က်ိဳက္ထီး႐ိုးေတာင္ေတာ္ ေဂါပကအဖြဲ႕က ပ်ံက်ေစ်းသည္ ၁၄ ဦးကိုအမႈဖြင့္ထား

ကိ်ဳက္ထို ၊ ႏိုဝင္ဘာ ၅-၂၀၁၉
သူရိန္(VOM)

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္အတြင္းက ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ေပၚမွာ ႏိုဝင္ဘာ( ၄) ရက္ နံနက္ပိုင္းက ပ်ံက်ေစ်းသည္ေတြနဲ႔ ေတာင္ေတာ္ေပၚကေစ်းေကာ္မတီဝင္၊ စည္းကမ္းထိန္းသိမ္းေရးဝန္ထမ္းေတြ ျပသာနာပြားျဖစ္ခဲ့တာနဲ႔ပက္သက္ၿပီး ေဂါပကအဖြဲ႕က ေဈးသည္(၁၄)ဦးကို အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

“ လက္ရွိအမႈကေတာ့ဖြင့္ထားပါတယ္။ ပုဒ္မေတာ့မသိေသးဘူး။ ေဈးသည္ေတြကိုသင့္ေတာ္တဲ့ေနရာ ခ်ထားေပးပါတယ္။ ကြၽန္ေတာ္တို႔ကဘုရားဖူးက်ပ္မယ့္ေနရာ ၊ အသြားအလာပိတ္မယ့္ေနရာ ၊ ရင္ျပင္ေတာ္လိုေနရာေတြမွာ ေပးမေရာင္းပါဘူး။ မုဆိုးေတာင္ ထမင္းဆိုင္လူစည္တဲ့ေနရာေတြမွာ သူတို႔ကိုေနရာခ်ထားေပးပါတယ္။ အဆင္မေျပဘူးဆိုတဲ့ေဈးသည္ေတြက က်ဴးေက်ာ္ေဈးသည္ေတြပါ။ ကြၽန္ေတာ္တို႔က ေပးႏိုင္တဲ့ေနရာေပးတာပါ ”လို႔ က်ိဳက္ထီးရိုးေတာင္ေတာ္ေဂါပကအဖြဲ႕ဝင္ ဦးေက်ာ္ဝင္းလႈိင္ကေျပာပါတယ္။

နိုဝင္ဘာ(၄)ရက္ေန႔မနက္ပိုင္းက က်ိဳက္ထိုဟိုတယ္ေရွ႕ ရင္ျပင္ေတာ္အတက္လမ္းတစ္ေလွ်ာက္ လမ္းေဘးဝဲယာမွာရိွတဲ့ ပ်ံက်ေစ်းသည္ေတြကို ေဂါပကအဖြဲ.ဝင္၊ ေစ်းေကာ္မတီ၊ ရဲတပ္ဖြဲ.ဝင္ေတြ နဲ႔ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြက ဝင္ေရာက္ရွင္းလင္းရာမွာ မေက်နပ္တဲ့ေစ်းသည္ေတြက သူတို႔ရဲ႕ ပစၥည္းေတြကို ကိုင္တြယ္၊ ဖမ္းဆီးတယ္ဆိုၿပီး ႏွစ္ဖက္အျပန္အလွန္ ခုခံ႐ိုက္ႏွက္မႈ႕မ်ားျဖစ္ခဲ့ၿပီး ႏွစ္ဖက္စလံုး ထိခိုက္ဒဏ္ရာရရွိမႈေတြရွိခဲ့တယ္လို႔ သိရပါတယ္။

“ ကြၽန္မတို႔ပစၥည္းသိမ္းဖို႔စီစဥ္ေနခ်ိန္ စည္း/ထိမ္းေတြက မသိမ္းရဘူးဆိုၿပီး သြန္ေနတာ ။ ကိုယ္ေတြက မသြန္ပါနဲ႔ဆိုၿပီး ျပန္ဆြဲတာ။ သူဆြဲငါဆြဲ ဆြဲတာမရေတာ့ စည္း/ထိမ္းေတြကစထိုးတာ ။ ကြၽန္မတို႔ကေဈးျခင္းေလးတခုဘဲ လမ္းေၾကာင္းလာတယ္ဆိုရင္ ပုဆိုးေလးအုပ္ၿပီး သိမ္းေပးတာဘဲေလ။ အခုကေဈးျခင္းလဲ လက္ဝယ္မရွိဘူး ။ လုပ္သြားတာက စည္း/ထိမ္း အဖြဲ႕ေတြ ၊ ရဲေတြကဝင္တားတယ္။ စည္း/ ထိမ္း ဦးဝင္းေမာင္နဲ႔အဖြဲ႕ကလုပ္တာ ။ သူတို႔ေပးတဲ့ေနရာကဘုရားဖူးမဆင္းေတာ့ ေရာင္းမေကာင္းဘူး။ ဒီမွာ ပဲဆက္ေရာင္းတာကို ခြင့္ျပဳေပးဖို႔ေျပာတာကိုမရတာ ”လို႔ ေတာင္နံႀကီး ၊ ပုတီးမ်ားေရာင္းခ်သူ မသဇင္ကေျပာပါတယ္။

က်ိဳက္ထီး႐ိုးျဖစ္စဥ္အရ ေဂါပကအဖြဲ.က နယ္ေျမခံကင္မြန္းေခ်ာင္းရဲစခန္းမွာ ေစ်းသည္(၁၄)ဦးကို ပ/၁၁၃/၂၀၁၉အရအမႈဖြင့္လွစ္ထားၿပီး ေစ်းသည္ေတြကလည္း ျပန္လည္အမႈဖြင့္လွစ္တိုင္ၾကားေနၾကတယ္လို႔ သိရပါတယ္။

#voiceofmyanmar #က်ိဳက္ထို #ကိ်ဳက္ထီးရိုး #ပ်ံက်ေစ်းသည္

Unicode

ကျိုက်ထီးရိုးတောင်တော် ဂေါပကအဖွဲ့က ပျံကျဈေးသည် ၁၄ ဦးကိုအမှုဖွင့်ထား

ကျိုက်ထို ၊ နိုဝင်ဘာ ၅-၂၀၁၉
သူရိန်(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုဝင်ဘာ( ၄) ရက် နံနက်ပိုင်းက ပျံကျဈေးသည်တွေနဲ့ တောင်တော်ပေါ်ကဈေးကော်မတီဝင်၊ စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေ ပြသာနာပွားဖြစ်ခဲ့တာနဲ့ပက်သက်ပြီး ဂေါပကအဖွဲ့က ဈေးသည်(၁၄)ဦးကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။

“ လက်ရှိအမှုကတော့ဖွင့်ထားပါတယ်။ ပုဒ်မတော့မသိသေးဘူး။ ဈေးသည်တွေကိုသင့်တော်တဲ့နေရာ ချထားပေးပါတယ်။ ကျွန်တော်တို့ကဘုရားဖူးကျပ်မယ့်နေရာ ၊ အသွားအလာပိတ်မယ့်နေရာ ၊ ရင်ပြင်တော်လိုနေရာတွေမှာ ပေးမရောင်းပါဘူး။ မုဆိုးတောင် ထမင်းဆိုင်လူစည်တဲ့နေရာတွေမှာ သူတို့ကိုနေရာချထားပေးပါတယ်။ အဆင်မပြေဘူးဆိုတဲ့ဈေးသည်တွေက ကျူးကျော်ဈေးသည်တွေပါ။ ကျွန်တော်တို့က ပေးနိုင်တဲ့နေရာပေးတာပါ ”လို့ ကျိုက်ထီးရိုးတောင်တော်ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်ကပြောပါတယ်။

နိုဝင်ဘာ(၄)ရက်နေ့မနက်ပိုင်းက ကျိုက်ထိုဟိုတယ်ရှေ့ ရင်ပြင်တော်အတက်လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာရှိတဲ့ ပျံကျဈေးသည်တွေကို ဂေါပကအဖွဲ.ဝင်၊ ဈေးကော်မတီ၊ ရဲတပ်ဖွဲ.ဝင်တွေ နဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ဝင်ရောက်ရှင်းလင်းရာမှာ မကျေနပ်တဲ့ဈေးသည်တွေက သူတို့ရဲ့ ပစ္စည်းတွေကို ကိုင်တွယ်၊ ဖမ်းဆီးတယ်ဆိုပြီး နှစ်ဖက်အပြန်အလှန် ခုခံရိုက်နှက်မှု့များဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်မတို့ပစ္စည်းသိမ်းဖို့စီစဉ်နေချိန် စည်း/ထိမ်းတွေက မသိမ်းရဘူးဆိုပြီး သွန်နေတာ ။ ကိုယ်တွေက မသွန်ပါနဲ့ဆိုပြီး ပြန်ဆွဲတာ။ သူဆွဲငါဆွဲ ဆွဲတာမရတော့ စည်း/ထိမ်းတွေကစထိုးတာ ။ ကျွန်မတို့ကဈေးခြင်းလေးတခုဘဲ လမ်းကြောင်းလာတယ်ဆိုရင် ပုဆိုးလေးအုပ်ပြီး သိမ်းပေးတာဘဲလေ။ အခုကဈေးခြင်းလဲ လက်ဝယ်မရှိဘူး ။ လုပ်သွားတာက စည်း/ထိမ်း အဖွဲ့တွေ ၊ ရဲတွေကဝင်တားတယ်။ စည်း/ ထိမ်း ဦးဝင်းမောင်နဲ့အဖွဲ့ကလုပ်တာ ။ သူတို့ပေးတဲ့နေရာကဘုရားဖူးမဆင်းတော့ ရောင်းမကောင်းဘူး။ ဒီမှာ ပဲဆက်ရောင်းတာကို ခွင့်ပြုပေးဖို့ပြောတာကိုမရတာ ”လို့ တောင်နံကြီး ၊ ပုတီးများရောင်းချသူ မသဇင်ကပြောပါတယ်။

ကျိုက်ထီးရိုးဖြစ်စဉ်အရ ဂေါပကအဖွဲ.က နယ်မြေခံကင်မွန်းချောင်းရဲစခန်းမှာ ဈေးသည်(၁၄)ဦးကို ပ/၁၁၃/၂၀၁၉အရအမှုဖွင့်လှစ်ထားပြီး ဈေးသည်တွေကလည်း ပြန်လည်အမှုဖွင့်လှစ်တိုင်ကြားနေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #ကျိုက်ထို #ကျိုက်ထီးရိုး #ပျံကျဈေးသည်

Related posts

Leave a Comment

VOM News

FREE
VIEW