အဂတိနဲ႔တရားစြဲခံထားရတဲ့ ေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာနက ၫႊန္ခ်ဳပ္နဲ႔ ၫႊန္မႉးအမႈက တရားလိုကို စစစ္

မႏၲေလး၊ ေအာက္တိုဘာ ၂၃-၂၀၁၉
ျဖဴျဖဴ(VOM)

အဂတိနဲ႔ တရားစြဲခံထားရတဲ့ ရွမ္းျပည္နယ္ အထက္ရဲ႐ြာေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရး ဦးစီးဌာနက ၫႊန္ခ်ဳပ္နဲ႔ ၫႊန္မႉးကို ေအာက္တိုဘာ ၂၃ ရက္ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ ဒုတိယအႀကိမ္႐ုံးထုတ္ခဲ့ၿပီး တရားလိုကို စတင္စစ္ေဆးခဲ့ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ အဂတိက စုံစမ္းစစ္ေရးမႉးျဖစ္သူ တရားလို ဦးေအာင္ျမင့္ေဇာ္ ကို စြပ္စြဲခံရသူ ဦးခ်စ္တိုးအမႈအတြက္ စစ္ေဆးခဲ့တာလို႔ သိရပါတယ္။

“ငါးမႈဆိုေတာ့ သက္ေသကေတာ့ ေျခာက္ေရာက္ပါတာရွိတယ္။ ငါးေယာက္ပါတာရွိတယ္။ အားလံုးရဲ႕တရားလိုကေတာ့ သူပဲ။ သူက ငါးႀကိမ္စစ္ခံရမွာပါ။ “လို႔ ဦးမင္းခိုင္ရဲ႕အက်ိဳးေဆာင္ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေနဦးထြန္းၾကည္က ေျပာပါတယ္။

ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးခ်စ္တိုးကို ရာဇာဝတ္ႀကီးအမႈအမွတ္ ၁၀/၂၀၁၉၊ ၁၁/၂၀၁၉ နဲ႔ ၫႊန္ၾကားေရးမႉးဦးမင္းခိုင္အမႈကို ရာဇာဝတ္ႀကီးအမႈအမွတ္ ၁၂/၂၀၁၉၊ ၁၃/၂၀၁၉၊ ၁၄/၂၀၁၉ အရ မႏၲေလးတိုင္းေဒသႀကီး တိုင္းတရားလႊတ္ေတာ္က လက္ခံထားတာပါ။

အထက္ရဲ႐ြာေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးခ်စ္တိုးနဲ႔ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္တို႔ဟာ ရာထူးအာဏာကို အလြဲသုံးစားျပဳၿပီး အဂတိလိုက္စားမႈမ်ား ရွိေနတဲ့အတြက္
စိစစ္အေရးယူေပးဖို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ထံ တိုင္ၾကားမႈေတြရွိလာတာေၾကာင့္ စက္တင္ဘာ၂၆ ရက္က အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာမွာ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုးအေနနဲ႔ အထက္ရဲ႐ြာေရအား လွ်ပ္စစ္စီမံကိန္းရဲ႕ The Design and Construction of the Underground Works လုပ္ငန္းေတြအတြက္ တင္ဒါ ေအာင္ျမင္ခဲ့တဲ့လုပ္ငန္းေတြထဲက Excavation လုပ္ငန္းၿပီးစီးမႈအေပၚ ကုမၸဏီဘက္က လုပ္ငန္းၿပီးစီးေၾကာင္း လက္မွတ္ ထုတ္ေပးဖို႔ေတာင္းခံရာမွာ ဌာနအေနနဲ႔ ထုတ္ေပးခဲ့ေပမယ့္ စာခ်ဳပ္ပါ စည္းကမ္းခ်က္အရ ေနာက္က်ဒဏ္ေၾကး တန္ဖိုး Euro(225,930.69)ကို ေတာင္းခံဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္ေငြေၾကး ထိခိုက္နစ္နာ ဆုံးရႈံးမႈမ်ား ျဖစ္ေစခဲ့သလို အမွတ္(၂) တည္ေဆာက္ေရး၊ ေ႐ႊလီ(၃) ေရအားလွ်ပ္စစ္ စီမံကိန္းမွာ တင္ဒါေအာင္ျမင္ခဲ့တဲ့ လုပ္ငန္းေတြထဲက ႏွစ္ခုမွာဌာနအတြက္ အလုပ္သမား သုံးစြဲမႈမရွိေပမယ့္ ပုတ္ျပတ္ ေန႔စား အလုပ္သမား သုံးစြဲခြင့္ျပဳခအျဖစ္ ကုမၸဏီကေန ေငြက်ပ္ ၇၁၅ သိန္း သီးျခား ေငြေတာင္းခံတာဟာ အဂတိလိုက္စားမႈအျဖစ္ စစ္ေဆးေပၚေပါက္တယ္လို႔ ေကာ္မရွင္က သိရပါတယ္။

အလားတူ အထက္ရဲ႐ြာေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရးဦးစီးဌာနဒီဇိုင္းနဲ႔ ပုံထုတ္ဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္အေနနဲ႔လည္း ေရအားလွ်ပ္စစ္ ဒီဇိုင္းနဲ႔စပ္လ်ဥ္းၿပီး မူလကမ္းလွမ္းထားတဲ့ ေဈးႏႈန္းထက္ပိုမိုတဲ့ တန္ဖိုးနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ေဆာင္႐ြက္ခ၊ လွ်ပ္စစ္စီမံကိန္းအတြက္ FSR လုပ္ငန္းစဥ္ ျမန္ဆန္ေရးနဲ႔ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္အပါအဝင္ ႏိုင္ငံျခားခရီးစဥ္ ခရီးစရိတ္ေတြအတြက္ ကုမၸဏီေတြထံက စုစုေပါင္းေငြက်ပ္ သိန္း (၃၁၀)ကို ေတာင္းခံ ရယူခဲ့တာ စစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။

