပင်၊ သြဂုတ် ၂၂ – ၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း ညောင်တုန်း-မအူပင် ရေနံနဲ့သဘာဝဓာတ်ငွေ့နယ်မြေ မအူပင်တောင်စမ်းတွင်းဒေသမှာ တစ်ရက်ကို ဓာတ်ငွေ့ကုဗပေ သုံးသန်းထွက်ရှိမယ့် ဓာတ်ငွေ့တွင်းတစ်ခု တူးဖော်တွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကနေ သိရပါတယ်။

 

အစမ်းတွင်းအမှတ် ၂၃ ဟာ ထူးခြားနေတာကြောင့် တူးဖော်ကြည့်ရာ ပေ ၉၅၀၀ အရောက်မှာ အခုလို သဘာဝဓါတ်ငွေ့ ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

 

“၁၈ ရက်နေ့ကစတွေ့တာ၊ ဒါပေမယ့် သေချာအောင် အဆင့်ဆင့်စစ်ဆေးနေတာကြောင့် ဒီနေ့မှ ပြည်ထောင်စုက အတည်ပြုပေးလိုက်တာ။ ဂက်စ်ကားတွေမှာ သုံးနေတဲ့ စီအင်န်ဂျီဂက်စ်မျိုးပါ။ အဲ့ဒေသတွေမှာက သဘာဝဓါတ်ငွေ့က အမြဲတမ်းတွေ့ရှိတဲ့နေရာတွေပါ။”လို့ မနေ့ သြဂုတ် ၂၁ ရက်မှာ ဦးဝင်းဌေးက ပြောတာပါ။

 

အခု သဘာဝဓါတ်ငွေ့ထွက်ရှိမှုကို ပြည်ထောင်စုအဆင့် လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ် ထုတ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ညောင်တုန်းရေနံမြေကနေ သဘာဝဓာတ်ငွေ့ ကုဗပေ ငါးသန်း၊ ရေနံစိမ်း ၈၅ စည်၊ မအူပင်ရေနံမြေက  သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ ကျော်နဲ့ ရေနံစိမ်း ၂၂၀ စည် နေ့စဉ် ရရှိနေတယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #ညောင်တုန်း #မအူပင် #

Related posts

Leave a Comment

VOM News

FREE
VIEW