မီးဝဘုန္းေတာ္ႀကီးေက်ာင္းကို အေျမာက္က်ည္က် ဆရာေတာ္အပါအဝင္ ငါးဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ေအာက္တုိဘာ ၁-၂၀၁၉
ခုိင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မီးဝေက်းရြာအနီးမွာ ဒီကေန႔မနက္ ၁ နာရီေက်ာ္ေလာက္က ပစ္ခတ္မႈတစ္ခုျဖစ္ပြား ခဲ့ၿပီး ေက်းရြာေက်ာင္းထိုင္ဆရာေတာ္အပါအဝင္ ကိုယ္ရင္တစ္ပါးနဲ႔ ငါးဦးဒဏ္ရာရရွိခဲ့ပါတယ္။
အဲ့ဒီပစ္ခတ္မႈဟာ တပ္မေတာ္ေနဗီသေဘၤာကေန ပစ္ခတ္ခဲ့တာျဖစ္ၿပီး ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းကို က်ေရာက္ ေပါက္ကြဲခဲ့ရာမွာ အခုလိုျဖစ္ခဲ့ရတာျဖစ္တယ္လို႔ ရြာသားေတြကေျပာပါတယ္။

“ အဲ့ဒီေနဗီက ည ၁ နာရီ ၁၅ ေလာက္မွာ ျမစ္ေအာက္ဘက္ကေန တက္လာတယ္။ ကၽြန္ေတာ္တို႔ရြာနားကိုအေရာက္မွာ ပစ္တယ္။ ပထမတစ္ႀကိမ္ပစ္တုန္းက ေက်ာင္းမွာ မွန္ေတြကြဲသြားတယ္။ ျပန္ဆင္းလာၿပီးေတာ့ ထပ္ပစ္တယ္။ အဲ့ဒီမွာ ေက်ာင္းမွာက်တယ္။ ဆရာေတာ္ထိုင္ေနတဲ့ေနရာနဲ႔ သံုးေတာင္ေလာက္ အကြာမွာက်တယ္ ”လို႔ ဆရာေတာ္နဲ႔ လိုက္လာတဲ့ ဒကာဦးေစာလွေမာင္ကေျပာပါတယ္။

ဆရာေတာ္မွာ အေျမာက္က်ည္စံ ညာဘက္ရင္ဘတ္ကိုထိမွန္ခဲ့ၿပီး အဆုပ္မွာ က်ည္စဝင္ေနတဲ့အတြက္ စိုးရိမ္ရတဲ့အေနအထားရွိၿပီးေတာ့ ဆရာေတာ္ဟာ သက္ေတာ္ ၆၀ ေက်ာ္ရွိၿပီလို႔ ဆိုပါတယ္။

ဒါ့အျပင္ အဲ့ဒီပစ္ခတ္မႈဟာ တပ္မေတာ္ေနဗီကို မီးဝရြာကေန ညအခ်ိန္ပစ္ခတ္ခဲ့တဲ့အတြက္ ျပန္ၿပီးပစ္ခတ္ခဲ့တဲ့အခါမွာ က်ေရာက္ခဲ့တာျဖစ္တယ္လို႔ အနာက္ပို္င္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကေျပာပါတယ္။

“အဲ့ဒီဘက္မွာ ကၽြန္ေတာ္တုိ႔ အုပ္ခ်ဳပ္မႈလုပ္ေနတဲ့ ယာဥ္ကို မီးဝရြာနားကေန ပစ္ခတ္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ က်ည္လာရာဖက္ကို ပစ္ခတ္တာျဖစ္တယ္။”လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကေျပာပါတယ္။

ၿပီးခဲ့တ့ဲရက္ပိုင္းအတြင္းကလည္း အဲ့ဒီမီးဝေက်းရြာအနားမွာ တပ္မေတာ္ေရယာဥ္က ပစ္ခတ္ခဲ့တဲ့အတြက္ ေက်းရြာသားတစ္ဦး အိမ္သာတက္ေနစဥ္ ေက်ာကုန္းကို က်ည္သံုးခ်က္ထိမွန္ခဲ့ၿပီး စစ္ေတြေဆးရံုကို ေရာက္ရွိေနတာျဖစ္ပါတယ္။

#voiceofmyanmar#ေက်ာက္ေတာ္#မီးဝဘုန္းေတာ္ႀကီးေက်ာင္းအေျမာက္က်ည္က်#ဆရာေတာ္အပါအဝင္ ငါးဦးဒဏ္ရာရ#

Unicode

မီးဝဘုန်းတော်ကြီးကျောင်းကို အမြောက်ကျည်ကျ ဆရာတော်အပါအဝင် ငါးဦးဒဏ်ရာရ

ကျောက်တော်၊ အောက်တိုဘာ ၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအနီးမှာ ဒီကနေ့မနက် ၁ နာရီကျော်လောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့ပြီး ကျေးရွာကျောင်းထိုင်ဆရာတော်အပါအဝင် ကိုယ်ရင်တစ်ပါးနဲ့ ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ တပ်မတော်နေဗီသင်္ဘောကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ရာမှာ အခုလိုဖြစ်ခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

“ အဲ့ဒီနေဗီက ည ၁ နာရီ ၁၅ လောက်မှာ မြစ်အောက်ဘက်ကနေ တက်လာတယ်။ ကျွန်တော်တို့ရွာနားကိုအရောက်မှာ ပစ်တယ်။ ပထမတစ်ကြိမ်ပစ်တုန်းက ကျောင်းမှာ မှန်တွေကွဲသွားတယ်။ ပြန်ဆင်းလာပြီးတော့ ထပ်ပစ်တယ်။ အဲ့ဒီမှာ ကျောင်းမှာကျတယ်။ ဆရာတော်ထိုင်နေတဲ့နေရာနဲ့ သုံးတောင်လောက် အကွာမှာကျတယ် ”လို့ ဆရာတော်နဲ့ လိုက်လာတဲ့ ဒကာဦးစောလှမောင်ကပြောပါတယ်။

ဆရာတော်မှာ အမြောက်ကျည်စံ ညာဘက်ရင်ဘတ်ကိုထိမှန်ခဲ့ပြီး အဆုပ်မှာ ကျည်စဝင်နေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားရှိပြီးတော့ ဆရာတော်ဟာ သက်တော် ၆၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုဟာ တပ်မတော်နေဗီကို မီးဝရွာကနေ ညအချိန်ပစ်ခတ်ခဲ့တဲ့အတွက် ပြန်ပြီးပစ်ခတ်ခဲ့တဲ့အခါမှာ ကျရောက်ခဲ့တာဖြစ်တယ်လို့ အနာက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

“အဲ့ဒီဘက်မှာ ကျွန်တော်တို့ အုပ်ချုပ်မှုလုပ်နေတဲ့ ယာဉ်ကို မီးဝရွာနားကနေ ပစ်ခတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကျည်လာရာဖက်ကို ပစ်ခတ်တာဖြစ်တယ်။”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အဲ့ဒီမီးဝကျေးရွာအနားမှာ တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသားတစ်ဦး အိမ်သာတက်နေစဉ် ကျောကုန်းကို ကျည်သုံးချက်ထိမှန်ခဲ့ပြီး စစ်တွေဆေးရုံကို ရောက်ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar#ကျောက်တော်#မီးဝဘုန်းတော်ကြီးကျောင်းအမြောက်ကျည်ကျ#ဆရာတော်အပါအဝင် ငါးဦးဒဏ်ရာရ#

Related posts

Leave a Comment

VOM News

FREE
VIEW