အခုလို ေငြေၾကးရယူတာဟာ ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး အဂတိလိုက္စားမႈ က်ဴးလြန္တာ ျဖစ္တဲ့အတြက္ သူတို႔ႏွစ္ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ နဲ႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၁)ၿမိဳ႕မရဲစခန္း၊ ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္းၿမိဳ႕မရဲစခန္း နဲ႔ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္း တို႔မွာ အမႈဖြင့္ခဲ့ၿပီး လက္ရွိမွာေတာ့ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ လာမယ့္႐ုံးခ်ိန္းကို ႏိုဝင္ဘာ ၆ ရက္ကို ခ်ိန္းဆိုလိုက္ပါတယ္။

#voiceofmyanmar# အဂတိ #ရဲ႐ြာေရအားလွ်ပ္စစ္ # မႏၲေလး

 

Unicode

အဂတိနဲ့တရားစွဲခံထားရတဲ့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ညွှန်ချုပ်နဲ့ ညွှန်မှူးအမှုက တရားလိုကို စစစ်

မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉
ဖြူဖြူ(VOM)

အဂတိနဲ့ တရားစွဲခံထားရတဲ့ ရှမ်းပြည်နယ် အထက်ရဲရွာရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနက ညွှန်ချုပ်နဲ့ ညွှန်မှူးကို အောက်တိုဘာ ၂၃ ရက် မန္တလေးတိုင်းတရားလွှတ်တော်မှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ အဂတိက စုံစမ်းစစ်ရေးမှူးဖြစ်သူ တရားလို ဦးအောင်မြင့်ဇော် ကို စွပ်စွဲခံရသူ ဦးချစ်တိုးအမှုအတွက် စစ်ဆေးခဲ့တာလို့ သိရပါတယ်။

“ငါးမှုဆိုတော့ သက်သေကတော့ ခြောက်ရောက်ပါတာရှိတယ်။ ငါးယောက်ပါတာရှိတယ်။ အားလုံးရဲ့တရားလိုကတော့ သူပဲ။ သူက ငါးကြိမ်စစ်ခံရမှာပါ။ “လို့ ဦးမင်းခိုင်ရဲ့အကျိုးဆောင်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးထွန်းကြည်က ပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးကို ရာဇာဝတ်ကြီးအမှုအမှတ် ၁၀/၂၀၁၉၊ ၁၁/၂၀၁၉ နဲ့ ညွှန်ကြားရေးမှူးဦးမင်းခိုင်အမှုကို ရာဇာဝတ်ကြီးအမှုအမှတ် ၁၂/၂၀၁၉၊ ၁၃/၂၀၁၉၊ ၁၄/၂၀၁၉ အရ မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က လက်ခံထားတာပါ။

အထက်ရဲရွာရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ဟာ ရာထူးအာဏာကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုများ ရှိနေတဲ့အတွက်
စိစစ်အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားမှုတွေရှိလာတာကြောင့် စက်တင်ဘာ၂၆ ရက်က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးအနေနဲ့ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းရဲ့ The Design and Construction of the Underground Works လုပ်ငန်းတွေအတွက် တင်ဒါ အောင်မြင်ခဲ့တဲ့လုပ်ငန်းတွေထဲက Excavation လုပ်ငန်းပြီးစီးမှုအပေါ် ကုမ္ပဏီဘက်က လုပ်ငန်းပြီးစီးကြောင်း လက်မှတ် ထုတ်ပေးဖို့တောင်းခံရာမှာ ဌာနအနေနဲ့ ထုတ်ပေးခဲ့ပေမယ့် စာချုပ်ပါ စည်းကမ်းချက်အရ နောက်ကျဒဏ်ကြေး တန်ဖိုး Euro(225,930.69)ကို တောင်းခံဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတော်ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့သလို အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းမှာ တင်ဒါအောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေထဲက နှစ်ခုမှာဌာနအတွက် အလုပ်သမား သုံးစွဲမှုမရှိပေမယ့် ပုတ်ပြတ် နေ့စား အလုပ်သမား သုံးစွဲခွင့်ပြုခအဖြစ် ကုမ္ပဏီကနေ ငွေကျပ် ၇၁၅ သိန်း သီးခြား ငွေတောင်းခံတာဟာ အဂတိလိုက်စားမှုအဖြစ် စစ်ဆေးပေါ်ပေါက်တယ်လို့ ကော်မရှင်က သိရပါတယ်။

အလားတူ အထက်ရဲရွာရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနဒီဇိုင်းနဲ့ ပုံထုတ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းခိုင်အနေနဲ့လည်း ရေအားလျှပ်စစ် ဒီဇိုင်းနဲ့စပ်လျဉ်းပြီး မူလကမ်းလှမ်းထားတဲ့ ဈေးနှုန်းထက်ပိုမိုတဲ့ တန်ဖိုးနဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်ခ၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနဲ့ အဆင်ပြေချောမွေ့စေရေးအတွက်အပါအဝင် နိုင်ငံခြားခရီးစဉ် ခရီးစရိတ်တွေအတွက် ကုမ္ပဏီတွေထံက စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ငွေကြေးရယူတာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်တာ ဖြစ်တဲ့အတွက် သူတို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့မှာ အမှုဖွင့်ခဲ့ပြီး လက်ရှိမှာတော့ မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းကို နိုဝင်ဘာ ၆ ရက်ကို ချိန်းဆိုလိုက်ပါတယ်။

#voiceofmyanmar# အဂတိ #ရဲရွာရေအားလျှပ်စစ် # မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW