ငရုတ်ကောင်းမြို့မှာ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီ ၃၀ ဖမ်းမိ

ပုသိမ်၊စက်တင်ဘာ ၂၇-၂၀၁၉

ကိုအောင်(VOM)

 

 

ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မှာ စက်တင်ဘာ၂၆ရက်ည ၉နာရီခန့်က ခိုးဝင်လာတဲ့ဘင်္ဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ကနေသိရပါတယ်။

 

ဘင်္ဂဂါလီတွေကို သယ်ဆောင်လာတယ်ဆိုတဲ့သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ငရုတ်ကောင်းမြို့ ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၁အနီးမှာ ကား/ဆိုင်ကယ်များကိုရပ်တန့်စစ်ဆေးမူများ ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်နေတုန်း ငပုတောဘက်ကနေ ရန်ကုန်ဘက်ကိုသွားမယ့်   YGN-7D/6809 ပါဂျယ်ရိုးကားဟာ စစ်ဆေးတဲ့နေရာအနီးမရောက်ခင်မှာပဲ ရပ်တန့်ပြီး ကားမောင်းသူဟာ ကားကိုထားခဲ့ပြီး တောတွင်းဝင်ရောက်ထွက်ပြေးသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ ကားကို စစ်ဆေးတာမှာ ကားတွင်းမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

 

“ဘင်္ဂဂါလီ လူမျိုး ကျား၉ယောက်၊ မ၁၀ယောက်၊ ကျားကလေး၁ယောက်၊ အကုန်၃၀ပေါ့ ယဉ်မောင်းကတော့ခုထိ ထွက်ပြေးလွတ်မြောက်နေတုန်းပါ”လို့ သူက ပြောပါတယ်

 

ဖမ်းမိသူတွေဟာ ပင်လယ်ကနေစက်လှေနဲ့ ငရုပ်ကောင်းမြို့နားက ကမ်းခြေကို ရောက်လာခဲ့ပြီး တောထဲမှာစောင့်ဆိုင်းပြီးမှ လာခေါ်တဲ့ကားနဲ့ လိုက်လာကြတာလို့လည်း သိရပါတယ်။

 

ဖမ်းဆီးရမိတဲ့ ဘင်္ဂဂါလီ ၃၀ကို ငရုတ်ကောင်းမြို့မစခန်းမှာ ထိန်းသိမ်းစစ်ဆေး နေပြီးထွက်ပြေး လွှတ်မြောက်နေတဲ့ယဉ်မောင်းဆိုသူကိုဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

ဧရာဝတီတိုင်းမှာရှိတဲ့ပုသိမ်မြို့နယ်/သာပေါင်းမြို့နယ် /ငပုတောမြို့နယ်တွေက ကမ်းခြေဒေသတွေဟာ ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်နေတာကြောင့် ခိုးဝင်ဘင်္ဂဂါလီ တွေဝင်ရောက်မူဖြစ်စဉ်တွေ ဖြစ်ပွားမူတွေရှိနေပီး ခိုးဝင်လာတဲ့လူတွေကို ရန်ကုန်မြို့အရောက်ပို့ဆောင်ပေးနေတဲ့ ပွဲစားတချို့ကိုလည်းဖမ်းဆီးမိတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

 

#voiceofmyanmar #ဧရာဝတီတိုင်း #ငပုတောမြို့ #ငရုပ်ကောင်း #ဘင်္ဂလီ

 

Related posts

Leave a Comment

VOM News

FREE
VIEW