တွစ်တာစီအီးအို ဂျက်ဒေါ်ဆင်ရဲ့ အကောင့်ကို ဟတ်ကာတွေဖောက်ထွင်းရယူ

နယူးယောက်၊ သြဂုတ်-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျက်ဒေါ်ဆေရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်ကို ဟတ်ကာများက ဖောက်ထွင်းရယူသွားပါတယ်။

 

Chuckling Squad အဖွဲ့လို့ သူတို့ကိုယ်သူတို့ရည်ညွှန်းပြောဆိုထားတဲ့ ဟတ်ကာအဖွဲ့ဟာ ဖော်လိုဝါ လေးသန်းကျော်ရှိတဲ့ ဂျက်ဒေါ်ဆေရဲ့ တွစ်တာအကောင့်ကို ရယူသွားခဲ့တာလို့ ဆိုပါတယ်။

 

တွစ်တာရဲ့ ကိုယ်ပိုင်စနစ်တွေမှာ ချို့ယွင်းချက်မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပြီး အမည်မဖော်လိုတဲ့ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ အားနည်းချက်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

 

ဂျက်ဒေါ်ဆေရဲ့ တွစ်တာအကောင့်မှာ ဖုန်းနံပါတ်ပါပူးတွဲပါရှိပြီး အဲဒီဖုန်းကိုဝန်ဆောင်မှုပေးတဲ့ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီရဲ့  လုံခြုံရေးအားနည်းချက်ကြောင့် အကောင့် အဟတ်ခံရတာလို့ တွစ်တာက ထုတ်ပြန်ထားပါတယ်။

 

ဒီလိုအကောင့်ကို ထိန်းချုပ်ဖို့အတွက် Simswapping ဆိုတဲ့ နည်းပညာကို ဟတ်ကာတွေက အသုံးပြုခဲ့ကြတယ်လို့ ကုမ္ပဏီက သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီပြသနာကို ဖြေရှင်းပြီးဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar #တွစ်တာ #ဂျက်ဒေါ်ဆင် #

Related posts

Leave a Comment

VOM News

FREE
VIEW