ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ရွင္းျပဖို႔ လႊတ္ေတာ္ကို ခြင့္ေတာင္းတာ မအားဘူးဆိုၿပီး ပယ္ခ်ခံရ

 

Zawgyi

ရန္ကုန္၊ ႏိုဝင္ဘာ ၂ – ၂၀၁၉
မင္းရန္ႏိုင္(VOM)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ရွင္းျပဖို႔အတြက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC) ရဲ႕ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မွ အဖြဲ႕ဝင္လည္းျဖစ္ ေျမာက္ဦးမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္တဲ႕ ဦးဦးလွေစာက လႊတ္ေတာ္နာယကထံခြင့္ေတာင္းရာ မအားဘူးဆိုၿပီး ပယ္ခ်ခဲ့တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္က ရန္ကုန္မွာ ျပဳလုပ္ခဲ့တဲ့ “ၿငိမ္းခ်မ္းေရးသုံးသပ္ျခင္းေဆြးေႏြးပြဲ”မွာ UPDJC ရဲ႕ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕မွာ အဖြဲ႕ဝင္လည္းျဖစ္တဲ့ ဦးဦးလွေစာက ေဆြးေႏြးရာမွာ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အႏိုင္ရပါတီ ၂၄ ခုပါဝင္တဲ့ UPDJC အဖြဲ႕ဟာ တိုင္းနဲ႔ျပည္နယ္အႏွံ႔ကိုသြားၿပီး Peace Process ကို ရွင္းျပတယ္။ အရပ္ဖက္လူ႔အဖြဲ႕အစည္းေတြနဲ႔ ေတြ႕တယ္။ ႏိုင္ငံေရးပါတီေတြနဲ႔ေတြ႕တယ္။ အဲဒီေတာ့ လႊတ္ေတာ္အတြင္းမွာရွိတဲ့ အမတ္ေတြဟာ Peace Process မွာ စိတ္ဝင္စားမႈ အင္မတန္အားနည္းတယ္လို႔ ျမင္တာေၾကာင့္ လႊတ္ေတာ္ထဲမွာလည္း Peace Process ကို ရွင္းျပသင့္တယ္ဆိုၿပီး ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕ရဲ႕ UPDJC ဒုဥကၠ႒လက္မွတ္ထိုးၿပီး လႊတ္ေတာ္ကိုလည္း တင္တယ္၊ လႊတ္ေတာ္နာယကႀကီးဆီကိုလည္း တင္တယ္။ လႊတ္ေတာ္ထဲမွာရွိတဲ့ တိုင္းရင္းသားအကုန္လုံးကို ကြၽန္ေတာ္တို႔ ရွင္းျပခ်င္တယ္၊ သေဘာထားနားေထာင္ခ်င္တယ္ဆိုၿပီး လႊတ္ေတာ္ထဲမွာ လုပ္ခြင့္ေပးပါဆိုၿပီး ေတာင္းတယ္။ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ရခဲ့တယ္။ သက္ဆိုင္ရာ NLD က ဝန္ႀကီးေတြလည္း လာၿပီးအကူအညီေပးတယ္။ လႊတ္ေတာ္ကို တင္ျပတဲ့အခါၾကမွ လႊတ္ေတာ္ဥကၠ႒က မအားဘူးဆိုၿပီး ပယ္ခ်လိုက္တယ္”လို႔ ဦးဦးလွေစာက ေျပာပါတယ္။

ဒီလို ႀကဳံေတြ႕ရတာကို နားမလည္ႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို လုပ္ေဆာင္ရတာမွာ ဒီလိုအခက္အခဲေလးေတြလည္း အမ်ားႀကီးႀကဳံရတယ္လို႔ သူက ဆက္ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ NCA ႏွစ္ပတ္လည္ေန႔အခမ္းအနားမွာ KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစာဖိုးက မိန႔္ခြန္းေျပာၾကားရာမွာ “NCA စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ေလးႏွစ္ျပည့္ လြန္ေျမာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ သို႔ေပမယ့္ အခုထက္ထိ တိုးတက္မႈမ်ားမ်ားစားစား မရရွိေသးတာက သံသယေတြ၊ စိုးရိမ္မႈေတြ၊ ယုံၾကည္မႈေတြ အားနည္းေနၿပီး အာဃတတရားေတြ အားေကာင္းေနေသးတယ္လို႔ ျမင္မိတယ္၊ ကြၽန္ေတာ္တို႔ေတြဟာ ဘာကို မယုံမၾကည္ျဖစ္ေနၾကတာလဲ”လို႔ ေျပာပါတယ္။

ဒီအခ်က္ေတြကို ျပန္လည္ဆန္းစစ္ရမွာျဖစ္ၿပီး မွန္ကန္တဲ့ တရားမွ်တတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပုံေဖာ္အေကာင္အထည္ေဖာ္ေဆာင္ၾကရမယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစာဖိုးကလည္း အန္စီေအေလးႏွဏ္ျပည့္ အခမ္းအနား မိန္႕႕ခြန္းမွာ ထည့္သြင္း ေျပာၾကားထားပါတယ္။

 

#voiceofmyanmar #ဦးဦးလွေစာ #ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC) #ေျမာက္ဦးလႊတ္ေတာ္ကိုုယ္စားလွယ္ #ျပည္သူ႕လႊတ္ေတာ္

 

Unicode

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်းပြဖို့ လွှတ်တော်ကို ခွင့်တောင်းတာ မအားဘူးဆိုပြီး ပယ်ချခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂ – ၂၀၁၉
မင်းရန်နိုင်(VOM)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်းပြဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ် မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဦးလှစောက လွှတ်တော်နာယကထံခွင့်တောင်းရာ မအားဘူးဆိုပြီး ပယ်ချခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးသုံးသပ်ခြင်းဆွေးနွေးပွဲ”မှာ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှာ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဦးလှစောက ဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အနိုင်ရပါတီ ၂၄ ခုပါဝင်တဲ့ UPDJC အဖွဲ့ဟာ တိုင်းနဲ့ပြည်နယ်အနှံ့ကိုသွားပြီး Peace Process ကို ရှင်းပြတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ နိုင်ငံရေးပါတီတွေနဲ့တွေ့တယ်။ အဲဒီတော့ လွှတ်တော်အတွင်းမှာရှိတဲ့ အမတ်တွေဟာ Peace Process မှာ စိတ်ဝင်စားမှု အင်မတန်အားနည်းတယ်လို့ မြင်တာကြောင့် လွှတ်တော်ထဲမှာလည်း Peace Process ကို ရှင်းပြသင့်တယ်ဆိုပြီး ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ UPDJC ဒုဥက္ကဋ္ဌလက်မှတ်ထိုးပြီး လွှတ်တော်ကိုလည်း တင်တယ်၊ လွှတ်တော်နာယကကြီးဆီကိုလည်း တင်တယ်။ လွှတ်တော်ထဲမှာရှိတဲ့ တိုင်းရင်းသားအကုန်လုံးကို ကျွန်တော်တို့ ရှင်းပြချင်တယ်၊ သဘောထားနားထောင်ချင်တယ်ဆိုပြီး လွှတ်တော်ထဲမှာ လုပ်ခွင့်ပေးပါဆိုပြီး တောင်းတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရခဲ့တယ်။ သက်ဆိုင်ရာ NLD က ဝန်ကြီးတွေလည်း လာပြီးအကူအညီပေးတယ်။ လွှတ်တော်ကို တင်ပြတဲ့အခါကြမှ လွှတ်တော်ဥက္ကဋ္ဌက မအားဘူးဆိုပြီး ပယ်ချလိုက်တယ်”လို့ ဦးဦးလှစောက ပြောပါတယ်။

ဒီလို ကြုံတွေ့ရတာကို နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရတာမှာ ဒီလိုအခက်အခဲလေးတွေလည်း အများကြီးကြုံရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ NCA နှစ်ပတ်လည်နေ့အခမ်းအနားမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစောဖိုးက မိန့်ခွန်းပြောကြားရာမှာ “NCA စာချုပ် ချုပ်ဆိုခဲ့တာ လေးနှစ်ပြည့် လွန်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် အခုထက်ထိ တိုးတက်မှုများများစားစား မရရှိသေးတာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃတတရားတွေ အားကောင်းနေသေးတယ်လို့ မြင်မိတယ်၊ ကျွန်တော်တို့တွေဟာ ဘာကို မယုံမကြည်ဖြစ်နေကြတာလဲ”လို့ ပြောပါတယ်။

ဒီအချက်တွေကို ပြန်လည်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်အကောင်အထည်ဖော်ဆောင်ကြရမယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစောဖိုးကလည်း အန်စီအေလေးနှဏ်ပြည့် အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။

#voiceofmyanmar #ဦးဦးလှစော #ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) #မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် #ပြည်သူ့လွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW