မလေးရှားသွားမယ့် ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၆ ဦးဖမ်းဆီးခံရ

ကော့ဘဇား၊ စက်တင်ဘာ-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသ တက်ခ်နက်ကနေ ရေလမ်းကြောင်းအတိုင်း မလေးရှားနိုင်ငံကို သွားရောက်ဖို့ကြိုးစားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ရိုဟင်ဂျာ ၁၆ ဥိီးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအချို့ဟာ မလေးရှားနိုင်ငံကို ရေလမ်းကတစ်ဆင့်သွား ရောက်ဖို့ပြင်ဆင်နေ တယ်ဆိုတဲ့ သတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့ အဖွဲ့တစ်ဖွဲ့ဟာ ရိုဟင်ဂျာတွေကို ဟာဘာချာရာကမ်းခြေမှာ စက်တင်ဘာ ၁၆ ရက်ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ နှစ်နှစ်ကြာနေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသမီး ဆယ်ဦးနဲ့ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကနဦးစစ်ဆေးမှုများအရ ရိုဟင်ဂျာတွေဟာ ပွဲစားတစ်ဦးရဲ့အကူအညီနဲ့ မလေးရှားကိုသွားဖို့ ပြင်ဆင်နေတာလို့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆိုဟီရာနာက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို ဒုက္ခသည်စခန်းကို ပြန်ပို့လိုက်ပြီဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေး ပြီးခဲ့တဲ့လက ဒုတိယအကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေဆီကို လူပွဲစားတွေအကူအညီနဲ့ သွားရောက်ဖို့ အားထုတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

 

Ref & Photo :Daily Star

 

#voiceofmyanmar #ဘင်္ဂလားဒေရှ် #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW