ျမန္မာနိုင္ငံျပန္ပို႔မယ္႔ ရိုဟင္ဂ်ာငါးေသာင္း စာရင္းသစ္ ဘဂၤလားေဒ႔ရွ္ေပးအပ္

ဒါကာ၊ ေအာက္တိုဘာ ၁၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ရိုဟင္ဂ်ာေတြကို ျမန္မာနိုင္ငံျပန္ပို႔ေရးလုပ္ငန္းစဥ္ ဆက္လက္ေနွာင္႔ေနွးေနခ်ိန္မွာ ျမန္မာနုိင္ငံက စီစစ္ဖို႔အတြက္ ျပန္ပို႔မယ္႔ ရိုဟင္ဂ်ာဒုကၡသည္ ငါးေသာင္းရဲ႕စာရင္းကို ဘဂၤလားေဒ႔ရွ္က ျမန္မာနိုင္ငံဘက္ကို လႊဲေျပာင္းေပးလိုက္ပါတယ္။

ဒီလို စာရင္းသစ္ထပ္ျပီးေပးပို႔လိုက္တာနဲ႔ပတ္သက္ျပီး ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရးဝန္ၾကီး ေအေကအဗၺဒူမိုမန္က ေအာက္တိုဘာ ၁၅ ရက္မွာ သတင္းေထာက္ေတြကို ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“ လက္ရိွအခ်ိန္ထိေတာ႔ ရိုဟင္ဂ်ာေတြေနရပ္ျပန္ေရးနွစ္နိုင္ငံ သေဘာတူညီခ်က္လက္မွတ္ထိုးျပီးေနာက္ ျပန္ပို႔မယ္႔ ရိုဟင္ဂ်ာ တစ္သိန္းေက်ာ္ရဲ႕ စာရင္းေတြကို ျမန္မာဘက္ကို ဘဂၤလားေဒ႔ရွ္က ေပးအပ္ထားျပီးျဖစ္ပါတယ္။ ဇူလိုင္ ၂၉ ရက္မွာ ဒါကာမွာျပဳလုပ္တဲ႔ ျမန္မာနုိင္ငံနဲ႔ ေဆြးေႏြးပြဲမွာလည္း ျပန္ပို႔မယ္႔သူေတြစာရင္းကို လႊဲေျပာင္းေပးအပ္ခဲ႔ပါတယ္။ ေနရပ္ျပန္ေရးလုပ္ငန္းစဥ္နဲ႔ ပတ္သက္ျပီး ျမန္မာနုိင္ငံဘက္က အာမခံခ်က္ေတြေပးထားေပမယ္႔လည္း ရိုဟင္ဂ်ာဒုကၡသည္ေတြအေနနဲ႔ ျပန္လိုတဲ႔အရိပ္အေယာင္မေတြ႔ရပါဘူး။ ျမန္မာနုိင္ငံကို ဒီလိုစာရင္းေတြ လႊဲေျပာင္းေပးအပ္ရတဲ႔အေၾကာင္းကေတာ႔ ေနရပ္ျပန္ေရး အားထုတ္မႈေတြအတြက္ စီစစ္ေရးလုပ္ငန္းစဥ္ကို အရိွန္ျမွင္႔လုပ္ေဆာင္လိုတာေၾကာင္႔လို႔ ” နိုင္ငံျခားေရး၀န္ၾကီး မိုမန္ကေျပာပါတယ္။

ျပန္ပို႔မယ္႔ ရိုစင္ဂ်ာ ငါးေသာင္းရဲ႕စာရင္းကိုေတာ႔ ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရး၀န္ၾကီးဌာနရဲ႕ အေရွ႕ေတာင္အာရွေရးရာ ညႊန္ၾကားေရးမွဴးခ်ဳပ္ မိုဟာမက္ဒယ္ဝါဟူစိန္က ျမန္မာသံအမတ္ၾကီး ဦးလြင္ဦးကို ေအာက္တိုဘာ ၁၅ ရက္ေန႔က လႊဲေျပာင္းေပးအပ္ခဲ႔တာျဖစ္ေၾကာင္း ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရး၀န္ၾကီးဌာန ထိပ္တန္းတာဝန္ရိွသူတစ္ဦးကေျပာပါတယ္။

Ref & Photo: bdnews24
#voiceofmyanmar#ျမန္မာနိုင္ငံျပန္ပို႔မယ္႔#ရိုဟင္ဂ်ာငါးေသာင္းစာရင္းသစ္#ဘဂၤလားေဒ႔ရွ္ေပးအပ္#

Unicode

မြန်မာနိုင်ငံပြန်ပို့မယ့် ရိုဟင်ဂျာငါးသောင်း စာရင်းသစ် ဘင်္ဂလားဒေ့ရှ်ပေးအပ်

ဒါကာ၊ အောက်တိုဘာ ၁၆-၂၀၁၉
မျိုးဆက် (VOM)

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ် ဆက်လက်နှောင့်နှေးနေချိန်မှာ မြန်မာနိုင်ငံက စီစစ်ဖို့အတွက် ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည် ငါးသောင်းရဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီလို စာရင်းသစ်ထပ်ပြီးပေးပို့လိုက်တာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က အောက်တိုဘာ ၁၅ ရက်မှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ လက်ရှိအချိန်ထိတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် ပြန်ပို့မယ့် ရိုဟင်ဂျာ တစ်သိန်းကျော်ရဲ့ စာရင်းတွေကို မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်က ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ဒါကာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲမှာလည်း ပြန်ပို့မယ့်သူတွေစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အာမခံချက်တွေပေးထားပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ပြန်လိုတဲ့အရိပ်အယောင်မတွေ့ရပါဘူး။ မြန်မာနိုင်ငံကို ဒီလိုစာရင်းတွေ လွှဲပြောင်းပေးအပ်ရတဲ့အကြောင်းကတော့ နေရပ်ပြန်ရေး အားထုတ်မှုတွေအတွက် စီစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်လိုတာကြောင့်လို့ ” နိုင်ငံခြားရေးဝန်ကြီး မိုမန်ကပြောပါတယ်။

ပြန်ပို့မယ့် ရိုစင်ဂျာ ငါးသောင်းရဲ့စာရင်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဒယ်ဝါဟူစိန်က မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Ref & Photo: bdnews24
#voiceofmyanmar#မြန်မာနိုင်ငံပြန်ပို့မယ့်#ရိုဟင်ဂျာငါးသောင်းစာရင်းသစ်#ဘင်္ဂလားဒေ့ရှ်ပေးအပ်#

Related posts

Leave a Comment

VOM News

FREE
VIEW