လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ အသိပညာေပးျခင္းေတြကို ဘာသာရပ္တစ္ခုအေနနဲ႔ သင္ၾကားႏိုင္ဖို႔ စီမံခ်က္ခ်ေဆာင္႐ြက္သင့္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၉-၂၀၁၉
သီရိ(VOM)

လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ အသိပညာေပးတာေတြကို ဘာသာရပ္တစ္ခုအေနနဲ႔ သင္ၾကားႏိုင္ဖို႔အတြက္ စီမံခ်က္ခ်ေဆာင္႐ြက္သင့္ပါတယ္လို႔ မန္တုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းမိုးက ပညာေရးဝန္ႀကီးဌာနကို ဒီကေန႔မနက္ပိုင္း ဒုတိယအႀကိမ္၊ ျပည္သူ႔လႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပုံမွန္အစည္းေဝး ပၪၥမေန႔မွာ အႀကံျပဳေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေျပာဆိုတာကို ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မတီက တင္သြင္းတဲ့ မ်ိဳးဆက္သစ္မ်ားရဲ႕ ပညာေရးျမႇင့္တင္မႈအတြက္ အေျခခံပညာ ဆရာ၊ ဆရာမမ်ားရဲ႕ ကြၽမ္းက်င္မႈမ်ားႏွင့္ ေလ့က်င့္သင္ၾကားမႈမ်ားဆိုင္ရာ စုံစမ္းေလ့လာမႈအစီရင္ခံစာနဲ႔ စပ္လွ်ဥ္းေဆြးေႏြးခ်ိန္မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ေကာ္မတီအစီရင္ခံစာပါ အခ်က္ ၅၀ ကို ျဖည့္စြက္အႀကံျပဳခ်င္တာကေတာ့ ယေန႔ေခာတ္မွာ တစ္ေန႔ တျခားတိုးပြားလာတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ားနဲ႔ ပက္သက္ၿပီး ကေလးသူငယ္မ်ား လုံၿခဳံစိတ္ခ်စြာပ ညာ သင္ၾကားႏိုင္ေရးအတြက္ သင္ၾကားပို႔ခ်သည့္ ဆရာ၊ ဆရာမမ်ားအား လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမ်ား အသိပညာေပးျခင္းမ်ားကို ဘာသာရပ္တစ္ခုအေနျဖင့္ သင္ၾကားႏိုင္ေရးအတြက္ စီမံခ်က္ခ်ေဆာင္႐ြက္သင့္ပါ ေၾကာင္းအႀကံျပဳလိုပါတယ္”လို႔ မန္တုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းမိုးကေျပာပါတယ္။

မ်ိဳးဆက္သစ္ေတြရဲ႕ ပညာေရးအတြက္ ပညာေရးဖြံၿဖိဳးတိုးတက္မႈဆိုင္ရာမဟာဗ်ဴဟာေတြကို ေရးဆြဲတဲ့ အခါမွာလည္း တန္းတူညီမွ်မႈရွိဖို႔ လိုအပ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။

သက္ဆိုင္ရာဝန္ႀကီးဌာနအေနနဲ႔ ဘယ္ေလာက္ပဲေကာင္းမြန္တဲ့ မဟာဗ်ဴဟာေတြေရးဆြဲေနပါေစ၊ ေဝး လံခက္ခဲၾကမ္းတမ္းတဲ့ ေတာင္ေပၚေဒသမွာ အရည္အခ်င္းမျပည့္တဲ့ ဝန္ထမ္းေတြနဲ႔ ျပစ္ခ်က္ရွိတဲ့ ဝန္ထမ္းေတြ ကို ေစလႊတ္ေနတာဟာ မိမိတို႔ ရည္မွန္းခ်က္ပန္းတိုင္ျဖစ္တဲ့ ေကာင္းမြန္တဲ့ အနာဂတ္ပညာေရးစနစ္ကို ေဖာ္ ေဆာင္ႏိုင္မွာမဟုတ္ပါဘူးလို႔လည္း သုံးသပ္လိုက္ပါတယ္။

“ေနာက္ဆုံးအေနျဖင့္ ေကာ္မတီကို အႀကံျပဳခ်င္တာကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ ေတာင္ေပၚေဒသမ်ား တြင္ ျပစ္ခ်က္ရွိတဲ့ ဝန္ထမ္း အရည္အခ်င္းမျပည့္ဝတဲ့ ဝန္ထမ္းေစလႊတ္ျခင္းသည္ အစဥ္အလာတစ္ခုလို ျဖစ္ေန ေပမယ့္ လက္သည္မေပၚျဖစ္ေနပါတယ္။ လက္ရွိ က်င့္သုံးေနတဲ့ ဝန္ထမ္းမ်ားခ် ထားခန္႔ထားေရးမူဝါဒေတြကို ေလ့လာဆန္းစစ္ဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း ေကာ္မတီကို အႀကံျပဳေဆြးေႏြးလိုက္ ရပါတယ္”လို႔ ထည့္သြင္း ေဆြးေႏြးခဲ့ပါတယ္။

ဒါေၾကာင့္ ဝန္ထမ္းေတြေစလႊတ္တဲ့အပိုင္း စီမံခန္႔ခြဲရာမွာ စီမံခန္႔ခြဲပိုင္ခြင့္ရွိတဲ့ ပုဂၢိဳလ္ေတြက ေစတနာ ေကာင္းမြန္ဖို႔၊ ကိုယ္က်င့္တရားေကာင္းမြန္ဖို႔နဲ႔ ဘက္လိုက္မႈကင္းဖို႔ လိုအပ္တယ္လို႔လည္း အၾကံျပဳ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #လိင္ပိုင္းဆိိုင္ရာ #အသိပညာေပး

Unicode

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေးခြင်းတွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနိုင်ဖို့ စီမံချက်ချဆောင်ရွက်သင့်

နေပြည်တော်၊ နိုဝင်ဘာ ၁၉-၂၀၁၉
သီရိ(VOM)

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသိပညာပေးတာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနိုင်ဖို့အတွက် စီမံချက်ချဆောင်ရွက်သင့်ပါတယ်လို့ မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပညာရေးဝန်ကြီးဌာနကို ဒီကနေ့မနက်ပိုင်း ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းဝေး ပဉ္စမနေ့မှာ အကြံပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြောဆိုတာကို ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းတဲ့ မျိုးဆက်သစ်များရဲ့ ပညာရေးမြှင့်တင်မှုအတွက် အခြေခံပညာ ဆရာ၊ ဆရာမများရဲ့ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှုအစီရင်ခံစာနဲ့ စပ်လျှဉ်းဆွေးနွေးချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကော်မတီအစီရင်ခံစာပါ အချက် ၅၀ ကို ဖြည့်စွက်အကြံပြုချင်တာကတော့ ယနေ့ခောတ်မှာ တစ်နေ့ တခြားတိုးပွားလာတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ ပက်သက်ပြီး ကလေးသူငယ်များ လုံခြုံစိတ်ချစွာပ ညာ သင်ကြားနိုင်ရေးအတွက် သင်ကြားပို့ချသည့် ဆရာ၊ ဆရာမများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အသိပညာပေးခြင်းများကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားနိုင်ရေးအတွက် စီမံချက်ချဆောင်ရွက်သင့်ပါ ကြောင်းအကြံပြုလိုပါတယ်”လို့ မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကပြောပါတယ်။

မျိုးဆက်သစ်တွေရဲ့ ပညာရေးအတွက် ပညာရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာတွေကို ရေးဆွဲတဲ့ အခါမှာလည်း တန်းတူညီမျှမှုရှိဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘယ်လောက်ပဲကောင်းမွန်တဲ့ မဟာဗျူဟာတွေရေးဆွဲနေပါစေ၊ ဝေး လံခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်ဒေသမှာ အရည်အချင်းမပြည့်တဲ့ ဝန်ထမ်းတွေနဲ့ ပြစ်ချက်ရှိတဲ့ ဝန်ထမ်းတွေ ကို စေလွှတ်နေတာဟာ မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ကောင်းမွန်တဲ့ အနာဂတ်ပညာရေးစနစ်ကို ဖော် ဆောင်နိုင်မှာမဟုတ်ပါဘူးလို့လည်း သုံးသပ်လိုက်ပါတယ်။

“နောက်ဆုံးအနေဖြင့် ကော်မတီကို အကြံပြုချင်တာကတော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်ဒေသများ တွင် ပြစ်ချက်ရှိတဲ့ ဝန်ထမ်း အရည်အချင်းမပြည့်ဝတဲ့ ဝန်ထမ်းစေလွှတ်ခြင်းသည် အစဉ်အလာတစ်ခုလို ဖြစ်နေ ပေမယ့် လက်သည်မပေါ်ဖြစ်နေပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ဝန်ထမ်းများချ ထားခန့်ထားရေးမူဝါဒတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကော်မတီကို အကြံပြုဆွေးနွေးလိုက် ရပါတယ်”လို့ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေစေလွှတ်တဲ့အပိုင်း စီမံခန့်ခွဲရာမှာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက စေတနာ ကောင်းမွန်ဖို့၊ ကိုယ်ကျင့်တရားကောင်းမွန်ဖို့နဲ့ ဘက်လိုက်မှုကင်းဖို့ လိုအပ်တယ်လို့လည်း အကြံပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #လိင်ပိုင်းဆိုင်ရာ #အသိပညာပေး

Related posts

Leave a Comment

VOM News

FREE
VIEW