မေလးရွားနိုင္ငံမွ ေရသန္႔ဘူး(၁၇)သန္းကို စင္ကာပူနုိင္ငံက လစဥ္ဝယ္သံုးေနရ

စင္ကာပူ၊ နိုဝင္ဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

စင္ကာပူနုိင္ငံဟာ မေလးရွားနိုင္ငံတစ္နိုင္ငံတည္းမွ တစ္လကို ေရသန္႔ဘူး(၁၇)သန္း ဝယ္ယူသံုးစြဲေနရတယ္လို႔ စင္ကာပူစားနပ္ရိကၡာေအဂ်င္စီရဲ႕ ေနာက္ဆံုးထုတ္ျပန္တဲ႔ စာရင္းေတြကိုကိုးကားျပီး သဘာဝပတ္၀န္းက်င္းနဲ႔ ေရအရင္းအျမစ္ဝန္ၾကီး မစၥတာမာဆာဂို႔ဇူကီဖလီက ေျပာပါတယ္။

ရံုးအေဆာက္အဦးေတြ၊ ေစ်းဝယ္စင္တာေတြနဲ႔ အမ်ားျပည္သူပို႔ေဆာင္ေရးစခန္းေတြမွာ ေရေပးစက္ေတြနဲ႔ ေရေအးစက္ေတြ ပိုမိုတပ္ဆင္မယ္႔ အစိုးရရဲ႕ အစီအစဥ္နဲ႔႔ပတ္သက္လို႔ ပါလီမန္အမတ္ မိုဟာမက္အာရွက္ရဲ႕ ေမးခြန္းကို စာနဲ႔ျပန္လည္ေျဖၾကားရာမွာ သူကေျပာဆိုခ႔ဲတာျဖစ္ပါတယ္။

ဆီးခ်ိဳေရာဂါတိုက္ဖ်က္ေရးအပါအဝင္ ေရသန္႔ဘူးေတြသံုးစြဲတာကို ေလွ်ာ႔ခ်ျခင္းျဖင္႔ စင္ကာပူရဲ႕ စြန္႔ပစ္ပစၥည္းလံုး၀မရိွေရးအားထုတ္မႈေတြကုိ ေထာက္ခံေၾကာင္းနဲ႔ ကနဦီးအစျပဳလုပ္ေဆာင္တာေတြကိုလည္း သဘာဝပတ္၀န္းက်င္နဲ႔ ေရအရင္းအျမစ္ဝန္ၾကီးဌာနက အားေပးေၾကာင္း မစၥတာမာဆာဂို႔က ေျပာဆိုပါတယ္။

စင္ကာပူစားနပ္ရိကၡာေအဂ်င္စီရဲ႕ ေနာက္ဆံုးထုတ္ျပန္ထားတဲ႔ ကိန္ဂဏန္းေတြ အရ မေလးရွားတစ္နုိင္ငံတည္းမွ တစ္လကို ေရသန္႔ဘူး(၁၇)သန္း ဝယ္ယူတင္သြင္း သံုးစြဲေနရတာျဖစ္ၿပီး စင္ကာပူနိုင္ငံမွာ ေရပိုက္လိုင္းေတြက ေပးတဲ႔ေရဟာ ေသာက္သံုးဖို႔ လံုးဝအႏၱရာယ္ကင္းတာေၾကာင္႔ ေရသန္႔ဘူးေတြသံုးစြဲတာကို ေလွ်ာ႔ခ်ေရး ေသခ်ာစြာလုပ္ေဆာင္သင္႔တယ္လို႔ မစၥတာမာဆာဂို႔က ေျပာပါတယ္။

Ref : CNA Photo : AFP
#voiceofmyanmar #စင္ကာပူ #မေလးရွား #ေရသန္႔ဘူး

Unicode

မလေးရှားနိုင်ငံမှ ရေသန့်ဘူး(၁၇)သန်းကို စင်ကာပူနိုင်ငံက လစဉ်ဝယ်သုံးနေရ

စင်ကာပူ၊ နိုဝင်ဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူသုံးစွဲနေရတယ်လို့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေကိုကိုးကားပြီး သဘာဝပတ်ဝန်းကျင်းနဲ့ ရေအရင်းအမြစ်ဝန်ကြီး မစ္စတာမာဆာဂို့ဇူကီဖလီက ပြောပါတယ်။

ရုံးအဆောက်အဦးတွေ၊ ဈေးဝယ်စင်တာတွေနဲ့ အများပြည်သူပို့ဆောင်ရေးစခန်းတွေမှာ ရေပေးစက်တွေနဲ့ ရေအေးစက်တွေ ပိုမိုတပ်ဆင်မယ့် အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ပါလီမန်အမတ် မိုဟာမက်အာရှက်ရဲ့ မေးခွန်းကို စာနဲ့ပြန်လည်ဖြေကြားရာမှာ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆီးချိုရောဂါတိုက်ဖျက်ရေးအပါအဝင် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချခြင်းဖြင့် စင်ကာပူရဲ့ စွန့်ပစ်ပစ္စည်းလုံးဝမရှိရေးအားထုတ်မှုတွေကို ထောက်ခံကြောင်းနဲ့ ကနဦးအစပြုလုပ်ဆောင်တာတွေကိုလည်း သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနက အားပေးကြောင်း မစ္စတာမာဆာဂို့က ပြောဆိုပါတယ်။

စင်ကာပူစားနပ်ရိက္ခာအေဂျင်စီရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်ဂဏန်းတွေ အရ မလေးရှားတစ်နိုင်ငံတည်းမှ တစ်လကို ရေသန့်ဘူး(၁၇)သန်း ဝယ်ယူတင်သွင်း သုံးစွဲနေရတာဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ရေပိုက်လိုင်းတွေက ပေးတဲ့ရေဟာ သောက်သုံးဖို့ လုံးဝအန္တရာယ်ကင်းတာကြောင့် ရေသန့်ဘူးတွေသုံးစွဲတာကို လျှော့ချရေး သေချာစွာလုပ်ဆောင်သင့်တယ်လို့ မစ္စတာမာဆာဂို့က ပြောပါတယ်။

Ref : CNA Photo : AFP
#voiceofmyanmar #စင်ကာပူ #မလေးရှား #ရေသန့်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW