ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၀ ရဲ႕ ပူးတြဲထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ေ႐ြးေကာ္ ျပင္းထန္စြာ သတိေပး

ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၀ ရဲ႕ ပူးတြဲထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ေ႐ြးေကာ္ ျပင္းထန္စြာ သတိေပး

ေနျပည္ေတာ္ ႏိုဝင္ဘာ ၁၅၊ ၂၀၁၉၊
ေအာင္ထူးႏိုင္(VOM)

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၀ ရဲ႕ ပူးတြဲသေဘာထား ထုတ္ျပန္ေၾကညာခ်က္အေပၚ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပင္းထန္တဲ့ သတိေပးခ်က္တစ္ရပ္ကို မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၀ က ပါတီတာဝန္ရွိသူေတြ လက္မွတ္ေရးထိုးၿပီး ႏိုဝင္ဘာ ၂ ရက္ေန႔ ရက္စြဲနဲ႔ ပူးတြဲသေဘာထား ထုတ္ျပန္ေၾကညာခ်က္အေပၚ အဲဒီသေဘာထားထုတ္ျပန္ေၾကညာ ခ်က္က ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔စပ္လ်ဥ္းလို႔ မမွန္ကန္တဲ့ အေထာက္အထားမရွိတဲ့ သတင္းအခ်က္ အလက္ေတြကို ေရးသားေဖာ္ျပထားတာကို ေတြ႕ရွိရတယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီေရးသားေဖာ္ျပခ်က္ေတြက
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဂုဏ္သိကၡာနဲ႔ ကိုယ္က်င့္တရားကို ထိခိုက္ေစတဲ့အျပင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဥပေဒနဲ႔အညီ က်င္းပေပးမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းစဥ္ေတြကို တျခားပါတီေတြနဲ႔ မဲဆႏၵရွင္ျပည္သူေတြက အထင္အျမင္လြဲမွား ေစႏိုင္တာကို စိစစ္ေတြ႕ရွိရ တယ္လို႔ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေရးပါတီေတြက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (ဂ) ပါ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ေလးစားလိုက္နာေရးနဲ႔ ပုဒ္မခြဲ(ဃ)ပါ လူတစ္ဦးခ်င္း ဒါမွမဟုတ္ လူအမ်ားနဲ႔ပတ္သက္လို႔ သိကၡာနဲ႔ ကိုယ္က်င့္တရားကို ထိခိုက္ေစႏိုင္တဲ့ ေရးသားမႈမ်ိဳး မျပဳလုပ္ေရးကို ေစာင့္ထိန္းလိုက္နာမွာျဖစ္ေၾကာင္း ပါတီမွတ္ပုံတင္စဥ္ကပင္ ဝန္ခံခ်က္ေပးထားၿပီးျဖစ္ပါတယ္။ ဒီဥပေဒပုဒ္မ ၆ ပါ ဝန္ခံခ်က္ တစ္ရပ္ရပ္ကို ေစာင့္ထိန္းလိုက္နာဖို႔ ပ်က္ကြက္တဲ့ ႏိုင္ငံေရးပါတီဟာ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ ခြင့္ရွိမွာမဟုတ္ဘူးလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေနာက္ေနာင္ အခုလို ပုဂၢိဳလ္တစ္ဦးခ်င္း ဒါမွမဟုတ္ လူအမ်ား နဲ႔ပတ္သက္တဲ့ သိကၡာနဲ႔ ကိုယ္က်င့္တရားကို ထိခိုက္ေစႏိုင္တဲ့ ေရးသား ေဖာ္ျပမႈ၊ မမွန္မကန္ ေရးသားေဖာ္ျပမႈေတြ ထပ္မံေဆာင္ ႐ြက္ျခင္းမျပဳဖို႔နဲ႔ တကယ္လို႔ ဒီလိုေဆာင္႐ြက္ေၾကာင္း ေတြ႕ရွိပါက ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ႏိုဝင္ဘာ ၆ ရက္မွာ က်င္းပတဲ့ စုံညီအစည္းအေဝးအမွတ္စဥ္ (၃၃/၂၀၁၉) ဆုံးျဖတ္ခ်က္အရ ႏိုင္ငံေရးပါတီ ၂၀ ရဲ႕ ပါတီတာဝန္ရွိသူ အသီးသီးတို႔အား သတိေပးထားတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီ သတိေပးေၾကညာခ်က္နဲ႔ပတ္သက္လို႔ မရွင္းလင္းတာေတြကို ေမးျမန္းဖို႔အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္ကို VOM က တယ္လီဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။

ဒါ့အျပင္ ဒီသတိေပးေၾကညာခ်က္နဲ႔ပတ္သက္လို႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူေတြ ဦးသိန္းထြန္းဦးက ဒီကိစၥဟာ ပါတီ ၂၀ စည္းေဝးျပီးမွ ဆံုုးျဖတ္ထုုတ္ျပန္ထားတာျဖစ္လိုု႕ ေနာက္ထပ္အစည္းအေဝးေခၚျပီး ဆံုုးျဖတ္ျပီးမွသာ သူတိုု႕ ေျပာနုုိင္မယ္လိုု႕ ဆိုုပါတယ္။
ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ဗဟိုေကာ္မတီဝင္လည္းျဖစ္၊ သတင္းနဲ႔ျပန္ၾကားေရးအတြင္းေရးမႉးလည္း ျဖစ္တဲ့ ဦးလွသိန္းကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ “ကြၽန္ေတာ္တို႔ ဒီေန႔ေတာ့ အဲဒါကို ေျပာဖို႔ မရွိေသးပါဘူး။ မနက္ျဖန္မွပဲ အဲဒါကို ေျပာပါ့မယ္”လို႔ ေျဖဆိုခဲ့ပါတယ္။

#voiceofmyanmar #ျပည္ခိုုင္ျဖိဳးပါတီ #ပါတီ၂၀ရဲ႕ထုုတ္ျပန္ခ်က္ေရြးေကာက္ပြဲေကာ္မရွင္သတိေပး

Unicode

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွေးကော် ပြင်းထန်စွာ သတိပေး

နေပြည်တော် နိုဝင်ဘာ ၁၅၊ ၂၀၁၉၊
အောင်ထူးနိုင်(VOM)

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်းထန်တဲ့ သတိပေးချက်တစ်ရပ်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ က ပါတီတာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် အဲဒီသဘောထားထုတ်ပြန်ကြေညာ ချက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့စပ်လျဉ်းလို့ မမှန်ကန်တဲ့ အထောက်အထားမရှိတဲ့ သတင်းအချက် အလက်တွေကို ရေးသားဖော်ပြထားတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရေးသားဖော်ပြချက်တွေက
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ကျင်းပပေးမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို တခြားပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက အထင်အမြင်လွဲမှား စေနိုင်တာကို စိစစ်တွေ့ရှိရ တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီတွေက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးနဲ့ ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း ဒါမှမဟုတ် လူအများနဲ့ပတ်သက်လို့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ရေးသားမှုမျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမှာဖြစ်ကြောင်း ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထားပြီးဖြစ်ပါတယ်။ ဒီဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာဖို့ ပျက်ကွက်တဲ့ နိုင်ငံရေးပါတီဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရှိမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နောက်နောင် အခုလို ပုဂ္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် လူအများ နဲ့ပတ်သက်တဲ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ရေးသား ဖော်ပြမှု၊ မမှန်မကန် ရေးသားဖော်ပြမှုတွေ ထပ်မံဆောင် ရွက်ခြင်းမပြုဖို့နဲ့ တကယ်လို့ ဒီလိုဆောင်ရွက်ကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုဝင်ဘာ ၆ ရက်မှာ ကျင်းပတဲ့ စုံညီအစည်းအဝေးအမှတ်စဉ် (၃၃/၂၀၁၉) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ ၂၀ ရဲ့ ပါတီတာဝန်ရှိသူ အသီးသီးတို့အား သတိပေးထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီ သတိပေးကြေညာချက်နဲ့ပတ်သက်လို့ မရှင်းလင်းတာတွေကို မေးမြန်းဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို VOM က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် ဒီသတိပေးကြေညာချက်နဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ဦးသိန်းထွန်းဦးက ဒီကိစ္စဟာ ပါတီ ၂၀ စည်းဝေးပြီးမှ ဆုံးဖြတ်ထုတ်ပြန်ထားတာဖြစ်လို့ နောက်ထပ်အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ပြီးမှသာ သူတို့ ပြောနိုင်မယ်လို့ ဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ သတင်းနဲ့ပြန်ကြားရေးအတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့ ဒီနေ့တော့ အဲဒါကို ပြောဖို့ မရှိသေးပါဘူး။ မနက်ဖြန်မှပဲ အဲဒါကို ပြောပါ့မယ်”လို့ ဖြေဆိုခဲ့ပါတယ်။

#voiceofmyanmar #ပြည်ခိုင်ဖြိုးပါတီ #ပါတီ၂၀ရဲ့ထုတ်ပြန်ချက်ရွေးကောက်ပွဲကော်မရှင်သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW