KIA ထိန်းချုပ်နယ်မြေကလွဲလို့ မြစ်ကြီးနားခရိုင်အတွင်း အခြေခံမဲစာရင်းကောက်ယူပြီးစီး

မြစ်ကြီးနား၊ စက်တင်ဘာ ၁၄-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကောက်ယူမှု ဩဂုတ်လကစ ပြုလုပ်ခဲ့ရာ KIA ထိန်းချုပ်နယ်မြေတွေကလွဲလို့ အားလုံးစာရင်းကောက်ပြီးနေပြီလို့ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောသည်။

 

လူဦးရေစာရင်း အားလုံးကောက်ထားတဲ့အထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို ကွန်ပျူတာစာရင်းသွင်းနေတာတွေကလည်း စက်တင်ဘာအကုန်တွင် ပြီးမည်သိရသည်။

 

မြစ်ကြီးနားခရိုင်အတွင်းမြို့နယ် ၆ ခုရှိရာမှာ  KIA ထိန်းချုပ်နယ်မြေတွေကိုသာ ကောက်ယူဖို့ ကျန်ရှိတယ်လို့ ပြောပါတယ်။

 

ကချင်ပြည်နယ် တစ်ခုလုံးအတွက် မဲစာရင်းကောက်ယူမရတဲ့ နေရာတွေကို အားလုံးတိတိကျကျ မပြောနိုင်ပေမယ့် အတက်နိုင်ဆုံး တိကျပြည့်စုံအောင် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။

 

လက်ရှိမြစ်ကြီးနားခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ၄၄၄၅၉၄ ဦး ရှိပြီး အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ ၁၄၅၆၀၀ ဦးကို ကွန်ပျူတာစာရင်းမှာ သွင်းပြီးသွားပါပြီ၊ ချီဖွေ ၊ ဆော့လော် ၊ အင်ဂျန်းယန်တို့ကတော့ ပြီးလုနီးပါး ဖြစ်နေပြီး လူဦးရေအနည်းအကျဉ်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။ တနိုင်း ၊ ဝိုင်းမော်မြို့နယ်တွေကတော့ ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပြီး နောက်တစ်ပါတ်လောက်အကြာမှာ ပြီးစီးမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ကချင်ပြည်နယ် #မြစ်ကြီးနား #မဲပေးခွင့်ရှိသူစာရင်း

Related posts

VOM News

FREE
VIEW