ဘုရားဖူးလာတဲ့ကား ေပ၂ေထာင္အနက္ ေခ်ာက္ထဲျပဳတ္က်ၿပီး (၁၆)ဦးေသဆုံး

႐ြာငံ၊ ေအာက္တိုဘာ ၂၉-၂၀၁၉
ဟိန္းကို(VOM)

ေ႐ႊဘိုကေန ဘုရားဖူးလာတဲ့ လိုက္ထရပ္ကားတစ္စီးဟာ မေန႔ ေအာက္တိုဘာ၂၈ရက္ ညပိုင္းက ရွမ္းျပည္ေတာင္ပိုင္း ၿမိဳ႕ႀကီး နဲ႔ ႐ြာငံၿမိဳ႕ၾကား ယုန္ေတာင္ေက်း႐ြာနားက ေပ၂ေထာင္ခန႔္အနက္ရွိ ေခ်ာက္ထဲကိုျပဳတ္က်ခဲ့တဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။

” မေန႔ည ၇နာရီ ေလာက္ျဖစ္တယ္လို႔ေျပာတယ္၊ ကားျပဳတ္က်တာေပါ့ ၊ ဘုန္းႀကီးတစ္ပါးအပါအ၀င္ ဒီေန႔မနက္သတင္းအရဆိုရင္ ၁၆ဦးေသဆုံးတယ္၊ ၁၀ဦးကေတာ့ေဆး႐ုံတင္ထားရတယ္ေပါ့ဗ်ာ “လို႔ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၁)က လြတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းလတ္(ခ)ကိုလတ္က VOMကို အတည္ျပဳေျပာပါတယ္။

လက္ရွိ ဒဏ္ရာရသူ ၁၀ဦးထဲက ၈ဦးကို ႐ြာငံေဆး႐ုံမွာ ကုသေနၿပီး ၂ဦးမွာ ဒဏ္ရာစိုးရိမ္ရတဲ့အတြက္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသေနရတယ္လို႔သိရပါတယ္။

” ဘုရားဖူးသြားတာက ေ႐ႊဘိုၿမိဳ႕ ၊ခြန္ေတာင္းႀကီးေက်း႐ြာက ႐ြာသူ၊႐ြာသားေတြဟုတ္ပါတယ္၊ ဘုရားဖူးသြားဖို႔ မႏၲေလးကေန ကားငွားၿပီး ဘုရားဖူးသြားခဲ့တာပါ၊ ကြၽန္ေတာ္တို႔ လူမူကူညီေရးအသင္းကလည္း အသင္းကား၃စီးနဲ႔ ျဖစ္တဲ့ေနရာကို မေန႔ညကပဲ သြားပါတယ္” လို႔ ခြန္ေတာင္းႀကီးေက်း႐ြာက က႐ုဏာသုခ လူမူကူညီေရးအသင္းက အတည္ျပဳ ေျပာပါတယ္။

လက္ရွိ ေခ်ာက္ထဲက်သြားတဲ့ ကားကိုေတာ့ ေခ်ာက္ရဲ႕ အနက္ဟာ ေပ၂ေထာင္ခန္႔ရွိတဲ့အတြက္ သယ္ယူႏိုင္ျခင္းမရွိေသးဘဲ သက္ဆိုင္ရာက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လုပ္ေနတယ္လို႔ သိရပါတယ္။

ဓာတ္ပုံအား ကိုလတ္ facebookမွ ကူးယူေဖာ္ျပသည္။
#voiceofmyanmar #႐ြာငံ #ကားေခ်ာက္ထဲက်

 

Unicode

ဘုရားဖူးလာတဲ့ကား ပေ၂ထောင်အနက် ချောက်ထဲပြုတ်ကျပြီး (၁၆)ဦးသေဆုံး

ရွာငံ၊ အောက်တိုဘာ ၂၉-၂၀၁၉
ဟိန်းကို(VOM)

ရွှေဘိုကနေ ဘုရားဖူးလာတဲ့ လိုက်ထရပ်ကားတစ်စီးဟာ မနေ့ အောက်တိုဘာ၂၈ရက် ညပိုင်းက ရှမ်းပြည်တောင်ပိုင်း မြို့ကြီး နဲ့ ရွာငံမြို့ကြား ယုန်တောင်ကျေးရွာနားက ပေ၂ထောင်ခန့်အနက်ရှိ ချောက်ထဲကိုပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

” မနေ့ည ၇နာရီ လောက်ဖြစ်တယ်လို့ပြောတယ်၊ ကားပြုတ်ကျတာပေါ့ ၊ ဘုန်းကြီးတစ်ပါးအပါအဝင် ဒီနေ့မနက်သတင်းအရဆိုရင် ၁၆ဦးသေဆုံးတယ်၊ ၁၀ဦးကတော့ဆေးရုံတင်ထားရတယ်ပေါ့ဗျာ “လို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)က လွတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်(ခ)ကိုလတ်က VOMကို အတည်ပြုပြောပါတယ်။

လက်ရှိ ဒဏ်ရာရသူ ၁၀ဦးထဲက ၈ဦးကို ရွာငံဆေးရုံမှာ ကုသနေပြီး ၂ဦးမှာ ဒဏ်ရာစိုးရိမ်ရတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသနေရတယ်လို့သိရပါတယ်။

” ဘုရားဖူးသွားတာက ရွှေဘိုမြို့ ၊ခွန်တောင်းကြီးကျေးရွာက ရွာသူ၊ရွာသားတွေဟုတ်ပါတယ်၊ ဘုရားဖူးသွားဖို့ မန္တလေးကနေ ကားငှားပြီး ဘုရားဖူးသွားခဲ့တာပါ၊ ကျွန်တော်တို့ လူမူကူညီရေးအသင်းကလည်း အသင်းကား၃စီးနဲ့ ဖြစ်တဲ့နေရာကို မနေ့ညကပဲ သွားပါတယ်” လို့ ခွန်တောင်းကြီးကျေးရွာက ကရုဏာသုခ လူမူကူညီရေးအသင်းက အတည်ပြု ပြောပါတယ်။

လက်ရှိ ချောက်ထဲကျသွားတဲ့ ကားကိုတော့ ချောက်ရဲ့ အနက်ဟာ ပေ၂ထောင်ခန့်ရှိတဲ့အတွက် သယ်ယူနိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံအား ကိုလတ် facebookမှ ကူးယူဖော်ပြသည်။
#voiceofmyanmar #ရွာငံ #ကားချောက်ထဲကျ

Related posts

Leave a Comment

VOM News

FREE
VIEW