နယူးယောက်၊ စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM) ပိုနက်ရှိုင်းလာတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုနဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးပွဲကို ယခုလအတွင်း နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်မှာပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ပါလီမန်ကြီးကြပ်ရေးကော်မတီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာလို့ ကော်မတီအကြီးအကဲ မိုဟာမက် ဖာရွတ်ခန်းက အတည်ပြုပြောဆိုပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အဓိကဆွေးနွေးသွားမှာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်းမှာ ဆွေးနွေးကြမှာလို့ သူက ပြောပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်ကတစ်ကြိမ် ယခုနှစ်တွင်တစ်ကြိမ် နှစ်နိုင်ငံအကြား အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရိုဟင်ဂျာ အများစုကတော့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေ အနေတွေကို စိုးရိမ်နေကြတယ်လို့ ဖာရွတ်ခန်းက ပြောပါတယ်။…
Read MoreMonth: September 2019
အကြမ်းဖက်မှုနဲ့ ဖမ်ဆီးစစ်ဆေးခံနေရသူတစ်ဦး သွေးအန်ပြီး ဆေးရုံတင်ထားရ
စစ်တွေ၊ စက်တင်ဘာ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအဖွဲ့ဝင်တချို့တို့ဟာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်သူတစ်ဦး ငှက်ဖျားရောဂါဖြစ်ပြီး သတိလစ်နေတဲ့ အတွက် မြောက်ဦးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့စဉ် လမ်းမှာတပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ဟာ တရားစွဲဆိုခံလိုက်ရပြီး ၆ လကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေထဲက ကိုစည်သူအောင်ဆိုသူမှာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ အတွင်းဒဏ်ရာတွေကြောင့် သွေးအန်လာတဲ့အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိပါတယ်။ “ကျွန်တော်သားလေးက စစ်ကြောရေးကာလမှာ ရိုက်နှက်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ လခွဲလောက်ကနေ သွေးအန်တယ်။ မနက် အိပ်ယာထတဲ့အချိန်ဆိုရင် ပါးစပ်တွေက သွေးတွေထွက်တယ်။ ဒါမျိုးဖြစ်လာတဲ့အတွက် ဆေးရုံမှာ ဆေးခန်းပြပါတယ်။ ဓါတ်မှန်ရိုက်တော့ ဆရာဝန်က ဆေးရုံတင်ရမယ်လို့ပြောလို့…
Read Moreအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့ ဌာနဆိုင်ရာရဲ့ မလေးမစားဆက်ဆံခံရတာတွေရှိနေ
သထုံ၊ စက်တင်ဘာ ၁၈ – ၂၀၁၉ မင်းရန်နိုင်(VOM) အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ဌာနဆိုင်ရာနဲ့ ဆက်ဆံရတဲ့အခါမှာ မလေးမစား ဆက်ဆံခံခဲ့ရတာကြုံနေရတယ်လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တချို့ကဆိုကြပါတယ်။ မွန်ပြည်နယ် သထုံမဲဆန္ဒနယ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “မြို့နယ်ထွေအုပ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက တော်တော်လေးကို အခက်အခဲတွေနဲ့ ကြုံရပါတယ်။ အားလုံးကို ခြုံပြီးပြောတာပါ။ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေလည်း အများကြီးကြုံရပါတယ်”လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်စတင်တာဝန်ယူခဲ့ချိန်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို ခွဲခြား ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်မ နောက်ထပ်ကြုံတွေ့ရတာကတော့ ရဲတွေဖြစ်ပါတယ်။ အဓိကတော့ နယ်ထိန်းအင်ချပ်တွေ၊ အမှုစစ်တွေ အများကြီးပဲ။ ဘယ်လောက်ပြောပြော၊ ပြောတဲ့သူ အမြုပ်ထွက်ပြီး သေရင်သေသွားမယ်၊ မလုပ်ဘူး လုပ်ချင်မှလုပ်တာ။ ကျွန်မတို့က သူတို့ကို ခိုင်းစေနေတာမဟုတ်ဘူး။ အမိန့်ပေးနေတာ မဟုတ်ဘူး။…
Read Moreရွှေဝါရောင်တော်လှန်ရေး (၁၂ ) ပြည့်အခမ်းအနားကျင်းပပြုလုပ်
ရန်ကုန်- စက်တင်ဘာ၁၈-၂၀၁၉ ကိုးသက်စံ(VOM) နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ( ၁၂) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းဝန်းရံဆောင်ရွက်ရေး ၊တစ်နိုင်ငံလုံးစစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးအရ အားလုံးတန်းတူတွေ့ဆုံအဖြေရှာပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဘာသာတရားကို ခုတုံးလုပ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချတာကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ “၂၀၀၇ တုန်းက ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး စီးပွားရေးတွေကျပ်တည်းပြီး လူထုတွေက စားဝတ်နေရေး အကုန်လုံးအဖက်ဖက်က ချွတ်ခြုံကျပြီး စစ်အာဏာရှင်ဖိနှိပ်မှုက အမြင့်ဆုံးကာလကို ရောက်နေတဲ့အချိန် အဲဒီတော့ ဘုန်းဘုန်းတို့က ပြည်သူလူထုကို ဒီလိုအခြေအနေ ဒီလိုဘ၀မျိုးကနေ လွတ်မြောက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်…
Read Moreရိုဟင်ဂျာတွေကို ရဲတပ်ဖွဲ့ပစ်သတ်မှု စုံစမ်းစစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်အား ကုလကျွမ်းကျင်သူတွေတိုက်တွန်း
ဒါကာ၊ စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်အာဏာရပါတီမှ တာဝန်ရှိသူတစ်ဦးအသတ်ခံရပြီးနောက် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေသေဆုံးတဲ့အထိ ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။ အာဏာရ အ၀ါမီလိဂ်ပါတီက လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုမာဖာရွတ်ကို သတ်တယ်ဆိုတဲ့ သံသယစာရင်းသွင်းပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာအမျိုးသား ခြောက်ဦး သေဆုံးခဲ့တဲ့အပေါ် ဘက်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ဖို့ ကုလကျွမ်းကျင်သူတွေက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းနေပါတယ်။ ဂျီနီဗာမှာ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖာရွတ်အသတ်ခံရတဲ့ ကိစ္စနဲ့ဆက်နွယ်တဲ့ ရိုဟင်ဂျာခြောက်ဦး သေဆုံးမှု အပေါ် စုံစမ်းစစ်ဆေးမှုပြုဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးခန့်အပ်ထားတဲ့ ကုလကျွမ်းကျင်သူ ခြောက်ဦးကထောက်ခံခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ ၊ ဘက်မလိုက်တဲ့ ၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလလူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်…
Read Moreဖခင်က ၁၇နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်
မိတ္ထီလာ ၊ စက်တင်ဘာ ၁၈-၂၀၁၉ သူရိန်(VOM) မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊စက်မှုဇုံ(၄)လမ်းက ယက္ကန်းအလုပ်သမားတန်းလျားမှာ ဖခင်ဖြစ်သူ က သမီးအရင်းကို တစ်နေ့တည်း နာရီခြားပြီး သားမယား(၂)ကြိမ်ပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ (၃)လခန့် (နေ့ရက်မမှတ်မိ) ည(၉)နာရီ အချိန်ခန့်မ_________(၁၇)နှစ်ဟာ ယက္ကန်းအလုပ်နားပြီး ဖခင်ဦး—–နဲ့အတူနေထိုင်တဲ့ ယက္ကန်းအလုပ်သမားတန်းလျားမှာ တစ်ဦးတည်းရှိနေစဉ် ဖခင်—-ရောက်ရှိလာပြီး မပြောမဆို ပါးစပ်ပိတ်ကာ အလိုမတူပဲသားမယား(၁)ကြိမ်ပြုကျင့်ခဲ့သလို နောက်(၃)နာရီခန့် အကြာမှာ သားမယားအဖြစ်(၁)ကြိမ်ထပ်မံပြုကျင့်ခဲ့ပြီး ဘယ်သူကိုမှပြန်မပြောဖို့ ပြောပြီးထွက်သွားတယ်လို့သိရပါတယ်။ စက်မှုဇုန်၎လမ်းကန်သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သက်လင်းက “ ကလေးမလေးရဲ့ မိထွေးက သူယောကျာင်္းနဲ့ကလေးမလေး နေထိုင်တာကိုတွေ့လို့ လာတိုင်ရာကနေ စက်တင်ဘာ ၁၆ ရက်ကကောင်မလေးကို စက်မှုဇုံရဲကင်းခေါ်ပြီး ဖြစ်စဉ်အမှန်ကိုပြောပြခိုင်းမှ သူ့ဖခင်ကသားမယား ပြုကျင့် တာပြောပြတာ “ လို့ပြောပါတယ်။ ဒါကြောင့်သမီးဖြစ်သူမ____________(၁၇)နှစ်က ၄င်းအားအလိုမတူပဲ…
Read Moreစင်ကာပူရဲ့လေထုညစ်ညမ်းမှုကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်ထိရောက်ရှိနေ
စင်ကာပူ၊စက်တင်ဘာ-၁၈-၂၀၁၉ မျိုးဆက်(VOM) စင်ကာပူနိုင်ငံတစ်ဝန်းမှာကျန်းမာရေးကိုထိခိုက်စေတဲ့မီးခိုးမြူတွေပျံ့နှံ့ဖြစ်ပေါ်နေပြီးစက်တင်ဘာ၁၈မှာတော့ လေထုညစ်ညမ်းမှုဟာပိုမိုဆိုးရွားလာနေပါတယ်။ နံနက်၁၁နာရီအထိ၂၄နာရီအတွင်းလေထုညစ်ညမ်းမှုအညွှန်းကိန်းဟာနိုင်ငံမြောက်ပိုင်းမှာ ၁၀၉၊အရှေ့ပိုင်းမှာ၁၁၅၊တောင်ပိုင်းမှာ၁၂၄၊အနောက်ပိုင်းမှာ၁၁၄နဲ့အလယ်ပိုင်းမှာတော့ ၁၁၀အထိရှိနေပါတယ်။ အညွှန်းကိန်း၅၀အောက်ဟာကောင်းမွန်တဲ့လေထု၊၅၁မှ၁၀၀အကြားအသင့်အတင့်နဲ့၁၀၁မှ၂၀၀အကြားကတော့ကျန်းမာရေးကိုထိခိုက်စေတဲ့လေထုအဖြစ်အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီရဲ့သတ်မှတ်ချကတွေမှာဖော်ပြထားပါတယ်။ ဆူမားတြားကျွန်းကနေသိပ်သည်းတဲ့မီးခိုးတွေထပ်ပြီးပြန့်လွင့်လာခဲ့မယ်ဆိုရင်လေထုညစ်ညမ်းမှုအညွှန်းကိန်းဟာ ကျန်းမာရေးထိခိုက်စေတဲ့ ညွှန်းကိန်းသတ်မှတ်ချက်ရဲ့အလယ်လောက်အထိရောက်ရှိနိုင်ဖွယ်ရှိတယို့သဘာပတ်ဝန်းကျင်အေဂျင်စီကစက်တင်ဘာ၁၇ရက်မွန်းလွဲပိုင်းမှာသတိပေးထားပါတယ်။ လက်ရှိလေထုညစ်ညမ်းမှုအခြေအနေများအရသက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊နာတာရှည်အဆုတနဲ့ နှလုံးရောဂါသည်တွေအနေနဲ့နေအိမ်ပြင်ပမှာအချိန်ကြာကြာသွားလာနေထိုင်တာတွေကိုရှောင်ရှားကြဖို့သဘာပတ်ဝန်းကျင်အေဂျင်စီကသတိပေးထားပါတယ်။ Ref : CNA Photo :Mediacorp #voiceofmyanmar #စင်္ကာပူ #လေထုညစ်ညမ်း
Read Moreသာယာဝတီခရိုင်မှာ တပတ်အတွင်း သက်ငယ်မုဒိမ်း ၃ကြိမ်ဖြစ်
သာယာဝတီစက်တင်ဘာ၁၈-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းသာယာဝတီခရိုင် သာယာဝတီမြို့နယ်လှည်းလမ်းကူးကျေးရွာအုပ်စုလှည်လမ်းကူးကျေးရွာမှာ အသက်၁၂နှစ်ရှိ၅တန်းကျောင်းသူကို တရွာတည်းနေ ဝိုင်ချစ်ဆိုသူက တခြားခေါ်ဆောင်ကာသားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့သာယာဝတီမြို့မရဲစခန်းကသိရပါတယ်။ မ—ဟာ တစ်ရွာတည်းနေဦးအေးသိန်းရဲ့သား အသက်၂၁နှစ်ရှိ ကိုဝိုင်းချစ်နဲ့ လိုက်သွားသည်ဆိုပြီး ကိုဝိုင်းချစ်ရဲ့မိခင်ဖြစ်သူဒေါ်ဌေးဝင်းက မ—-ကိုပြန်လည်အပ်နှံရာမှမ—ကဖခင်ဖြစ်သူကိုအခုလိုပြောပါတယ် `သမီးကိုရန်ကုန်မြို့နေရာတော့မသိဘူးအဲ့ဒီကိုခေါ်သွားပြီးတော့သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့´မ—ကပြောဆိုပါတယ်။ အသက်၁၂နှစ်ရှိ ၅တန်းကျောင်းသူအား ခိုးယူခေါ်ဆောင်ကာသားမယားပြုကျင့်သူဝိုင်းချစ်ကို ဥပဒေအရအရေးယူပေးဖို့ ဖခင်ဖြစ်သူဦး—မှတရားလိုလုပ်တိုင်တန်းခဲ့ပါတယ်။ သားမယားပြုကျင့်သူ ဝိုင်းချစ်ကို (ပ)၁၀၅၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၆၃/၃၇၆တို့နဲ့အမှုဖွင့်ထားရှိပြီးဖမ်းမိနိုင်ရေးဆောင်ရွက်နေတဲ့အကြောင်းသာယာဝတီမြို့မရဲစခန်းဒုရဲမှူးစိုးဝဏ္ဏကပြောပါတယ်။ စက်တင်ဘာ၁၃ရက်နေ့ကလည်း သာယာဝတီခရိုင်နတ္တလင်းမြို့နယ် လယ်မအင်းကျေးရွာအုပ်စု မန်းကျည်းပင်ကျေးရွာမှာအသက် ၇နှစ်ရှိ ဒုတိယတန်းကျောင်းသူကို စာရင်းငှါးအလုပ်သမားက တီတူးဖို့ခေါ်သွားရာက သားမယားပြုကျင့်ခဲ့ပြီး စက်တင်ဘာ၁၄ရက်နေ့မှာလည်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သိုက်ဝါးချောင်းအုပ်စုရင်းတိုက်မြှောင်ကျေးရွာမှာ အသက်၅နှစ်ရှိ မိန်းခလေးအား မိဘတွေမရှိခိုက်မှာ ဆိုင်ကယ်ဂိုဒေါင်ထဲခေါ်ပြီး သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းအရသိရပါတယ်။ #voiceofmyanmar #သာယာဝတီ #သက်ငယ်မုဒိမ်း
Read Moreမြတ်လေးစစ်ဘေးရှောင်စခန်းမှာ ရိက္ခာပြတ်၊ မိသားစု၂၀လောက်ထမင်းငတ်နေ
ပုဏ္ဏားကျွန်း၊စက်တင်ဘာ၁၇-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကအထက်မြတ်လေးစစ်ဘေးဒုက္ခသည်စခန်းမှာရိက္ခာပြတ်တောက်နေပြီးမိသားစု၂၀လောက်ထမင်းငတ်နေတယ်လို့သတင်းရရှိပါတယ်။ အဲ့ဒီစခန်းဟာအရပ်ဖက်လူမှုအဖွဲ့အစည်းအတွေရဲ့ထောက်ပံ့ကူညီပေးမှုတွေနဲ့အဓိကရပ်တည်နေတာဖြစ်ပြီးအကူအညီပေးမယ့်အဖွဲ့အစည်းတွေမလာရောက်တော့တဲ့အတွက်အခုလဒုတိယအပတ်ကနေရိက္ခာပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့စခန်းကော်မတီကပြောပါတယ်။ “ကျွန်တော်တို့စခန်းမှာရိက္ခာပြတ်နေပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းတွေကဆိုရင်ဂိုဒေါင်ထဲမှာဆန်လက်ကျန်လုံးဝမရှိလောက်အောင်ဖြစ်သွားပါတယ်။စခန်းမှာရိက္ခာဖြန့်ဝေပေးဖို့ရက်တွေကျော်နေပြီ။မပေးနိုင်သေးဘူး။မိသားစု၂၀လောက်ထမင်းချက်ဖို့ဆန်မရှိဘူး။သူများဆီကနေချေးငှားပြီးတော့စားနေရတယ်။ဖြစ်သလိုနေကြရတာပေါ့။”လို့စခန်းကော်မတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဦးအောင်လှရွှေကပြောပါတယ်။ အထက်မြတ်လေးဒုက္ခသည်စခန်းမှာအိမ်ထောင်စုပေါင်း၁၅၇စု၊လူဦးရေ၇၃၀ကျော်နေထိုင်နေကြတာဖြစ်ပြီးအဲ့ဒီလူတွေအတွက်အစိုးရကထောက်ပံ့ပေးထားတယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူစည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။ ဒါ့အပြင်ရခိုင်ပြည်နယ်အတွင်းမှာစစ်ဘေးရှောင်ဒုက္ခသည်စခန်းပေါင်း၁၀၀ကျော်ရှိနေပြီးအဲ့ဒီစခန်းတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့WFP နဲ့ICRC တို့ကိုရိက္ခာထောက်ပံ့ကူညီခွင့်ပေးထားရာကနေအခုလကစတင်ပြီးဆန်ထောက်ပံ့ပေးမှုတွေကိုအစိုးရရဲ့ညွှန်ကြားချက်အရရပ်တန့်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ “ဒုက္ခသည်စခန်းတွေကိုကျွန်တော်တို့အစိုးရလည်းထောက်ပံ့ပေးနေတယ်။သူတို့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းထောက်ပံ့ပေးတယ်ဆိုတော့နှစ်ခါပေးမဖြစ်ရအောင်အတွက်ဖြတ်ခိုင်းတာဖြစ်နိုင်ပါတယ်။”လို့ဦးဝင်းမြင့်ကပြောပါတယ်။ ဒုက္ခသည်းစခန်းတွေကိုအစိုးရ၊နိုင်ငံတကာအဖွဲ့အစည်းတွေအပြင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့အလှူရှင်တွေကထောက်ပံ့ကူညီပေးနေတဲ့အတွက်ရိက္ခာဖုံလုံနေတာဖြစ်ပြီးအခုနောက်ပိုင်းမှာတော့အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထောက်ပံ့ကူညီမှုတွေကိုတားဆီးထားတာကြောင့်ဒုက္ခသည်စခန်းတွေမှာအခုလိုရိက္ခာပြတ်လပ်မှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အထက်မြတ်လေးဒုက္ခသည်စခန်းမှာရှိတဲ့ဒုက္ခသည်တွေဟာကျောက်တော်မြို့နယ်ယိုးချောင်းအထက်ပိုင်းကျေးရွာတွေကထွက်ပြေးလာခဲ့ကြတဲ့မြိုနဲ့ဒိုင်းနက်လူမျိုးတွေဖြစ်ကြပြီးအဲ့ဒီစခန်းကိုအစိုးရဲ့ထောက်ပံ့ကူညီပေးမှုနှစ်ခါသာရှိခဲ့တယ်လို့စခန်းတာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ #vocieofmyanamar #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်း #ရိက္ခာပြတ် #မြတ်လေး
Read Moreအုတ်ဖိုမြို့နယ်မှာ လေးရက်ကြာပျောက်ဆုံးနေသူကိုဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့
အုတ်ဖိုစက်တင်ဘာ၁၇-၂၀၁၉ မိုးယံ(VOM) ပဲခုးတိုင်းသာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တောင်ကုန်းအုပ်စုတောင်ကုန်းရွာနေဆိုင်ကယ်ကယ်ရီမောင်သူတစ်ဦးလေးရက်ကြာပျောက်ဆုံးနေပြီးစက်တင်ဘာ ၁၇ ရက်ညနေ၅နာရီဝန်းကျင်လောက်ကမှညောင်ပင်ကွင်းရွာရိုးချောင်းအတွင်းမှာဓားဒဏ်ရာများနဲ့သေဆုံးလျက်တွေ့ရှိရတယ်လို့အုတ်ဖိုမြို့မရဲစခန်းကသိရပါတယ်။ သေဆုံးသူကိုသန်းဇော်(ခ)သန်းဇော်မြင့်ဟာဆိုင်ကယ်ကယ်ရီမောင်းသူဖြစ်ပြီးစက်တင်ဘာ၁၃ရက်နေ့လည် ၃နာရီခန့်ကနေအိမ်မှအုတ်ဖိုသို့ထွက်ခွာသွားရာကနေ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးနေလို့အုတ်ဖိုမြို့မရဲစခန်းမှာစက်တင်ဘာ၁၅ရက်နေ့ကလူပျောက်တိုင်တန်းခဲ့တယ်လို့အတူနေအကိုဖြစ်သူဦးမောင်စန်းကပြောပါတယ်။ “ အဲဒီနေ့ကနေ့လည် ၃နာရီလောက်အုတ်ဖိုကိုကယ်ရီစွဲမယ်ဆိုပြီးထွက်သွားတာည၈နာရီထိပြန်မလာဘူးအဲဒါနဲ့ညီလေးမောင်ငွေခဲနဲ့အတူလိုက်ရှာကြတာလည်းမတွေ့လို့စက်တင်ဘာ၁၅ရက်နေ့ကအုတ်ဖိုမြို့မရဲစခန်းမှာလူပျောက်တိုင်ထားတာပါရဲတပ်ဖွဲ့ဝင်တွေဆက်ပြီးစုံစမ်းတော့ဒီနေ့တော့ရိုးချောင်းထဲမှာဓားဒဏ်ရာတွေနဲ့သေဆုံးနေတာတွေ့တယ်လို့”ဦးမောင်စန်း ကပြောပါတယ်။ သေဆုံးသူဟာဆိုင်ကယ်ကယ်ရီလိုက်ဖို့ထွက်ခွာလာရာတစ်နေရာမှာစကားများရန်ဖြစ်ပြီးဓားနဲ့အထိုးခံရပြီးချောင်းရေထဲမျောပါခဲ့ခြင်းဖြစ်နိုင်တယ်လို့အုတ်ဖိုမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောဆိုပါတယ်။ အဆိုပါမှုခင်းနဲ့ပတ်သက်ပြီး(ပ)၂၂၀/၁၉ရာဇသတ်ကြီးပုဒ်မ၃၀၂အရအမှုဖွင့်ထားပြီးတရားခံမမိသေးကြောင်းအုတ်ဖိုမြို့မရဲစန်းကသိရပါတယ်။ #voiceofmyanmar #အုတ်ဖို #လူသတ်မှု
Read More