ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

ကော့ဘဇား၊ စက်တင်ဘာ-၃-၂၀၁၉

မျိုးဆက် (VOM)

 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေဖြတ်တောက်ဖို့ စက်တင်ဘာ ၂ ရက်မှာ အမိန့်ထုတ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

ဒုက္ခသည်စခန်းတွေမှာ မကြာသေးမီသတင်းပတ်တွေက အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် ဒီတားမြစ်ချက်ထွက်လာတာဖြစ်ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး နောက်ထပ်အားထုတ်မှုတစ်ခုကို သြဂုတ်လနှောင်းပိုင်းမှာပြုလုပ်ခဲ့ပေမယ့် ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကမှ ပြန်လိုခြင်းမရှိဘဲ အစီအစဉ်ပျက်ပြားသွားပြီးနောက်မှာ ဒီလိုမိုဘိုင်းဖုန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခဲ့တာပါ။

 

 

စခန်းတွေမှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်မှုလုပ်ဆောင်ပြီးသွားပြီဆိုတာကို ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ခုနှစ်ရက်အတွင်း အစီရင်ခံရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးစည်းမျဉ်းကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဇာကီယာဟူစိန်ခန်းကပြောပါတယ်။

 

 

ဒုက္ခသည်စခန်းထဲက ဒုက္ခသည်အများစုက မိုဘိုင်းဖုန်းတွေအသုံးပြုနေကြတာကြောင့် ဒါကိုရပ်တန့်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်တွန်းခဲ့တာဖြစ်ကြောင်းနဲ့ လုံခြုံရေးအရ ဒီလိုဆုံးဖြတ်လိုက်တာလို့ သူကပြောပါတယ်။

 

 

ဒီအမိန့်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအံအားသင့်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောဆိုပြီး ဒါဟာ ရိုဟင်ဂျာတွေရဲ့ လူမှုဘ၀နေထိုင်မှုအတွက် အကြီးအကျယ်ထိခိုက်စေပြီး ကော့ဘဇားမှာ ပြန့်ကျဲနေတဲ့ ဒုက္ခသည်စခန်းတွေအကြား ဆက်သွယ်ရေးတွေ ကမောက်ကမဖြစ်စေတယ်လို့ ဆိုပါတယ်။

 

 

Ref : Asia Times

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW