မီတာခနှုန်းထားတွေတိုးကောက်တဲ့ ဇူလိုင်လမှာပဲ ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ကဏ္ဍဝင်ငွေဟာ မြန်မာကျပ်ငွေ  ၃၆ ဘီလျံပိုရ

ရန်ကုန် စက်တင်ဘာ ၉-၂၀၁၉

သိဂီ င်္(VOM)

 

 

မီတာခနှုန်းထားတွေ စတင်တိုးမြှင့်ကောက်ခံလိုက်တဲ့ ပထမလဖြစ်တဲ့ ဇူလိုင်လ မှာပဲ ရန်ကုန်တိုင်းရဲ့ လျှပ်စစ်ကဏ္ဍဝင်ငွေဟာ မြန်မာကျပ်ငွေ ၉၁ ဘီလျံထိရရှိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၉ ရက်  ရန်ကုန်လျပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

 

ပြီးခဲ့တဲ့ မီတာခတွေ ပြောင်းလဲမကောက်ခံမှီ ဇွန်လ ရဲ့ လျှပ်စစ်ကဏ္ဍကရရှိငွေနဲ့နှိုင်းယှဉ်ရင် ၃၆ ဘီလျံပိုတိုးပြီး ရရှိခဲ့တာဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာ(ဘဏ္ဍာရေး) ဒေါ်စိုးစိုးနွယ် ကပြောပါတယ်။

 

 

” အိမ်သုံးမဟုတ်တဲ့ အမျိုးကစားက လျှပ်စစ်သုံးစွဲမှုပိုများတယ်။ သုံးစွဲကြတဲ့ ယူနစ်တွေရဲ့ ရာခိုင်နှုန်းဆိုရင် အခြေခံလူတန်းစားများသုံးစွဲမှု ယူနစ် ၁ ယူနစ်ကနေ ၇၅ ယူနစ်ထိ သုံးစွဲမှု ၂၅ ရာခိုင်နှုန်းရှိတယ်။ လူလတ်တန်းစားတွေအနေနဲ့ ယူနစ် ၇၅ မှ ၂၀၀ ယူနစ်ထိ သုံးစွဲမှု ၃၈ ရာခိုင်နှုန်းရှိတယ်။  ၂၀၀ အထက်သုံးစွဲသူ ၃၆ ရာခိုင်နှုန်းရှိတယ် သူတို့ကတော့ သုံးစွဲတဲ့နှုန်းအပေါ်မူတည်ပြီးပေးရမှာဖြစ်ပါတယ်”လို့ ဒေါ်စိုးစိုးနွယ်ကပြောပါတယ်။

 

လျပ်စစ်မီတာခတွေလတိုးမြှင့်မကောက်ခံမီ ပြီးခဲ့တဲ့  ၆ လပိုင်းရဲ့ လျပ်စစ်ကဏ္ဍရရှိငွေက  ၅၅ ဘီလျံသာရှိခဲ့ပါတယ်။ အိမ်သုံးအမျိုးအစားက ၁၅ ရာခိုင်နှုန်းရှိပြီး အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံးအမျိုးအစားက ၃၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

လက်ရှိပြောင်းလဲကောက်ခံလိုက်တဲ့  လျပ်စစ်ဓာတ်အားခ နှုန်းထားတွေကို အိမ်သုံးအမျိုးအစား နဲ့ အိမ်သုံးမဟုတ်တဲ့ အမျိုးအစားဆ်ုပြီး  ခွဲခြားထားပါတယ်။

 

အိမ်သုံးမဟုတ်တဲ့လုပ်ငန်းသုံး အမျိုးအစားတွေကို  ၁ ယူနစ်ကနေ  ၅၀၀ အထိကို ၁၂၅ ကျပ် ၅၀၁ ယူနစ်ကနေ ၅၀၀၀ အထိကို ၁၃၅ ကျပ် ၅၀၀၁ ယူနစ်ကနေ ၁၀၀၀၀ ယူနစ်အထိကို ၁၄၅ ကျပ် ၁၀၀၀၁ ယူနစ်ကနေ ၂၀၀၀၀ အထိကို ၁၅၅ ကျပ် ၂၀၀၀၁ ယူနစ်ကနေ ၅၀၀၀၀ အထိကို ၁၆၅ ကျပ် ၅၀၀၀၁ ယူနစ်ကနေ ၁၀၀၀၀၀ အထိကို ၁၇၅ ကျပ်နဲ့  ၁၀၀၀၀၁ ယူနစ်နှင့်အထက် ကို ၁၈၀ ကျပ်သတ်မှတ်ကောက်ခံနေပါတယ်။

 

အိမ်သုံးအမျိုးအစားကိုတော့ ၁ ယူနစ်ကနှေ ၃၀ အထိကို ၃၅ ကျပ် ၃၁ ယူနစ်ကနေ ၅၀ အထိကို ၅၀ ကျပ် ၅၁ ယူနစ်ကနေ ၇၅ အထိကို ၇၀ ကျပ် ၇၆ ယူနစ်ကနေ ၁၀၀ အထိကို ၉၀ ကျပ် ၁၀၁ ယူနစ်ကနေ ၁၅၀ အထိကို ၁၁၀ ကျပ် ၁၅၁ ယူနစ်ကနေ  ၂၀၀ အထိကို ၁၂၀ ကျပ် နဲ့ ၂၀၁ ယူနစ်နှင့် အထက်ကို ၁၂၅ ကျပ်ကောက်ခံနေတာပဲဖြစ်ပါတယ်။

 

“ရေခဲသေတ္တာလည်း သုံးတယ် အချိန်ပြည့်တော့မဟုတ်ဘူး။ မီးကတော့ ညဘက်သုံးတယ်။ အဝတ်လျှော်စက်သုံးတယ်။ ခုလတော့ ၅၀၀၀ လောက်ပိုတက်သွားတယ်။ ” လို့ ရန်ကုန် ကမာရွတ်မြို့နယ်မှ ဒေါ်အေးအေးကပြောပါတယ်။

 

မက်ဂါဝပ် ၁၅၀ ရှိ တဲ့ ရေခဲသေတ္တာအသုံးပြုမှုက ၆ နာရီသုံးမှ တစ်ယူနစ်သာတက်ပြီး အဲကွန်းက တစ်နာရီအသုံးပြုရင် တစ်ယူနစ်တက်ပြိး အဝတ်လျှော်စက်က  ၁ နာရီ မိနစ်၂၀ အသုံးပြုမှ တစ်ယူနစ်သာတက်တာဖြစ်တယ်လို့သိရပါတယ်။

 

လျပ်စစ်မီတာခနှုန်းထားတွေကို ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီး ပြောင်းလဲကောက်ခံခဲ့တာပါ။ ဒီလို ပြောင်းလဲကောက်ခံခဲ့တာနဲ့ပတ်သက်လို့ ရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်ပွဲတချို့လည်း ရန်ကုန်တိုင်းအတွင်းမှာ ရှိခဲ့ပါတယ်။

#voiceofmyanmar #လျှပ်စစ်မီတာခ   #ရန်ကုန်တိုင်း

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW