မူးယစ္ေဆးဝါးဖမ္းဆီမွဳအတြက္ စစ္ကိုုင္းတိုုင္ဝန္ၾကီးခ်ဳပ္က ခ်ီးျမွင့္တဲ႕ဆုုေငြ တလေက်ာ္သည္ထိ ကာယကံရွင္မရတဲ႕အျပင္ ဆုုရတဲ႕ ဒုုရဲအုုပ္လည္း ေအေအဖမ္းဆီးခံရတဲ႕ထဲ ပါေန

မူးယစ္ေဆးဝါးဖမ္းဆီမွဳအတြက္ စစ္ကိုုင္းတိုုင္ဝန္ၾကီးခ်ဳပ္က ခ်ီးျမွင့္တဲ႕ဆုုေငြ တလေက်ာ္သည္ထိ ကာယကံရွင္မရတဲ႕အျပင္ ဆုုရတဲ႕ ဒုုရဲအုုပ္လည္း ေအေအဖမ္းဆီးခံရတဲ႕ထဲ ပါေန

စစ္ကိုင္း ႏိုဝင္ဘာ ၁၅ -၂၀၁၉
ရွိဳင္းေအာင္(VOM)

မႈယစ္ေဆးဝါးအမ်ားဆုံးဖမ္းဆီးရမိမႈနဲ႔ ပတ္သက္ၿပီး စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ ေငြ က်ပ္ငါးသိန္းဟာ တလေက်ာ္လာေပမယ့္ ကာယကံရွင္မိသားစုဆီကို မေရာက္ေသးေၾကာင္း သိရပါတယ္။

အင္းေတာ္ၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ ေဇာ္သူနဲ႔ အဖြဲ႕က က်ပ္သိန္း ၁၅၄၀ ခန႔္ တန္းဖိုးရွိတဲ့ မႈးယစ္ေဆးဝါးေတြကို ဖမ္းဆီးႏိုင္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့အာက္တိုဘာလ ၁ ရက္ေန႔က မုံ႐ြာၿမိဳ႕၊ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပျပဳလုပ္ခဲ့တဲ့ (၅၅)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔မွာ ဒုရဲအုပ္ ေဇာ္သူနဲ႔အဖြဲ႕ကို စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က ေငြ က်ပ္ငါးသိန္း ခ်ီးျမႇင္ခဲ့ေပမယ့္လည္း ေငြ က်ပ္ငါးသိန္းဟာ တစ္လေက်ာ္ၾကာတဲ့အထိ မရရွိေသးဘူးလို႔ ဒုရဲအုပ္ ေဇာ္သူ ရဲ႕ဇနီး ေဒၚသဲအိဇာ ကေျပာပါတယ္။

”မႈးယစ္ေဆးဝါးအမ်ားဆုံးဖမ္းဆီးရမိတဲ့ အတြက္
စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ ၂၁ ဦးထဲမွာ ကြၽန္မအမ်ိဳးသားလည္း ပါပါတယ္။ ဂုဏ္ျပဳေငြ က်ပ္ငါးသိန္းဆိုၿပီး ဝန္ႀကီးခ်ဳပ္က ေပးတာ မွန္ေဘာင္ရယ္ ဆုေငြဘူးေလးနဲ႔ ေပးတယ္။ ဆုေငြကို ေနာက္မွ ထုတ္ယူပါလို႔ ကြၽန္မတို႔ကို ေျပာလိုက္တယ္ ။ အဲဒါနဲ႔ ပတ္သက္ေတာ့ ကြၽန္မအမ်ိဳးသားက ရခိုင္ကို ေျပာင္းရမယ္လို႔ အမိန္ထြက္ေတာ့ စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕႐ုံးက တာဝန္ရွိ
ေတြထံေတြ႕ၿပီ းဝင္ေျပာပါေသးတယ္၊ မစီစစ္ရေသးဘူး စိစစ္ၿပီ လုပ္ေပးပါမယ္လို႔ေျပာၿပီး ခုခ်ိန္ထိ ဒီဆုေငြ မရရွိေသးပါဘူး။”လို႔ ေဒၚသဲအိဇာ ကေျပာပါတယ္။

အင္းေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဒုရဲအုပ္ ေဇာ္သူဟာ ဒီႏွစ္ ေအာက္တိုဘာလ အတြင္းက ရခိုင္ျပည္နယ္ အမွတ္ (၄)နယ္ျခားေစာင့္တပ္ရင္းကို ေျပာင္းေ႐ြ႕မိန႔္ က်တဲ့အတြက္ သြားေရာက္ရာမွာ ဒုရဲအုပ္ ေဇာ္သူအပါအဝင္ စစ္ကိုင္းတိုင္းေဒသႀကီးက ေျပာင္းေ႐ႊ႕ရတဲ့ အျခားတပ္ဖြဲ႕ဝင္ေတြပါ AA လက္နက္ကိုင္အဖြဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းခံရေၾကာင္း နဲ႔ ဂုဏ္ျပဳခ်ီးျမင့္ေငြနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူေတြကို ဆက္သြယ္စုံးစမ္းေမျမန္းခဲ့ေပမယ့္လည္း ဒီေန႔ခ်ိန္ထိ မရရွိေသးေၾကာင္း ေဒၚသဲအိဇာကကေျပာပါတယ္။

အင္းေတာ္ၿမိဳ႕မရဲစခန္းက စခန္းမႉး ဒုရဲမႉး ျမင့္ေအာင္ က ” ဟိုတေန႔က သူ႔မိန္းမ( ေဒၚသဲအိဇာ ) ကြၽန္ေတာ္ဆီ ဖုန္းဆက္ေသးတယ္။ ခ႐ိုင္ကေန ၿမိဳ႕နယ္ကို ခ်ေပးလိုက္တယ္ေျပာလို႔၊ ကြၽန္ေတာ္လည္း ၾကားၾကားခ်င္ ၿမိဳ႕နယ္႐ုံးကို သြားေမးတယ္။ ဆုေငြနဲ႔ပတ္သက္ၿပီး ဘာစာမွ ထုတ္မေပးေသးဘူးတဲ့၊ သူ႔လည္း ဘယ္လိုျပန္ေျပာလို႔ ေျပာရမွန္းမသိေသးတာနဲ႔ ေစာင့္ၾကည့္ေနတယ္။ ဒီေန႔ မနက္က်မွ ဆုေငြအေၾကာင္း စာဝင္လာတယ္။ၿမိဳ႕နယ္ကို စာဝင္လာေတာ့ အရာရွိတစ္ဦးသြားထုတ္ၿပီးမွ သူတို႔ကို အခ်ိဳးက် ျပန္ခြဲေပးပါမယ္ ”လို႔ (VOM) ကို ေျပာပါတယ္။

#voiceofmyanmar #စစ္ကိုုင္းဝန္ၾကီးခ်ဳပ္ဆုုေငြကာယကံရွင္ေတြမရ

 

Unicode

မူးယစ်ဆေးဝါးဖမ်းဆီမှုအတွက် စစ်ကိုင်းတိုင်ဝန်ကြီးချုပ်က ချီးမြှင့်တဲ့ဆုငွေ တလကျော်သည်ထိ ကာယကံရှင်မရတဲ့အပြင် ဆုရတဲ့ ဒုရဲအုပ်လည်း အေအေဖမ်းဆီးခံရတဲ့ထဲ ပါနေ

စစ်ကိုင်း နိုဝင်ဘာ ၁၅ -၂၀၁၉
ရှိုင်းအောင်(VOM)

မှုယစ်ဆေးဝါးအများဆုံးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဂုဏ်ပြုချီးမြှင့်တဲ့ ငွေ ကျပ်ငါးသိန်းဟာ တလကျော်လာပေမယ့် ကာယကံရှင်မိသားစုဆီကို မရောက်သေးကြောင်း သိရပါတယ်။

အင်းတော်မြို့မရဲစခန်းက ဒုရဲအုပ် ဇော်သူနဲ့ အဖွဲ့က ကျပ်သိန်း ၁၅၄၀ ခန့် တန်းဖိုးရှိတဲ့ မှုးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အာက်တိုဘာလ ၁ ရက်နေ့က မုံရွာမြို့၊မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ဒုရဲအုပ် ဇော်သူနဲ့အဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ငွေ ကျပ်ငါးသိန်း ချီးမြှင်ခဲ့ပေမယ့်လည်း ငွေ ကျပ်ငါးသိန်းဟာ တစ်လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ ဒုရဲအုပ် ဇော်သူ ရဲ့ဇနီး ဒေါ်သဲအိဇာ ကပြောပါတယ်။

”မှုးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရမိတဲ့ အတွက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၁ ဦးထဲမှာ ကျွန်မအမျိုးသားလည်း ပါပါတယ်။ ဂုဏ်ပြုငွေ ကျပ်ငါးသိန်းဆိုပြီး ဝန်ကြီးချုပ်က ပေးတာ မှန်ဘောင်ရယ် ဆုငွေဘူးလေးနဲ့ ပေးတယ်။ ဆုငွေကို နောက်မှ ထုတ်ယူပါလို့ ကျွန်မတို့ကို ပြောလိုက်တယ် ။ အဲဒါနဲ့ ပတ်သက်တော့ ကျွန်မအမျိုးသားက ရခိုင်ကို ပြောင်းရမယ်လို့ အမိန်ထွက်တော့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရုံးက တာဝန်ရှိ
တွေထံတွေ့ပြီ းဝင်ပြောပါသေးတယ်၊ မစီစစ်ရသေးဘူး စိစစ်ပြီ လုပ်ပေးပါမယ်လို့ပြောပြီး ခုချိန်ထိ ဒီဆုငွေ မရရှိသေးပါဘူး။”လို့ ဒေါ်သဲအိဇာ ကပြောပါတယ်။

အင်းတော်မြို့နယ်ရဲတပ်ဖွဲ့က ဒုရဲအုပ် ဇော်သူဟာ ဒီနှစ် အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် အမှတ် (၄)နယ်ခြားစောင့်တပ်ရင်းကို ပြောင်းရွေ့မိန့် ကျတဲ့အတွက် သွားရောက်ရာမှာ ဒုရဲအုပ် ဇော်သူအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးက ပြောင်းရွှေ့ရတဲ့ အခြားတပ်ဖွဲ့ဝင်တွေပါ AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း နဲ့ ဂုဏ်ပြုချီးမြင့်ငွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်စုံးစမ်းမေမြန်းခဲ့ပေမယ့်လည်း ဒီနေ့ချိန်ထိ မရရှိသေးကြောင်း ဒေါ်သဲအိဇာကကပြောပါတယ်။

အင်းတော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မြင့်အောင် က ” ဟိုတနေ့က သူ့မိန်းမ( ဒေါ်သဲအိဇာ ) ကျွန်တော်ဆီ ဖုန်းဆက်သေးတယ်။ ခရိုင်ကနေ မြို့နယ်ကို ချပေးလိုက်တယ်ပြောလို့၊ ကျွန်တော်လည်း ကြားကြားချင် မြို့နယ်ရုံးကို သွားမေးတယ်။ ဆုငွေနဲ့ပတ်သက်ပြီး ဘာစာမှ ထုတ်မပေးသေးဘူးတဲ့၊ သူ့လည်း ဘယ်လိုပြန်ပြောလို့ ပြောရမှန်းမသိသေးတာနဲ့ စောင့်ကြည့်နေတယ်။ ဒီနေ့ မနက်ကျမှ ဆုငွေအကြောင်း စာဝင်လာတယ်။မြို့နယ်ကို စာဝင်လာတော့ အရာရှိတစ်ဦးသွားထုတ်ပြီးမှ သူတို့ကို အချိုးကျ ပြန်ခွဲပေးပါမယ် ”လို့ (VOM) ကို ပြောပါတယ်။

#voiceofmyanmar #စစ်ကိုင်းဝန်ကြီးချုပ်ဆုငွေကာယကံရှင်တွေမရ

Related posts

Leave a Comment

VOM News

FREE
VIEW