စက္မႈဝန္ႀကီးဌာနနဲ႔ စီမံဘ႑ာဝန္ႀကီးဌာနႏွစ္ခု ေပါင္းစည္းတာကို အခုမွေဆာင္႐ြက္လာတာက အင္မတန္သံသယျဖစ္စရာကိစၥတစ္ခုျဖစ္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၂၀-၂၀၁၉
သီရိ(VOM)

ႏိုင္ငံ့အေပၚအမွန္တကယ္ေစတနာရွိပါက စက္မႈဝန္ႀကီးဌာနနဲ႔ စီမံဘ႑ာဝန္ႀကီးဌာနႏွစ္ခု ေပါင္စည္း မယ့္ကိစၥကို ၿပီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ကတည္းက ေဆာင္႐ြက္ရမွာျဖစ္ၿပီး အခုလို အစိုးရသက္တမ္း တစ္ႏွစ္သာက်န္ေတာ့တဲ့အခ်ိန္မွာ ေဆာင္႐ြက္လာတာက အင္မတန္သံသယျဖစ္စရာကိစၥတစ္ခုျဖစ္တယ္လို႔ ျပည္ခိုင္ၿဖိဳးမွ မင္းကင္းကိုယ္စားလွယ္ ဦးေမာင္ျမင့္က ႏိုဝင္ဘာလ ၂၀ ရက္ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ သုံးသပ္ေျပာၾကာလိုက္ပါတယ္။

စက္မႈဝန္ႀကီးဌာန နဲ႔ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို ပူးေပါင္းၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္သတ္မွတ္ဖြဲ႕စည္းေရးကိစၥႏွင့္ စပ္လွ်ဥ္းေဆြးေႏြးခ်ိန္မွာ သုံးသပ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

“လက္ရွိအစိုးရအေနနဲ႔ မိမိတို႔အစိုးရကာလမွာ ဒီစနစ္ႀကီးတစ္ခုလုံးကို ရာခိုင္ႏႈန္းျပည့္ ၿပီးျပတ္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိဘဲနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲေနာက္ပိုင္း တက္လာမယ့္ အစိုးရကို အခက္အခဲေတြ ျဖစ္ေအာင္ ဖန္တီးခဲ့သလို ျဖစ္ေနတယ္လို႔ က်ေနာ္က သုံးသပ္ပါတယ္။ဒီစနစ္ကို တကယ္ေစတနာရွိလို႔ လုပ္ခ်င္တယ္ဆိုရင္ ၂၀၁၆-၂၀၁၇ ကလည္းက လုပ္ခဲ့ရမွာပါ။ အခုလို အစိုးရကာလအဆုံးသတ္ဖို႔ တစ္ႏွစ္အလိုက်မွ ထပ္လုပ္တာကေတာ့ အင္မတန္သံသယျဖစ္စရာကိစၥျဖစ္ပါ တယ္”လို႔ ဦးေသာင္းေအးက ေျပာပါတယ္။

ဝန္ႀကီးဌာနႏွစ္ခု ေပါင္းစည္းေရးကိစၥကို ပါဝင္ေဆြးေႏြးခဲ့တဲ့ ေပ်ာ္ဘြယ္ကိုယ္စားလွယ္ ဦးေသာင္းေအး ကေတာ့ အခုလို ဝန္ႀကီးဌာနႏွစ္ခုကို ေပါင္းစပ္ဖြဲ႕စည္းတာဟာ အရႈံးေပၚမႈနဲ႔ ရင္ဆိုင္ေနတဲ့ စက္မႈဝန္ႀကီးဌာန ေအာက္က စက္႐ုံေတြအေပၚမွာ အေျခခံၿပီး ဆုံးျဖတ္တယ္လို႔ ယူဆေၾကာင္း၊ ဘယ္လိုအေၾကာင္းအရာအေပၚ အေျခခံသည္ျဖစ္ေစ ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္အျဖစ္တည္ေဆာက္ႏိုင္ၿပီး လူမႈစီးပြားေရးဘဝတိုးတက္ေရး ကိုသာ ျပည္သူေတြကေမွ်ာ္လင့္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။

“ မတူညီတဲ့ သေဘာသဘာဝရွိတဲ့ ဝန္ႀကီးဌာနႏွစ္ခု ေပါင္းစည္းျခင္းဟာ ေအာင္ျမင္မႈနဲ႔ အလွမ္းေဝးမယ္ ဆိုတာ ေတြးဆ႐ုံနဲ႔ သိႏိုင္ပါတယ္။ လက္ရွိ အေျခအေနကိုၾကည့္မယ္ဆိုရင္လည္း လုပ္ငန္းသဘာဝရႈေထာင့္မွာ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနမွာ အမ်ိဳးသားစီမံကိန္းႏွင့္ ဘ႑ာေရးဌာနမ်ား ေပါင္းစပ္စီမံေပးရတဲ့ ဝန္ ေဆာင္မႈ သဘာဝျဖစ္ၿပီးေတာ့ စက္မႈဝန္ႀကီးဌာနကသာ ကုန္ထုတ္လုပ္မႈ၊ တီထြင္ဆန္းသစ္မႈ ျပဳလုပ္ရတဲ့ ေမာင္းႏွင္မႈ သေဘာသဘာဝျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ ေခ်ာက္မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘိုႀကီးက စက္မႈဝန္ႀကီးဌာန၊ လုပ္ငန္းႀကီး ၄ ခုရဲ႕ ေအာက္က စက္႐ုံေပါင္း ၁၁၂ ႐ုံမွ အစိတ္ပိုင္းတစ္ခုျဖစ္တဲ့ လက္တေလာ ရပ္ဆိုင္းထားတဲ့ စက္႐ုံ ၂၄ ႐ုံ။ ထို စက္႐ုံ ၂၄ ႐ုံရဲ႕ ဝန္ထမ္းအင္အားအေနအထား၊ ႏွစ္စဥ္ေပးေခ်ေနရတဲ့လစာေတြ၊ အသားတင္အရႈံး အေျခအေတြနဲ႔ပက္သက္ၿပီး ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံးရဲ႕ စိစစ္အတည္ျပဳထားတဲ့ ၂၀၁၇-၂၀၁၈ ခု၊ ဘ႑ာေရးႏွစ္အခ်က္အလက္ေတြကို ကိုးကားေဆြးေႏြးခဲ့ပါတယ္။

“စုစုေပါင္း ဝန္ထမ္းအင္အား ၁၀၈၅၆ ဦးရဲ႕ ႏွစ္စဥ္ လစာေငြက်ပ္သန္းေပါင္း ၂၁၇၆၂ ႏွင့္ စက္႐ုံ ၂၄ ႐ုံရဲ႕ အသားတင္အရႈံး က်ပ္သန္းေပါင္း ၆၂၂၄၉ တို႔ျဖစ္ေၾကာင္းေတြ႕ရွိရပါတယ္။ တစ္နည္းအားျဖင့္ စက္႐ုံမ်ားရပ္ထား ရၿပီး ဝန္ထမ္းလစာမ်ားထုတ္ေပးေနရျခင္း၊ ႏိုင္ငံေတာ္အတြက္ အရႈံးမ်ားစြာေပၚေနျခင္း၊ ဝန္ထမ္းမ်ား၏ လုပ္ငန္း ပိုင္းဆိုင္ရာ စိတ္ဓါတ္ခြန္အားမ်ားေလ်ာ့နည္းျခင္း၊ ႏိုင္ငံပိုင္ စက္႐ုံႏွင့္ စက္ပစၥည္းမ်ား ယိုယြင္းပ်က္စီးျခင္း၊ ထုတ္ လုပ္မႈ စြမ္းအားက်ဆင္းသျဖင့္ ျပည္တြင္းထုတ္ကုန္ပစၥည္းမ်ားက်ဆင္းျခင္း၊ အလုပ္အကိုင္အခြင့္အလန္းမ်ား ေလ်ာ့နည္းျခင္းစသည္ျဖင့္ စတဲ့အခ်က္ေတြက ႏိုင္ငံေတာ္အတြက္ အႏုတ္လကၡဏာမ်ားျပသေနပါတယ္။ စက္မႈ ဝန္ႀကီးဌာနရဲ႕ စက္႐ုံေပါင္း ၁၁၂ ႐ုံရဲ႕ အားသာမႈ၊ အားနည္းမႈကို ေသခ်ာစစ္ေဆးၾကည့္ပါက ႏိုင္ငံအတြက္ ဆုံးရႈံးမႈမ်ား မ်ားစြာရွိေနတာကို ေတြ႕ျမင္ရတယ္လို႔ ယူဆပါတယ္”လို႔ ဦးေသာင္းေအးက ေျပာပါတယ္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ဘက္ဂ်က္စည္းမ်ဥ္း၊ စည္းကမ္းေတြခ်ၿပီးေတာ့ တျခား ဝန္ႀကီး ဌာနေတြ၊ စီးပြာေရးလုပ္ငန္းေတြ၊ မွန္မွန္ကန္ကန္ အသုံးနဲ႔ အျဖဳန္း ခြဲျခားႏိုင္ေအာင္လို႔ ဘက္ဂ်က္ေတြ အ ေဟာသိကံမျဖစ္ေအာင္ ေဆာင္႐ြက္ေပးရတဲ့ ထိန္းကြပ္ေပးရတဲ့ ဌာနျဖစ္ၿပီး စက္မႈဝန္ႀကီးဌာနကေတာ့ တစ္ ခ်ိန္တည္းမွာေငြသုံးရမယ္။ ကုန္ထုတ္ရမယ္။ စက္မႈတိုးတက္ေအာင္ လုပ္ရမယ္။ စက္မႈလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုး တက္ေအာင္ လုပ္ရမယ္။ ႏိုင္ငံေတာ္ရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႏိုင္ငံျခားဝင္ေငြေတြ ရရွိေအာင္လုပ္ ရမယ္။ ဒါေၾကာင့္ ဒီ ဌာနႏွစ္ခုဟာ ပူးေပါင္းလို႔မျဖစ္ပါဘူးလို႔ စစ္ကိုင္းတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၅ မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြဋ္က ပါဝင္ေဆြးေႏြးပါတယ္။

ဦးရဲထြဋ္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ပါတီဝင္တစ္ဦးျဖစ္ၿပီး ႏိုင္ငံ့အက်ိဳးတစ္ခုတည္းကိုသာ ၾကည့္ၿပီး ဒီကိစၥကို ေဆြးေႏြးတာျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။

“စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနဟာ ဘ႑ာေရးနဲ႔ ပက္သက္ရင္ တရားသူႀကီးလို၊ ခုံသမာဓိ လူႀကီးလို ေနရာက ေနရပါတယ္။ တျခားဌာနေတြရဲ႕ ဘ႑ာေငြ အသုံးအစြဲေတြ၊ စီမံခန္႔ခြဲမႈေတြ မမွန္မကန္ျဖစ္ တာကို ထိန္းကြပ္ေပးရပါတယ္။ အဲ့ဒီေတာ့က ဒီလို တရားသူႀကီးနဲ႔ အမႈသည္၊ တရားသူႀကီးနဲ႔ ေရွ႕ေန တစ္ဝိုင္းတည္းထိုင္ၿပီး စားေသာက္တာမ်ိဳးဆိုရင္ ဥပမာ ဒါဟာမသင့္ေတာ္ပါဘူး။ ေနာက္ၿပီးေတာ့ အလုပ္လည္းမျဖစ္ပါဘူး။ ပြတ္တိုက္ မႈေတြလည္းျဖစ္ပါလိမ့္မယ္။ အဲ့ဒါေၾကာင့္မို႔လို႔ က်ေနာ့္အေနနဲ႔ ဒီဟာ ပူးေပါင္းမႈကို ကန္႔ကြက္ရျခင္းျဖစ္ပါတယ္။ ဒါက သဘာဝမက်ပါဘူး။ စက္မႈကို ဒီအတိုင္းထားသင့္ပါတယ္။ တကယ္လုပ္သင့္တာက ၂၀၁၆ စကတည္းက master plan ရွိဖို႔ လိုပါတယ္။ ဝန္ႀကီးဌာန ဘယ္ႏွစ္ခုဖြင့္မယ္။ ဘာေတြလုပ္မယ္။ ဘယ္လိုရည္႐ြယ္ခ်က္ေတြ ခ်မွတ္မယ္ဆိုတာကို အစိုးရသစ္ဖြဲ႕ကတည္းက ရွိဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီအခ်ိန္တုန္းက ျပည္သူေတြက အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #စီမံကိန္းဌာန

Unicode

စက်မှုဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းတာကို အခုမှဆောင်ရွက်လာတာက အင်မတန်သံသယဖြစ်စရာကိစ္စတစ်ခုဖြစ်

နေပြည်တော်၊ နိုဝင်ဘာ ၂၀-၂၀၁၉
သီရိ(VOM)

နိုင်ငံ့အပေါ်အမှန်တကယ်စေတနာရှိပါက စက်မှုဝန်ကြီးဌာနနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနနှစ်ခု ပေါင်စည်း မယ့်ကိစ္စကို ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကတည်းက ဆောင်ရွက်ရမှာဖြစ်ပြီး အခုလို အစိုးရသက်တမ်း တစ်နှစ်သာကျန်တော့တဲ့အချိန်မှာ ဆောင်ရွက်လာတာက အင်မတန်သံသယဖြစ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးမှ မင်းကင်းကိုယ်စားလှယ် ဦးမောင်မြင့်က နိုဝင်ဘာလ ၂၀ ရက်ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သုံးသပ်ပြောကြာလိုက်ပါတယ်။

စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျှဉ်းဆွေးနွေးချိန်မှာ သုံးသပ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

“လက်ရှိအစိုးရအနေနဲ့ မိမိတို့အစိုးရကာလမှာ ဒီစနစ်ကြီးတစ်ခုလုံးကို ရာခိုင်နှုန်းပြည့် ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရကို အခက်အခဲတွေ ဖြစ်အောင် ဖန်တီးခဲ့သလို ဖြစ်နေတယ်လို့ ကျနော်က သုံးသပ်ပါတယ်။ဒီစနစ်ကို တကယ်စေတနာရှိလို့ လုပ်ချင်တယ်ဆိုရင် ၂၀၁၆-၂၀၁၇ ကလည်းက လုပ်ခဲ့ရမှာပါ။ အခုလို အစိုးရကာလအဆုံးသတ်ဖို့ တစ်နှစ်အလိုကျမှ ထပ်လုပ်တာကတော့ အင်မတန်သံသယဖြစ်စရာကိစ္စဖြစ်ပါ တယ်”လို့ ဦးသောင်းအေးက ပြောပါတယ်။

ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းရေးကိစ္စကို ပါဝင်ဆွေးနွေးခဲ့တဲ့ ပျော်ဘွယ်ကိုယ်စားလှယ် ဦးသောင်းအေး ကတော့ အခုလို ဝန်ကြီးဌာနနှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းတာဟာ အရှုံးပေါ်မှုနဲ့ ရင်ဆိုင်နေတဲ့ စက်မှုဝန်ကြီးဌာန အောက်က စက်ရုံတွေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တယ်လို့ ယူဆကြောင်း၊ ဘယ်လိုအကြောင်းအရာအပေါ် အခြေခံသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ်တည်ဆောက်နိုင်ပြီး လူမှုစီးပွားရေးဘဝတိုးတက်ရေး ကိုသာ ပြည်သူတွေကမျှော်လင့်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းခြင်းဟာ အောင်မြင်မှုနဲ့ အလှမ်းဝေးမယ် ဆိုတာ တွေးဆရုံနဲ့ သိနိုင်ပါတယ်။ လက်ရှိ အခြေအနေကိုကြည့်မယ်ဆိုရင်လည်း လုပ်ငန်းသဘာဝရှုထောင့်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဌာနများ ပေါင်းစပ်စီမံပေးရတဲ့ ဝန် ဆောင်မှု သဘာဝဖြစ်ပြီးတော့ စက်မှုဝန်ကြီးဌာနကသာ ကုန်ထုတ်လုပ်မှု၊ တီထွင်ဆန်းသစ်မှု ပြုလုပ်ရတဲ့ မောင်းနှင်မှု သဘောသဘာဝဖြစ်ပါတယ်”လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ချောက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက စက်မှုဝန်ကြီးဌာန၊ လုပ်ငန်းကြီး ၄ ခုရဲ့ အောက်က စက်ရုံပေါင်း ၁၁၂ ရုံမှ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ လက်တလော ရပ်ဆိုင်းထားတဲ့ စက်ရုံ ၂၄ ရုံ။ ထို စက်ရုံ ၂၄ ရုံရဲ့ ဝန်ထမ်းအင်အားအနေအထား၊ နှစ်စဉ်ပေးချေနေရတဲ့လစာတွေ၊ အသားတင်အရှုံး အခြေအတွေနဲ့ပက်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စိစစ်အတည်ပြုထားတဲ့ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အချက်အလက်တွေကို ကိုးကားဆွေးနွေးခဲ့ပါတယ်။

“စုစုပေါင်း ဝန်ထမ်းအင်အား ၁၀၈၅၆ ဦးရဲ့ နှစ်စဉ် လစာငွေကျပ်သန်းပေါင်း ၂၁၇၆၂ နှင့် စက်ရုံ ၂၄ ရုံရဲ့ အသားတင်အရှုံး ကျပ်သန်းပေါင်း ၆၂၂၄၉ တို့ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့် စက်ရုံများရပ်ထား ရပြီး ဝန်ထမ်းလစာများထုတ်ပေးနေရခြင်း၊ နိုင်ငံတော်အတွက် အရှုံးများစွာပေါ်နေခြင်း၊ ဝန်ထမ်းများ၏ လုပ်ငန်း ပိုင်းဆိုင်ရာ စိတ်ဓါတ်ခွန်အားများလျော့နည်းခြင်း၊ နိုင်ငံပိုင် စက်ရုံနှင့် စက်ပစ္စည်းများ ယိုယွင်းပျက်စီးခြင်း၊ ထုတ် လုပ်မှု စွမ်းအားကျဆင်းသဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကျဆင်းခြင်း၊ အလုပ်အကိုင်အခွင့်အလန်းများ လျော့နည်းခြင်းစသည်ဖြင့် စတဲ့အချက်တွေက နိုင်ငံတော်အတွက် အနုတ်လက္ခဏာများပြသနေပါတယ်။ စက်မှု ဝန်ကြီးဌာနရဲ့ စက်ရုံပေါင်း ၁၁၂ ရုံရဲ့ အားသာမှု၊ အားနည်းမှုကို သေချာစစ်ဆေးကြည့်ပါက နိုင်ငံအတွက် ဆုံးရှုံးမှုများ များစွာရှိနေတာကို တွေ့မြင်ရတယ်လို့ ယူဆပါတယ်”လို့ ဦးသောင်းအေးက ပြောပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဘက်ဂျက်စည်းမျဉ်း၊ စည်းကမ်းတွေချပြီးတော့ တခြား ဝန်ကြီး ဌာနတွေ၊ စီးပွာရေးလုပ်ငန်းတွေ၊ မှန်မှန်ကန်ကန် အသုံးနဲ့ အဖြုန်း ခွဲခြားနိုင်အောင်လို့ ဘက်ဂျက်တွေ အ ဟောသိကံမဖြစ်အောင် ဆောင်ရွက်ပေးရတဲ့ ထိန်းကွပ်ပေးရတဲ့ ဌာနဖြစ်ပြီး စက်မှုဝန်ကြီးဌာနကတော့ တစ် ချိန်တည်းမှာငွေသုံးရမယ်။ ကုန်ထုတ်ရမယ်။ စက်မှုတိုးတက်အောင် လုပ်ရမယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်အောင် လုပ်ရမယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံခြားဝင်ငွေတွေ ရရှိအောင်လုပ် ရမယ်။ ဒါကြောင့် ဒီ ဌာနနှစ်ခုဟာ ပူးပေါင်းလို့မဖြစ်ပါဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပါဝင်ဆွေးနွေးပါတယ်။

ဦးရဲထွဋ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဝင်တစ်ဦးဖြစ်ပြီး နိုင်ငံ့အကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး ဒီကိစ္စကို ဆွေးနွေးတာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနဲ့ ပက်သက်ရင် တရားသူကြီးလို၊ ခုံသမာဓိ လူကြီးလို နေရာက နေရပါတယ်။ တခြားဌာနတွေရဲ့ ဘဏ္ဍာငွေ အသုံးအစွဲတွေ၊ စီမံခန့်ခွဲမှုတွေ မမှန်မကန်ဖြစ် တာကို ထိန်းကွပ်ပေးရပါတယ်။ အဲ့ဒီတော့က ဒီလို တရားသူကြီးနဲ့ အမှုသည်၊ တရားသူကြီးနဲ့ ရှေ့နေ တစ်ဝိုင်းတည်းထိုင်ပြီး စားသောက်တာမျိုးဆိုရင် ဥပမာ ဒါဟာမသင့်တော်ပါဘူး။ နောက်ပြီးတော့ အလုပ်လည်းမဖြစ်ပါဘူး။ ပွတ်တိုက် မှုတွေလည်းဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ ဒီဟာ ပူးပေါင်းမှုကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ဒါက သဘာဝမကျပါဘူး။ စက်မှုကို ဒီအတိုင်းထားသင့်ပါတယ်။ တကယ်လုပ်သင့်တာက ၂၀၁၆ စကတည်းက master plan ရှိဖို့ လိုပါတယ်။ ဝန်ကြီးဌာန ဘယ်နှစ်ခုဖွင့်မယ်။ ဘာတွေလုပ်မယ်။ ဘယ်လိုရည်ရွယ်ချက်တွေ ချမှတ်မယ်ဆိုတာကို အစိုးရသစ်ဖွဲ့ကတည်းက ရှိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ပြည်သူတွေက အများကြီး မျှော်လင့်ခဲ့ကြတယ်”လို့ ပြောကြားခဲ့ပါတယ်။

#voiceofmyanmar #နေပြည်တော် #စီမံကိန်းဌာန

Related posts

Leave a Comment

VOM News

FREE
VIEW