
မျိုးဆက် (VOM)


အစ္စလာမ်မစ်နိုင်ငံရေးပါတီတစ်ခုနဲ့ အခြားအတိုက်အခံအင်အားစုတွေက ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ အတုအယောင်ဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။




Ref : NHK Photo : AP

Unicode

ပါကစ္စတန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ လူသိန်းချီဆန္ဒပြနေကြ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းနှုတ်ထွက်ရေးအတွက် မြို့တော် အစ္စလာမ္မဘတ်မှာ ပြည်သူသိန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ပြီး တောင်းဆိုနေကြပါတယ်။

အစ္စလာမ်မစ်နိုင်ငံရေးပါတီတစ်ခုနဲ့ အခြားအတိုက်အခံအင်အားစုတွေက ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ အတုအယောင်ဖြစ်တယ်လို့ ရုှုတ်ချလိုက်ပါတယ်။

ဆန္ဒပြသူများသည် ဝန်ကြီးချုပ် အိုင်မရာခန်း နဲ့ သူ့ရဲ့စိုရအဖွဲ့ရာထူးကနေ နှုတ်ထွက်ရေးနဲ့ ပါလီမန်ဖျက်သိမ်း ရေးတို့ကို တောင်းဆိုနေကြပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ နှစ်ရက်အတွင်း ရာထူးကနေမနှုတ်ထွက်ဘူးဆိုရင် ဖြိုခွဲရခက်တဲ့ ပြင်းထန်တဲ့ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာအောင် မြို့တော် အစ္စလာမ္မာဘတ်တစ်လျှောက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ချထားနေပါတယ်။

Ref : NHK Photo : AP
#voiceofmyanmar #ပါကစ္စတန် #ဝန်ကြီးချုပ်နှုတ်ထွက်ဖို့ ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW