ပညာေရး‌နဲ႔ ႏိုင္ငံေရးေလာကမွာ ပူးေပါင္းေဆာင္႐ြက္မႈကို အေလးထားေစခ်င္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ‌ပုဂၢိဳလ္ေျပာ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၆-၂၀၁၉

ကိုထြန္း(VOM)

ပညာေရးေလာက နဲ႔ ႏိုင္ငံေရးေလာကမွာ ေခါင္းေဆာင္ျဖစ္မႈကို အေလးမထားပဲ ပူးေပါင္းေဆာင္႐ြက္မႈကို အေလးထားေစခ်င္တယ္၊ ပူးေပါင္းေဆာင္႐ြက္မွသာ ေအာင္ျမင္ႏိုင္မယ္ လို႔ ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ MICC-2ခန္းမမွာ က်င္းျပဳလုပ္တဲ့ ၂၀၁၉ခုႏွစ္ တကၠသိုလ္မ်ားဖြံ႕ ၿဖိဳးတိုးတက္မႈအေကာင္အထည္ေဖာ္ေရးႏွီးေႏွာဖလွယ္ပြဲကို တက္ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္အမွာစကားေျပာၾကားမႈမွာ ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္မတို႔ အားလုံးအတြက္အေရးႀကီးတာက ပူးေပါင္းေဆာင္႐ြက္မႈဘဲ ျဖစ္ပါတယ္၊ ဒါမွ ပညာေရးေလာကမွာေရာ ႏိုင္ငံေရးေလာကမွာေရာ အခု သိပ္ေခတ္စားေနတဲ့ ေခါင္းေဆာင္ျဖစ္မႈကို အေလးမထားဘဲနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို အေလးထားေစခ်င္ပါတယ္၊ စုေပါင္းၿပီးေတာ့ ေဆာင္႐ြက္မွသာ ေအာင္ျမင္ႏိုင္မွာပါ “လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အနာဂတ္ ဒီမိုကေရစီ ႏိုင္ငံေတာ္သစ္တည္ေထာင္ရာမွာ ျပည္ေထာင္စုႀကီး အဖက္ဖက္က ဖြံ႕ ၿဖိဳးတိုးတက္ေရး၊ ျပည္တြင္းစစ္ၿငိမ္းခ်မ္းေရး၊ စစ္မွန္ေသာ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရး နဲ႔ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရးအတြက္ စြမ္းရည္ျပည့္ဝတဲ့ လူငယ္မ်ိဳးဆက္သစ္ေတြ လူ႔စြမ္းအားအရင္းအျမစ္ရဲ႕ အခန္းကဏၰဟာ အလြန္အေရးႀကီးၿပီး လိုအပ္ခ်က္ေတြကို အရည္အေသြးျမင့္တဲ့ ပညာေရးကသာ ေမြးထုတ္ေပးႏိုင္မွာျဖစ္တယ္လို႔လည္း အတိုင္ပင္ခံပုဂၢိဳလ္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ပညာေရးေလာကမွာ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ေဆာင္ရြက္လ်င္ တစ္ေယာက္တည္းေရွ႕ကေနဖို႔မဟုတ္ဘဲ တက္နိုင္တဲ့ေနရာက ပံ့ပိုးေပးဖို႔ဟာ ပါေမာကၡမ်ားတင္မက ဆရာ၊ဆရာမမ်ား ေက်ာင္းသားမိဘ၊ျပည္သူမ်ား အားလံုးမွာ တာဝန္ရိွတယ္လို႔လည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္က  သတိေပးေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar#ေနျပည္ေတာ္#အတိုင္ပင္ခံပုဂၢိဳလ္#

Unicode

ပညာရေးနဲ့ နိုင်ငံရေးလောကမှာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နေပြည်တော်၊ အောက်တိုဘာ ၁၆-၂၀၁၉
ကိုထွန်း(VOM)

ပညာရေးလောက နဲ့ နိုင်ငံရေးလောကမှာ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားပဲ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်၊ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ် လို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC-2ခန်းမမှာ ကျင်းပြုလုပ်တဲ့ ၂၀၁၉ခုနှစ် တက္ကသိုလ်များဖွံ့ ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ အားလုံးအတွက်အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှုဘဲ ဖြစ်ပါတယ်၊ ဒါမှ ပညာရေးလောကမှာရော နိုင်ငံရေးလောကမှာရော အခု သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်၊ စုပေါင်းပြီးတော့ ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာပါ “လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရာမှာ ပြည်ထောင်စုကြီး အဖက်ဖက်က ဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်နိုင်ရေး နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် စွမ်းရည်ပြည့်ဝတဲ့ လူငယ်မျိုးဆက်သစ်တွေ လူ့စွမ်းအားအရင်းအမြစ်ရဲ့ အခန်းကဏ္ဏဟာ အလွန်အရေးကြီးပြီး လိုအပ်ချက်တွေကို အရည်အသွေးမြင့်တဲ့ ပညာရေးကသာ မွေးထုတ်ပေးနိုင်မှာဖြစ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပညာရေးလောကမှာ အဖွဲ့အစည်းတစ်ခုအနေနဲ့ဆောင်ရွက်လျင် တစ်ယောက်တည်းရှေ့ကနေဖို့မဟုတ်ဘဲ တက်နိုင်တဲ့နေရာက ပံ့ပိုးပေးဖို့ဟာ ပါမောက္ခများတင်မက ဆရာ၊ဆရာမများ ကျောင်းသားမိဘ၊ပြည်သူများ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar#နေပြည်တော်#အတိုင်ပင်ခံပုဂ္ဂိုလ်#

Related posts

Leave a Comment

VOM News

FREE
VIEW