ထိုင်းနိုင်ငံရေတံခွန်တစ်ခုမှာ တစ်ကောင်နဲ့တစ်ကောင်ကယ်ဖို့ကြိုးစားရင်း ဆင်ခြောက်ကောင်သေဆုံး

ဘန်ကောက်၊ အောက်တိုဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

 

ထိုင်နိုင်ငံရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေတံခွန်တစ်ခုမှာ အောက်တိုဘာ ၅ ရက်က ဆင်ခြောက်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် ကယ်တင်ဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးသွားပါတယ်။

 

ထိုင်းနိုင်ငံအလယ်ပိုင်း ငံကော့ရိုင်အမျိုးသားဥယျာဉ်ရှိ ရေတံခွန်ပေါ်ကနေ ဆင်သားပေါက်လေး တစ်ကောင်ချော်ကျပြီးနောက် အဲဒီ မတော်တဆမှုဖြစ်ပေါ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

တစ်ခြားဆင်နှစ်ကောင်ကိုလည်း အနီးနားရှိချောက်ကမ်ပါးစွန်းပေါ်မှာ ရုန်းကန်လျက်တွေ့ရှိရပြီး သူတို့ကို ပြောင်းရွှေ့ကယ်တင်ပြီးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 

ဟာအယ်နာရော့လို့ အမည်ရတဲ့ ရေတံခွန်မှာ ယခင်ကလည်း အလားတူ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရာဇဝင်ရှိခဲ့ဖူးပါတယ်။ ၁၉၉၂ ခုနှစ်မှာ ရေတံခွန်ပေါ်မှ ပြုတ်ကျပြီးနောက် ဆင်ရှစ်ကောင်သေဆုံးခဲ့ပါတယ်။

 

ယခုသေဆုံးသွားတဲ့ ဆင်တွေဟာ ရေတံခွန်ကတားဆီးထားလို့ သွားစရာလမ်းမရှိတော့တာကြောင့် အောက်တိုဘာ ၅ ရက်နံနက် သုံးနာရီမှာ မေတော်တဆမှုဖြစ်ပွားခဲ့တာလို့ ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

အခင်းဖြစ်ပြီး သုံးနာရီကြာပြီးနောက် ခြေချော်ကျသွာတဲ့ သုံးနှစ်သားဆင်ပေါက်လေးရဲ့ အလောင်းကို ရေတံခွန်ခြေရင်းမှာတွေ့ရပြီး အခြားဆင်ငါးကောင်ရဲ့အလောင်းတွေကိုလည်း အဲဒီအနီးနားမှာတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Ref : BBC
Photo : Khao Yai National Park

 

Zawgyi

ထိုင္းနိုင္ငံေရတံခြန္တစ္ခုမွာ တစ္ေကာင္နဲ႔တစ္ေကာင္ကယ္ဖို႔ၾကိဳးစားရင္း ဆင္ေျခာက္ေကာင္ေသဆံုး

ဘန္ေကာက္၊ ေအာက္တိုဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္နိုင္ငံရိွ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ႔ ေရတံခြန္တစ္ခုမွာ ေအာက္တိုဘာ ၅ ရက္က ဆင္ေျခာက္ေကာင္ဟာ တစ္ေကာင္နဲ႔ တစ္ေကာင္ ကယ္တင္ဖို႔ၾကိဳးစားရင္း ျပဳတ္က်ေသဆံုးသြားပါတယ္။

ထိုင္းနုိင္ငံအလယ္ပိုင္း ငံေကာ႔ရိုင္အမ်ိဳးသားဥယ်ာဥ္ရိွ ေရတံခြန္ေပၚကေန ဆင္သားေပါက္ေလး တစ္ေကာင္ေခ်ာ္က်ျပီးေနာက္ အဲဒီ မေတာ္တဆမႈျဖစ္ေပၚခဲ႔တာလို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

တစ္ျခားဆင္နွစ္ေကာင္ကိုလည္း အနီးနားရိွေခ်ာက္ကမ္ပါးစြန္းေပၚမွာ ရုန္းကန္လ်က္ေတြ႔ရိွရျပီး သူတို႔ကို ေျပာင္းေရႊ႕ကယ္တင္ျပီးျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

ဟာအယ္နာေရာ႔လို႔ အမည္ရတဲ႔ ေရတံခြန္မွာ ယခင္ကလည္း အလားတူ မေတာ္တဆမႈျဖစ္ပြားခဲ႔တဲ႔ ရာဇ၀င္ရိွခဲ႔ဖူးပါတယ္။ ၁၉၉၂ ခုနွစ္မွာ ေရတံခြန္ေပၚမွ ျပဳတ္က်ျပီးေနာက္ ဆင္ရွစ္ေကာင္ေသဆံုးခဲ႔ပါတယ္။

ယခုေသဆံုးသြားတဲ႔ ဆင္ေတြဟာ ေရတံခြန္ကတားဆီးထားလို႔ သြားစရာလမ္းမရိွေတာ႔တာေၾကာင္႔ ေအာက္တိုဘာ ၅ ရက္နံနက္ သံုးနာရီမွာ မေေတာ္တဆမႈျဖစ္ပြားခဲ႔တာလို႔ ထိုင္းနိုင္ငံ အမ်ိဳးသားဥယ်ာဥ္မ်ား ၊ ေတာရိုင္းတိရိစာၦန္နွင္႔ အပင္ထိန္းသိမ္းေရးဌာနက ထုတ္ျပန္ထားပါတယ္။

အခင္းျဖစ္ျပီး သံုးနာရီၾကာျပီးေနာက္ ေျခေခ်ာ္က်သြာတဲ႔ သံုးနွစ္သားဆင္ေပါက္ေလးရဲ႔ အေလာင္းကို ေရတံခြန္ေျခရင္းမွာေတြ႔ရျပီး အျခားဆင္ငါးေကာင္ရဲ႕အေလာင္းေတြကိုလည္း အဲဒီအနီးနားမွာေတြ႔ခဲ႔ရတယ္လို႔ ထုတ္ျပန္ထားပါတယ္။

Ref : BBC
Photo : Khao Yai National Park

Related posts

Leave a Comment

VOM News

FREE
VIEW