မန္တ​လေးမှာ မြန်​မာကျပ်​​ငွေ ​​ကျောက်​မျက်​ပြပွဲ ကျင်းပမယ်

မန္တ​လေး စက်​တင်​ဘာလ ၉ -၂၀၁၉

ဖြူဖြူ(VOM)

 

မန္တ​လေးမြို့မှာ ပထမဆုံးအကြိမ်​ မြန်​မာကျပ်​​ငွေနဲ့ပြသမယ့်​ ​ကျောက်​မျက်​ရတနာပြပွဲကို မန္တ​လေးမြို့မှာ ကျင်းပသွားမယ်​လို့ မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း (မန္တ​လေး) က သိရပါတယ်​။

 

” ​ကျောက်​စိမ်း၊ ​ကျောက်​မျက်​ လုပ်​ကိုင်​စား​သောက်​သူ တပြည်​လုံးရဲ့ ကိုးဆယ်​ငါးရာခိုင်​နှုန်းဟာ မန္တ​လေးမှာ အ​ခြေစိုက်​တာ။ နိုင်​ငံခြားက လာ​ရောက်​ ​ရောင်းဝယ်​​နေတဲ့သူ​တွေကလည်း ဒီမှာအ​ခြေစိုက်​ကြတယ်​။ ပြီး​တော့ မန္တ​လေးဟာ လုပ်​ငန်း​ပေါင်းစုံ ရှိသလို အချက်​အခြာကျတဲ့ မြို့လည်းဖြစ်​​တော့ ကျင်းပသွားမှာပါ။ “လို့  မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း (မန္တ​လေး) ဥက္ကဋ္ဌ ဦးသန်းဝင်းက ​ပြောပါတယ်​။

 

ကျောက်​မျက်​ရတနာ ပြပွဲ​တွေကို ယူရို​ငွေပြပွဲပဲဖြစ်​ဖြစ်​၊ မြန်​မာကျပ်​​ငွေပြပွဲပဲဖြစ်​ဖြစ်​ အရင်​က ​နေပြည်​​တော်​မှာသာ ကျင်းပ​နေခဲ့တာဖြစ်​​ပေမယ့်​ အခု​နောက်​ပိုင်းမှာ​တော့ စစ်​ကိုင်း၊ မြစ်​ကြီးနားနဲ့ အချို့မြို့​တွေမှာ ကျင်းပလာသလို မန္တ​လေးမှာလည်း ကျင်းပ​တော့မှာ ဖြစ်​ပါတယ်​။

 

“​ကျောက်​တူး​ဖော်​​ရေးဘက်​က​သော်​လည်း​ကောင်း၊ ​ကျောက်​ကုန်​သည်​ကြီး​တွေအတွက်​ ​သော်​လည်း​ကောင်း အခုလို ​ကျောက်​ပြပွဲ​တွေ မကြာခဏ လုပ်​​ပေးရင်​ သူတို့မှာ​အောင်းထားတဲ့ ​ကျောက်​​တွေ​ငွေ​ပေါ်လာ​တော့ ​ကောင်းတာ​ပေါ့ဗျ။ “လို့ ​ကျောက်​မျက်​လုပ်​ငန်းရှင်​ ဦး​ကျော်​​ကျော်​ဦးက ​ပြောပါတယ်​။

 

အဲ့ဒီ ပြပွဲကို ချမ်းမြသာစည်​မြို့နယ်​ သိပ္ပံလမ်း​ပေါ်က မန္တ​လေး ကွန်​ဗင်းရှင်းစင်​တာမှာ ​အောက်​တိုဘာ ၂၀ ရက်​ က​နေ ၂၆ ရက်​အထိ ကျင်းပသွားမယ်​လို့ သိရပါတယ်​။ ပြပွဲကို မန္တ​လေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့က ဦးစီးပြီး မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း(မန္တ​လေး) တို့  ပူး​ပေါင်း ကျင်းပမှာ ဖြစ်​ပါတယ်​။

 

မြန်​မာကျပ်​​ငွေပြပွဲဖြစ်​တဲ့အတွက်​ နိုင်​ငံခြားသားဧည့်​သည်​​တွေအ​နေနဲ့ လာ​ရောက်​​လေ့လာခွင့်​ရှိ​ပေမယ့်​ အ​ရောင်းအ၀ယ်​လုပ်​ခွင့်​​တော့ မပြုဘူးလို့ သိရပါတယ်​။

 

ပြပွဲ​လျှောက်​လွှာ​တွေ၊ deposit (အာမခံ​ငွေ)ကိစ္စနဲ့ အ​သေးစိတ်​ကို ဒီ​နေ့ စက်​တင်​ဘာ ၉ ရက်​မှာ ပြုလုပ်​တဲ့ အစည်းအ​ဝေးအပြီးမှာ အ​သေးစိတ်​ပြန်​လည်​ထုတ်​ပြန်​​ပေးသွားမယ်​လို့ မြန်​မာနိုင်​ငံ ​ကျောက်​မျက်​လုပ်​ငန်းရှင်​အသင်း (မန္တ​လေး) က သိရပါတယ်​။

 

အခုလို ​ကျောက်​မျက်​ပြပွဲ​တွေကို အမြဲတမ်းကျင်းပနိုင်​ဖို့ ​မြေ​နေရာရရှိ​ရေးအတွက်​ကိုလည်း တိုင်းအစိုးရအဖွဲ့ထံ တင်​ပြသွားမယ်​လို့ ဦးသန်းဝင်းက ​ပြောပါတယ်​။

 

 

 

 

#voiceofmyanmar #မန္တ​လေး #​ကျောက်​မျက်​ပြပွဲ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW