စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးဒဏ်ရာရ

စစ်တွေ၊ အောက်တိုဘာ ၅-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၄ ရက်နေ့ည ၉ နာရီခန့်အချိန်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်ခံရသူနှစ်ဦးမှာ စစ်တွေမြို့ လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့မှာ ဖွင့်လှစ်ထားတဲ့ အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီ ၄၄ နှစ်နဲ့ သုံးဘီးကယ်ရီဆိုင်ကယ်သမား ဦးညီညီနိုင်တို့နှစ်ဦးဖြစ်ကြပါတယ်။

“ဖြစ်တာက မနေ့ကည ၉ နာရီလောက်မှာဖြစ်တယ်လို့သိရတယ်။ ဦးညီညီက သူ့ဆေးခန်းကနေပြီးတော့ အိမ်ကိုပြန်အလာ အိမ်ရှေ့ကိုအရောက်မှာ နောက်က နှစ်ဘီးဆိုင်ကယ်နဲ့လိုက်လာတဲ့ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့တာလို့သိရတယ်။”လို့ ဒေသခံတွေကပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ကျောင်းတက်လမ်းရပ်ကွက်က သူ့နေအိမ်ရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားတွေဟာ လေးချက်ခန့်ပစ်ခတ်ခဲ့ပြီး ဦးဥတ္တမလမ်းအတိုင်း ဘုရားကြီးဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။

“သူတု့ိကိုပစ်တာက လေးချက်ပစ်ခဲ့တယ်လို့သိရတယ်။ ပစ္စတိုကျည်ခွံလေးခုရတယ်။ ကယ်ရီသမားရဲ့ ဘယ်ဘက်ပေါင်ကို တစ်ချက်ထိတယ်။ ဦးညီညီရဲ့ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းအောက်ကို တစ်ချက်ထိတယ်။”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းမှုတွေပြုလုပ်နေပြီး ပစ်ခတ်ခံလိုက်ရတဲ့ ဦးညီညီနဲ့ ကယ်ရီသမားဦးညီညီအောင်တို့နှစ်ဦးဟာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူလျက်ရှိနေပါတယ်။

#voiceofmyanmar#စစ်တွေမြို့ပေါ်မှာ#ပစ်ခတ်မှုဖြစ်ပွား#နှစ်ဦးဒဏ်ရာရ

Zawgyi Code

စစ္ေတြၿမိဳ႕ေပၚမွာ ပစ္ခတ္မႈျဖစ္ပြား ႏွစ္ဦးဒဏ္ရာရ

စစ္ေတြ၊ ေအာက္တိုဘာ ၅-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ေပၚမွာ မေန႔ ေအာက္တိုဘာလ ၄ ရက္ေန႔ည ၉ နာရီခန႔္အခ်ိန္က ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ ႏွစ္ဦးဒဏ္ရာရရွိခဲ့ပါတယ္။
ပစ္ခတ္ခံရသူႏွစ္ဦးမွာ စစ္ေတြၿမိဳ႕ လမ္းမႀကီး ဦးဥတၱမပန္းၿခံေရွ႕မွာ ဖြင့္လွစ္ထားတဲ့ ေအးၿငိမ္းေဆးခန္းပိုင္ရွင္ ဦးညီညီ ၄၄ ႏွစ္နဲ႔ သုံးဘီးကယ္ရီဆိုင္ကယ္သမား ဦးညီညီႏိုင္တို႔ႏွစ္ဦးျဖစ္ၾကပါတယ္။

“ျဖစ္တာက မေန႔ကည ၉ နာရီေလာက္မွာျဖစ္တယ္လို႔သိရတယ္။ ဦးညီညီက သူ႔ေဆးခန္းကေနၿပီးေတာ့ အိမ္ကိုျပန္အလာ အိမ္ေရွ႕ကိုအေရာက္မွာ ေနာက္က ႏွစ္ဘီးဆိုင္ကယ္နဲ႔လိုက္လာတဲ့ ေသနတ္သမားႏွစ္ေယာက္က ပစ္ခတ္ခဲ့တာလို႔သိရတယ္။”လို႔ ေဒသခံေတြကေျပာပါတယ္။

အခင္းျဖစ္ပြားတဲ့ေနရာမွာ စစ္ေတြၿမိဳ႕ေပၚရပ္ကြက္တစ္ခုျဖစ္တဲ့ ေက်ာင္းတက္လမ္းရပ္ကြက္က သူ႔ေနအိမ္ေရွ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေသနတ္သမားေတြဟာ ေလးခ်က္ခန႔္ပစ္ခတ္ခဲ့ၿပီး ဦးဥတၱမလမ္းအတိုင္း ဘုရားႀကီးဘက္ကို ထြက္ေျပးသြားခဲ့ၾကတယ္လို႔ ရဲတပ္ဖြဲ႕ကေနသိရပါတယ္။

“သူတု႔ိကိုပစ္တာက ေလးခ်က္ပစ္ခဲ့တယ္လို႔သိရတယ္။ ပစၥတိုက်ည္ခြံေလးခုရတယ္။ ကယ္ရီသမားရဲ႕ ဘယ္ဘက္ေပါင္ကို တစ္ခ်က္ထိတယ္။ ဦးညီညီရဲ႕ အေပၚႏႈတ္ခမ္းနဲ႔ ႏွာေခါင္းေအာက္ကို တစ္ခ်က္ထိတယ္။”လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႕အေနနဲ႔ စုံစမ္းမႈေတြျပဳလုပ္ေနၿပီး ပစ္ခတ္ခံလိုက္ရတဲ့ ဦးညီညီနဲ႔ ကယ္ရီသမားဦးညီညီေအာင္တို႔ႏွစ္ဦးဟာ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူလ်က္ရွိေနပါတယ္။

#voiceofmyanmar#စစ္ေတြၿမိဳ႕ေပၚမွာ#ပစ္ခတ္မႈျဖစ္ပြား#ႏွစ္ဦးဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW