အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်းပျက်ကျ လူ ၇ ဦးထက်မနည်းသေဆုံး

နယူးယောက်၊ အောက်တိုဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၃ ဦးကို တင်ဆောင်လာတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်းဟာ အမေရိကန်အရှေ့မြောက်ပိုင်း ကွန်နက်တီကပ်မှာ အောက်တိုဘာ ၂ ရက်နေ့က ပျက်ကျသွားတာကြောင့် လူခုနှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေ က ဖော်ပြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနဲ့ ဂျပန်တို့မှာ တိုက်ခိုက်ဖို့ဖြန့်ကြက်ခဲ့တဲ့ ဘိုးအင်း ဘီ-၁၇ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ဘရက်ဒလေနိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်တွေနဲ့ ပတ်သက်ပြီး လေကြောင်းရိုက်ကူးရေးလုပ်ဆောင်မယ့် ကော်လင်းဖောင်ဒေးရှင်းမှ အဖွဲ့တစ်ဖွဲ့ကို ကူညီတဲ့ ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ ခရီးသည် ဆယ်ဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦးတို့လိုက်ပါခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အသက်သေဆုံးမှုတွေရှိနေပြီး သေဆုံးသူအရေအတွက်ကို အတိအကျပြောဖို့ စောလွန်းသေးတယ်လို့ ကွန်နက်တီကပ်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးအရာရှိ ဂျိန်းရိုဗီလာက ပြောပါတယ်။
အဲဒီလေယာဉ်ဟာ လေဆိပ်ကနေ နံနက် ၉ နာရီ ၄၅ မိနစ်မှာပျံတက်ခဲ့ပြီး ၁၀ မိနစ်ကြာပြီးနောက် လေယာဉ်မှာ ပြသနာတွေရှိနေကြောင်း လေယာဉ်မှူးတွေက ထိန်းချုပ်ရေးတာဝါကို အကြောင်းကြားခဲ့တယ်လို့ ပြည်နယ်လေဆိပ်အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး ကီဗင်ဒီလွန်က ပြောပါတယ်။
အခင်းဖြစ်ရာမှ လူနာခြောက်ဦးကို လက်ခံရရှိထားပြီး သုံးဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ ဟတ်ဖို့ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref : CAN
Photo : AP
#voiceofmyanmar#နယူးယောက်#အမေရိကန်ဗုံးကြဲလေယာဉ်တစ်စင်းပျက်ကျ#လူ၇ ဦးထက်မနည်းသေဆုံး#

Zawgyi Code

အေမရိကန္ ဗံုးၾကဲေလယာဥ္တစ္စင္းပ်က္က် လူ ၇ ဦးထက္မနည္းေသဆံုး

နယူးေယာက္၊ ေအာက္တိုဘာ-၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္း ၁၃ ဦးကို တင္ေဆာင္လာတဲ႔ ဒုတိယကမၻာစစ္အတြင္းက အသံုးျပဳခဲ႔တဲ႔ အေမရိကန္ ဗံုးၾကဲေလယာဥ္တစ္စင္းဟာ အေမရိကန္အေရွ႕ေျမာက္ပိုင္း ကြန္နက္တီကပ္မွာ ေအာက္တိုဘာ ၂ ရက္ေန႔က ပ်က္က်သြားတာေၾကာင္႔ လူခုနွစ္ဦးထက္မနည္းေသဆံုးသြားတယ္လို႔ ေဒသတြင္းသတင္းဌာနေတြ က ေဖာ္ျပပါတယ္။

ဒုတိယကမၻာစစ္အတြင္း ဂ်ာမနီနဲ႔ ဂ်ပန္တို႔မွာ တိုက္ခိုက္ဖို႔ျဖန္႔ၾကက္ခဲ႔တ႔ဲ ဘိုးအင္း ဘီ-၁၇ ေလယာဥ္ဟာ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီမွာ ဘရက္ဒေလနုိင္ငံတကာေလဆိပ္မွာ ဆင္းသက္ဖို႔ၾကိဳးစားစဥ္ ပ်က္က်ခဲ႔တာျဖစ္ပါတယ္။

ေလယာဥ္ေတြနဲ႔ ပတ္သက္ျပီး ေလေၾကာင္းရိုက္ကူးေရးလုပ္ေဆာင္မယ္႔ ေကာ္လင္းေဖာင္ေဒးရွင္းမွ အဖြဲ႔တစ္ဖြဲ႔ကို ကူညီတဲ႔ ခရီးစဥ္အတြင္း ေလယာဥ္ေပၚမွာ ခရီးသည္ ဆယ္ဦးနဲ႔ ေလယာဥ္အမႈထမ္း သံုးဦးတို႔လိုက္ပါခဲ႔ေၾကာင္း တာ၀န္ရိွသူေတြက ေျပာပါတယ္။

ေလယာဥ္ပ်က္က်မႈေၾကာင္႔ အသက္ေသဆံုးမႈေတြရိွေနျပီး ေသဆံုးသူအေရအတြက္ကို အတိအက်ေျပာဖို႔ ေစာလြန္းေသးတယ္လို႔ ကြန္နက္တီကပ္ျပည္နယ္ အေရးေပၚစီမံခန္႔ခြဲေရးအရာရိွ ဂ်ိန္းရိုဗီလာက ေျပာပါတယ္။
အဲဒီေလယာဥ္ဟာ ေလဆိပ္ကေန နံနက္ ၉ နာရီ ၄၅ မိနစ္မွာပ်ံတက္ခဲ႔ျပီး ၁၀ မိနစ္ၾကာျပီးေနာက္ ေလယာဥ္မွာ ျပသနာေတြရိွေနေၾကာင္း ေလယာဥ္မွဴးေတြက ထိန္းခ်ဳပ္ေရးတာ၀ါကို အေၾကာင္းၾကားခဲ႔တယ္လို႔ ျပည္နယ္ေလဆိပ္အာဏာပို္င္အဖြဲ႔ ညႊန္ၾကားေရးမွဴး ကီဗင္ဒီလြန္က ေျပာပါတယ္။
အခင္းျဖစ္ရာမွ လူနာေျခာက္ဦးကို လက္ခံရရိွထားျပီး သံုးဦးကေတာ႔ စိုးရိမ္ဖြယ္အေျခအေနရိွတယ္လို႔ ဟတ္ဖို႔ေဆးရံုမွ ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးကေျပာပါတယ္။ ေလယာဥ္ပ်က္က်ရျခင္းအေၾကာင္းရင္းကိုေတာ႔ လက္ရိွအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

Ref : CAN
Photo : AP
#voiceofmyanmar#နယူးေယာက္#အေမရိကန္ဗံုးၾကဲေလယာဥ္တစ္စင္းပ်က္က်#လူ၇ ဦးထက္မနည္းေသဆံုး#

Related posts

Leave a Comment

VOM News

FREE
VIEW