ေအာင္လအန္ဆန္း လက္ေဝွ႔ပြဲၾကည့္ေနရင္း နွလံုးရပ္ေသဆုံးသူ ေလးဦးရိွခဲ့

ဥကၠံ၊ ေအာက္တိုဘာ ၁၄-၂၀၁၉

မိုးယံ(VOM)

ရန္ကုန္တိုင္း၊ ဥကၠံၿမိဳ႕နယ္မွာ မေန႔ညက ေအာင္လအန္ဆန္းလက္ေဝွ႔ပြဲၾကည့္ေနရင္း အမ်ိဳးသားႏွစ္ဦးေသဆုံးသြားတယ္လို႔ ဥကၠံၿမိဳ႕နယ္ေမတၱာေရစင္လူနာတင္ယာဥ္အသင္းကေန သိရပါတယ္။

“ ဥကၠံၿမိဳ႕ အေနာ္ရထာရပ္ကြက္၊ အိုးဘိုတန္းလမ္းေန အသက္၆၁ႏွစ္ရွိ ဦးတင္စိုးဟာ ေအာင္လပြဲၾကည့္ေနတုန္း ေအာင္လကြဆိုေအာ္ၿပီး ေလျဖတ္သြားလို႔ က်ေနာ္တို႔အသင္းက ဥကၠံေဆး႐ုံကိုပို႔ေပးရတယ္ အဲဒီကတစ္ဆင့္ ရန္ကုန္ေဆး႐ုံကိုပို႔ေပးၿပီး လူနာရွင္ေတြဆႏၵအရ ျပန္ေခၚလာတာ လမ္းမွာေသဆုံးသြားပါတယ္၊ ေနာက္တစ္ဦးကေတာ့ ရွမ္းစု႐ြာကအမ်ိဳးသားတစ္ဦးပါ ေအာင္လပြဲၾကည့္ေနတုန္း ႏွလုံးရပ္သြားၿပီး ဥကၠံေဆး႐ုံမွာ ေသဆုံးသြားတာပါ ” လို႔ ေမတၱာေရစင္အသင္းက စာေရးႀကီးဦးသိန္းထြန္းကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ဥကၠံၿမိဳ႕နယ္ရဲစခန္းက နယ္ထိန္းေခါင္းေဆာင္တစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “မေန႔က ေအာင္လပြဲၾကည့္ရင္း တစ္ဦးကေတာ့ႏွလုံးရပ္ၿပီးေသဆုံးသြားတယ္လို႔ သိရပါတယ္
ေနာက္တစ္ဦးကေတာ့ က်ေနာ္တို႔မသိရဘူး” လို႔ ေျပာပါတယ္။

ဒီလိုုအလားတူပဲ ဧရာဝတီတုုိင္း ေဒးဒရဲျမိဳ႕နယ္ ေမွာ္ဘီစုုေက်းရြာအုုပ္စုု ထနိပါတ္ေက်းရြာက အသက္ ၇၀ အရြယ္ ဦးလွေအာင္ဟာလည္း ေအာင္လတိုု႕လက္ေဝွ႕ပြဲ ၾကည့္ရင္းေသဆံုုးခဲ႕ပါေသးတယ္။

ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕မွာ ဒီလိုအလားတူျဖစ္စဥ္ေၾကာင့္ အသက္၆၀ေက်ာ္အရြယ္ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့တယ္လို႔ သိရေပမယ့္ VOMသတင္းဌာနအေနနဲ႔ တိက်တဲ့အတည္ျပဳခ်က္ ရယူနိုင္ျခင္းမရိွေသးပါဘူး။

ျမန္မာ့စပါးအံုုးလိုု႕ နာမည္ၾကီးလာတဲ႕ ေအာင္လအန္ဆန္းရဲ႕ လက္ေဝွ႕ပြဲေတြကိုု ျမန္မာျပည္က လူၾကီးလူငယ္အကုုန္နီးပါး အားေပးခဲ႕တာမွာ ၂၀၁၇ ခုုႏွစ္ကလည္း ေအာင္လပြဲၾကည့္ရငး္ ရန္ကုုန္တုုိင္းမွာ ေသဆံုုးတာရွိခဲ႕ဘူးသလိုု ၂၀၁၈ ခုုႏွစ္ကလည္း ဧရာဝတီတုုိင္းမွာ ႏွလံုုးရပ္ျပီး ေသဆံုုးတဲ႕ ျဖစ္စဥ္ေတြရွိခဲ႕ဘူးပါတယ္။

#voiceofmyanmar #ေအာင္လအန္ဆန္း #ႏွလံုုးရပ္ေသဆံုုး #လက္ေဝွ႕

Unicode

အောင်လအန်ဆန်း လက်ဝှေ့ပွဲကြည့်နေရင်း နှလုံးရပ်သေဆုံးသူ လေးဦးရှိခဲ့

ဥက္ကံ၊ အောက်တိုဘာ ၁၄-၂၀၁၉

မိုးယံ(VOM)

ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်မှာ မနေ့ညက အောင်လအန်ဆန်းလက်ဝှေ့ပွဲကြည့်နေရင်း အမျိုးသားနှစ်ဦးသေဆုံးသွားတယ်လို့ ဥက္ကံမြို့နယ်မေတ္တာရေစင်လူနာတင်ယာဉ်အသင်းကနေ သိရပါတယ်။

“ ဥက္ကံမြို့ အနော်ရထာရပ်ကွက်၊ အိုးဘိုတန်းလမ်းနေ အသက်၆၁နှစ်ရှိ ဦးတင်စိုးဟာ အောင်လပွဲကြည့်နေတုန်း အောင်လကွဆိုအော်ပြီး လေဖြတ်သွားလို့ ကျနော်တို့အသင်းက ဥက္ကံဆေးရုံကိုပို့ပေးရတယ် အဲဒီကတစ်ဆင့် ရန်ကုန်ဆေးရုံကိုပို့ပေးပြီး လူနာရှင်တွေဆန္ဒအရ ပြန်ခေါ်လာတာ လမ်းမှာသေဆုံးသွားပါတယ်၊ နောက်တစ်ဦးကတော့ ရှမ်းစုရွာကအမျိုးသားတစ်ဦးပါ အောင်လပွဲကြည့်နေတုန်း နှလုံးရပ်သွားပြီး ဥက္ကံဆေးရုံမှာ သေဆုံးသွားတာပါ ” လို့ မေတ္တာရေစင်အသင်းက စာရေးကြီးဦးသိန်းထွန်းကပြောပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး ဥက္ကံမြို့နယ်ရဲစခန်းက နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “မနေ့က အောင်လပွဲကြည့်ရင်း တစ်ဦးကတော့နှလုံးရပ်ပြီးသေဆုံးသွားတယ်လို့ သိရပါတယ်
နောက်တစ်ဦးကတော့ ကျနော်တို့မသိရဘူး” လို့ ပြောပါတယ်။

ဒီလိုအလားတူပဲ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် မှော်ဘီစုကျေးရွာအုပ်စု ထနိပါတ်ကျေးရွာက အသက် ၇၀ အရွယ် ဦးလှအောင်ဟာလည်း အောင်လတို့လက်ဝှေ့ပွဲ ကြည့်ရင်းသေဆုံးခဲ့ပါသေးတယ်။

ကချင်ပြည်နယ် တနိုင်းမြို့မှာ ဒီလိုအလားတူဖြစ်စဉ်ကြောင့် အသက်၆၀ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပေမယ့် VOMသတင်းဌာနအနေနဲ့ တိကျတဲ့အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။

မြန်မာ့စပါးအုံးလို့ နာမည်ကြီးလာတဲ့ အောင်လအန်ဆန်းရဲ့ လက်ဝှေ့ပွဲတွေကို မြန်မာပြည်က လူကြီးလူငယ်အကုန်နီးပါး အားပေးခဲ့တာမှာ ၂၀၁၇ ခုနှစ်ကလည်း အောင်လပွဲကြည့်ရင်း ရန်ကုန်တိုင်းမှာ သေဆုံးတာရှိခဲ့ဘူးသလို ၂၀၁၈ ခုနှစ်ကလည်း ဧရာဝတီတိုင်းမှာ နှလုံးရပ်ပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေရှိခဲ့ဘူးပါတယ်။

#voiceofmyanmar #အောင်လအန်ဆန်း #နှလုံးရပ်သေဆုံး #လက်ဝှေ့

Related posts

Leave a Comment

VOM News

FREE
VIEW