NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ အစည္းအေဝးမွာ အေရးပါတဲ့ အေၾကာင္းအရာေတြကို ေဆြးေႏြးႏိုင္ခဲ့ၿပီလို႔ ဗိုလ္မႉးႀကီးစိုင္းငင္းေျပာဆို

ခ်င္းမိုင္၊ ႏိုဝင္ဘာလ ၁၈-၂၀၁၉
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား(NCA-S EAO)ရဲ႕ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕အစည္းအေဝး(ဒုတိယအႀကိမ္) ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ႏိုဝင္ဘာလ (၁၆) ရက္ေန႔ကေန စတင္က်င္းပခဲ့ရာ ႏိုဝင္ဘာ ၁၈ ရက္ေန႔(ယေန႔)မွာ အစည္းအေဝး က်င္းပၿပီးစီးခဲ့ၿပီျဖစ္ကာ အေရးႀကီးတဲ့အေၾကာင္းအရာေတြကို ေဆြးေႏြးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အစည္းအေဝးမွာ အဖြဲ႕ေခါင္းေဆာင္ဗိုလ္မႉးႀကီး စိုင္းငင္းက နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာမွာေတာ့ “ဒီအစည္းအေဝးမွာ အေရးပါတဲ့ အေၾကာင္းအရာေတြကို မိမိတို႔ ေဆြးေႏြးႏိုင္ခဲ့ၾကၿပီး သေဘာထား စုစည္းခ်က္ေတြ၊ PPSTကို တင္ျပအစီရင္ခံမယ့္ အေၾကာင္းအရာေတြကို စုစည္းျပင္ဆင္ႏိုင္ခဲ့တယ္။ ဒါ့အျပင္ မိမိတို႔ တိုင္းျပည္မွာ လက္ရွိႀကဳံေတြ႕ေနရတဲ့ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ စစ္ေရး၊ စီးပြားေရးတို႔ရဲ႕ ပကတိ အေျခအေနမွန္ေတြကို လက္ေတြ႕က်က် သုံးသပ္ႏိုင္ခဲ့ျခင္းဟာ ေရွ႕လုပ္ငန္းစဥ္အတြက္ မ်ားစြာ အေထာက္အပံ့ ျဖစ္ေစခဲ့ပါတယ္”လို႔ ေျပာပါတယ္။

ဒီအစည္းအေဝးကေန NCA-S EAO ရဲ႕ ဖြဲ႕စည္းမႈ၊ စုဖြဲ႕မႈတို႔နဲ႔ လုပ္ငန္းလမ္းၫႊန္ေတြကို ျဖည့္စြက္ျပင္ဆင္ၿပီး PPST ရဲ႕ ထိေရာက္တဲ့ ဦးေဆာင္လမ္းၫႊန္ႀကီးၾကပ္မႈ၊ ပဲ့ကိုင္မႈ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ တာဝန္ယူမႈ၊ တာဝန္ခံမႈတို႔အတြက္ အားသစ္ေလာင္းေပးႏိုင္မယ့္ စည္းလုံးညီၫြတ္မႈ အတိမ္အနက္ကို မိမိတို႔ အခ်င္းခ်င္းၾကားမွာ နားလည္မႈတည္ေဆာက္ႏိုင္ခဲ့တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ဆက္လက္ေျပာပါတယ္။

မၾကာမီမွာ NCA-S EAO ရဲ႕ သစ္လြင္တဲ့ စုဖြဲ႕မႈ၊ ဦးေဆာင္လမ္းၫႊန္ႀကီးၾကပ္မႈ၊ ထိေရာက္အားေကာင္း တဲ့ လုပ္ငန္းေဆာင္႐ြက္မႈေတြကို ျမင္ေတြ႕ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ သြားႏိုင္ေရးအတြက္ သင့္ေတာ္တဲ့နည္းလမ္းေကာင္းမ်ားကို ဝိုင္းဝန္းရွာေဖြႏိုင္ခဲ့တဲ့အတြက္ အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ မၾကာခင္မွာ ေတြ႕ဆုံဖို႔ ႀကိဳးပမ္းစီစဥ္ေနတယ္လို႔လည္းသိရပါတယ္။

“ျပည္ေထာင္စုပုံရိပ္ကို ထိခိုက္က်ဆင္းေစမယ့္ ျပည္တြင္း၊ ျပည္ပကေန သာသာထိုးထိုး ႀကိဳးပမ္း လုပ္ေဆာင္ေနတဲ့ ထိုးႏွက္မႈေတြကို မိမိတို႔အေနနဲ႔ တစ္ဖက္တစ္လမ္းက လိုအပ္သလို တန္ျပန္ၿပီး ျပန္လည္အဖတ္ဆယ္ ေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးခဲ့ၾကပါတယ္”လို႔လည္း ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

တိုင္းျပည္ မၿငိမ္းခ်မ္းလို႔ က်န္တဲ့က႑အသီးသီးမွာ တိုးတက္ဖြံ႕ၿဖိဳးသင့္သေလာက္ မတိုးတက္ မဖြံ႕ၿဖိဳးႏိုင္ခဲ့ျခင္းျဖစ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္ေရးနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးတို႔အတြက္ ျဗဟၼစိုရ္တရားေလးပါး လက္ကိုင္ထား လက္တြဲေဆာင္႐ြက္သြားၾကပါလို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ယင္းအစည္းအေဝးမွာ တိုက္တြန္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ခ်င္းမိုင္ # NCA #အစည္းအေဝး

Unicode

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးမှာ အရေးပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးစိုင်းငင်းပြောဆို

ချင်းမိုင်၊ နိုဝင်ဘာလ ၁၈-၂၀၁၉
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး(ဒုတိယအကြိမ်) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ (၁၆) ရက်နေ့ကနေ စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၁၈ ရက်နေ့(ယနေ့)မှာ အစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်းက နိဂုံးချုပ် အမှာစကားပြောကြားရာမှာတော့ “ဒီအစည်းအဝေးမှာ အရေးပါတဲ့ အကြောင်းအရာတွေကို မိမိတို့ ဆွေးနွေးနိုင်ခဲ့ကြပြီး သဘောထား စုစည်းချက်တွေ၊ PPSTကို တင်ပြအစီရင်ခံမယ့် အကြောင်းအရာတွေကို စုစည်းပြင်ဆင်နိုင်ခဲ့တယ်။ ဒါ့အပြင် မိမိတို့ တိုင်းပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးတို့ရဲ့ ပကတိ အခြေအနေမှန်တွေကို လက်တွေ့ကျကျ သုံးသပ်နိုင်ခဲ့ခြင်းဟာ ရှေ့လုပ်ငန်းစဉ်အတွက် များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒီအစည်းအဝေးကနေ NCA-S EAO ရဲ့ ဖွဲ့စည်းမှု၊ စုဖွဲ့မှုတို့နဲ့ လုပ်ငန်းလမ်းညွှန်တွေကို ဖြည့်စွက်ပြင်ဆင်ပြီး PPST ရဲ့ ထိရောက်တဲ့ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှု၊ ပဲ့ကိုင်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အတွက် အားသစ်လောင်းပေးနိုင်မယ့် စည်းလုံးညီညွတ်မှု အတိမ်အနက်ကို မိမိတို့ အချင်းချင်းကြားမှာ နားလည်မှုတည်ဆောက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ဆက်လက်ပြောပါတယ်။

မကြာမီမှာ NCA-S EAO ရဲ့ သစ်လွင်တဲ့ စုဖွဲ့မှု၊ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှု၊ ထိရောက်အားကောင်း တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို မြင်တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် သွားနိုင်ရေးအတွက် သင့်တော်တဲ့နည်းလမ်းကောင်းများကို ဝိုင်းဝန်းရှာဖွေနိုင်ခဲ့တဲ့အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မကြာခင်မှာ တွေ့ဆုံဖို့ ကြိုးပမ်းစီစဉ်နေတယ်လို့လည်းသိရပါတယ်။

“ပြည်ထောင်စုပုံရိပ်ကို ထိခိုက်ကျဆင်းစေမယ့် ပြည်တွင်း၊ ပြည်ပကနေ သာသာထိုးထိုး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ထိုးနှက်မှုတွေကို မိမိတို့အနေနဲ့ တစ်ဖက်တစ်လမ်းက လိုအပ်သလို တန်ပြန်ပြီး ပြန်လည်အဖတ်ဆယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်”လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

တိုင်းပြည် မငြိမ်းချမ်းလို့ ကျန်တဲ့ကဏ္ဍအသီးသီးမှာ တိုးတက်ဖွံ့ဖြိုးသင့်သလောက် မတိုးတက် မဖွံ့ဖြိုးနိုင်ခဲ့ခြင်းဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား လက်တွဲဆောင်ရွက်သွားကြပါလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ယင်းအစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ချင်းမိုင် # NCA #အစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW