ကယ္လီဖိုးနီးယားေတာမီးေၾကာင္႔ ျပည္နယ္အေရးေပၚအေျခအေန ေၾကညာထားရ

ကယ္လီဖိုးနီးယား၊ ေအာက္တိုဘာ ၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္တစ္ေလွ်ာက္မွာ ေလတိုက္နႈန္းျမင္႔မားေနျပီး ေတာမီးေတြ ဆက္လက္ကူးစက္ေလာင္ကြ်မ္းေနတာေၾကာင္႔ ျပည္နယ္အေရးေပၚအေျခကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဂါဗင္နယူးဆမ္က ေၾကညာလိုက္ပါတယ္။

ျပည္နယ္ေျမာက္ပိုင္းရိွ ေဒသခံတစ္သိန္းရွစ္ေသာင္းကို ေနအိမ္ေတြ စြန္႔ခြာထြက္ေျပးဖို႔ အမိန္႔ထုတ္ထားျပီး ေဘးလြတ္ရာကို ေျပာင္းေရႊ႕သူေတြေၾကာင္႔ ဆန္တာရိုဆာ၀န္းက်င္ရိွ ကားလမ္းေတြမွာ ကားေတြနဲ႔ ျပည္႔နွက္ေနပါတယ္။

ေနာက္ထပ္ ေနအိမ္အေရအတြက္ သိန္းခ်ီျပီး ေတာမီးေလာင္ကြ်မ္းနိုင္ေျခရိွေနပါတယ္။ ျပည္နယ္သမိုင္းမွာ အၾကီးအက်ယ္လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈအျဖစ္ လူတစ္သန္းေက်ာ္မွာ ဓါတ္အားျပတ္ေတာက္ေနပါတယ္။
ေနာက္ထပ္ သန္းနွင္႔ခ်ီေသာေဒသခံေတြဟာလည္း လာမယ္႔ နာရီအနည္းငယ္အတြင္း သူတို႔ရဲ႕ ေထာက္ပံ႕ေရးပစၥည္းေတြ ဆံုးရံႈးရဖြယ္ရိွေနပါတယ္။ ေဘးလြတ္ရာကို ေရႊ႔ေျပာင္းဖို႔ အမိန္႔ဟာ ဆန္တာရိုဆာအပါအ၀င္ ဆိုနိုမာစီရင္စုရဲ႕ ေဒသအေတာ္မ်ားမ်ားလည္း ပါဝင္ပါတယ္။

ဆိုနိုမာေဒသမွာ ေတာမီးေၾကာင္႔ ေျမအက်ယ္အ၀န္း ဧကသံုးေသာင္းထက္မနည္း မီးေလာင္ကြ်မ္းသြားပါတယ္။ အင္အားၾကီး ေလျပင္းတိုက္ခတ္မႈေၾကာင္႔ ေဒသအတြင္းမွာ သမိုင္း၀င္ မီးေဘးသင္႔နိုင္တဲ႔ အေျခအေနေတြ ရိွတယ္လို႔ ု အမ်ိဳးသားမိုးေလဝသဌာနက သတိေပးထားပါတယ္။

Ref : BBC , Photo : AP
#voiceofmyanmar #ကယ္လီဖိုးနီးယား #ေတာမီး

Unicode

ကယ်လီဖိုးနီးယားတောမီးကြောင့် ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာထားရ

ကယ်လီဖိုးနီးယား၊ အောက်တိုဘာ ၂၈-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တစ်လျှောက်မှာ လေတိုက်နှုန်းမြင့်မားနေပြီး တောမီးတွေ ဆက်လက်ကူးစက်လောင်ကျွမ်းနေတာကြောင့် ပြည်နယ်အရေးပေါ်အခြေကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ကြေညာလိုက်ပါတယ်။

ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံတစ်သိန်းရှစ်သောင်းကို နေအိမ်တွေ စွန့်ခွာထွက်ပြေးဖို့ အမိန့်ထုတ်ထားပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့သူတွေကြောင့် ဆန်တာရိုဆာဝန်းကျင်ရှိ ကားလမ်းတွေမှာ ကားတွေနဲ့ ပြည့်နှက်နေပါတယ်။

နောက်ထပ် နေအိမ်အရေအတွက် သိန်းချီပြီး တောမီးလောင်ကျွမ်းနိုင်ခြေရှိနေပါတယ်။ ပြည်နယ်သမိုင်းမှာ အကြီးအကျယ်လျှပ်စစ်ဓါတ်အားပြတ်တောက်မှုအဖြစ် လူတစ်သန်းကျော်မှာ ဓါတ်အားပြတ်တောက်နေပါတယ်။
နောက်ထပ် သန်းနှင့်ချီသောဒေသခံတွေဟာလည်း လာမယ့် နာရီအနည်းငယ်အတွင်း သူတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်ဟာ ဆန်တာရိုဆာအပါအဝင် ဆိုနိုမာစီရင်စုရဲ့ ဒေသအတော်များများလည်း ပါဝင်ပါတယ်။

ဆိုနိုမာဒေသမှာ တောမီးကြောင့် မြေအကျယ်အဝန်း ဧကသုံးသောင်းထက်မနည်း မီးလောင်ကျွမ်းသွားပါတယ်။ အင်အားကြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေသအတွင်းမှာ သမိုင်းဝင် မီးဘေးသင့်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ု အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။

Ref : BBC , Photo : AP
#voiceofmyanmar #ကယ်လီဖိုးနီးယား #တောမီး

Related posts

Leave a Comment

VOM News

FREE
VIEW