ဂ်ာမနီသမၼတေဟာင္းရဲ႕သား ဓါးထိုးခံရလို႔ ပြဲခ်င္းျပီးေသဆံုး

ဘာလင္၊ နို၀င္ဘာ-၂၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ာမနီသမၼတေဟာင္း ရစ္ခ်တ္ဗြန္ဝတ္ဇ္ဆကာရဲ႕ သားျဖစ္သူဟာ ဓါးထိုးခံရတာေၾကာင္႔ ဘာလင္ရိွေဆးရံုမွာ ပြဲခ်င္းျပီးေသဆံုးသြားပါတယ္။

ေသဆံုးသြားတဲ႔ အသက္ ၅၉ နွစ္အရြယ္ ေဒါက္တာ ဖရစ္ဇ္ဗြန္ဝတ္ဇ္ဆာကာဟာ အသည္းေရာဂါေရာဂါနဲ႔ ပတ္သက္ျပီး ပို႔ခ်ေနသူတစ္ဦးျဖစ္ပါတယ္။

သူ႔ရဲ႕ဖခင္ဟာ ၁၉၉၀ က ဂ်ာမနီျပန္လည္ေပါင္းစည္းေရး ကာလအတြင္း သမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔သူျဖစ္ပါတယ္။

ဓါးနဲ႔ထိုးခဲ႔တဲ႔ အသက္၅၇ နွစ္အရြယ္အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးထားခဲ႔ျပီး ေနာက္ပိုင္းမွာေတာ႔ စိတ္ေရာဂါကုသေရးဌာနကို ပို႔ေဆာင္လိုက္ပါတယ္။

တိုက္ခိုက္မႈဟာ ေဒါက္တာဝတ္ဇ္ဆာကာ တာဝန္ထမ္းေဆာင္ေနတဲ႔ ဂ်ာမနီအေနာက္ပိုင္းရိွ ရွလိုစပါ႔ခ္ေဆးရံုတြင္ျဖစ္ပြားခဲ႔ျခင္းျဖစ္ျပီး သူ႔ကိုအားကယ္တင္ဖို႔ ၾကိဳးပမ္းခဲ႔ေပမယ္႔လည္း အခင္းျဖစ္ရာေနရာမွာ ပြဲခ်င္းျပီးေသဆံုးခဲ႔ပါတယ္။

တိုက္ခုိက္သူကို ထိန္းခ်ဳပ္ဖို႔ၾကိဳးစားရာမွာ ရဲတစ္ဦးလည္း ျပင္းထန္စြာဒါဏ္ရာရရိွသြားျပီး ခြဲစိတ္ကုသမႈခံယူျပီးေနာက္ အသက္အႏၱရာယ္မရိွေတာ႔ဘူးလို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။ သံသယရိွသူတရားခံဟာ လူသတ္မႈ ၊ လူသတ္ရန္ၾကံစည္မႈတို႔နဲ႔ စြဲခ်က္တင္ခံထားရပါတယ္။

Ref: BBC Photo: Getty Images
#voiceofmyanmar #ဘာလင္ #သမၼတေဟာင္းသား #ေသဆံုး

Unicode

ဂျာမနီသမ္မတဟောင်းရဲ့သား ဓါးထိုးခံရလို့ ပွဲချင်းပြီးသေဆုံး

ဘာလင်၊ နိုဝင်ဘာ-၂၁-၂၀၁၉
မျိုးဆက် (VOM)

ဂျာမနီသမ္မတဟောင်း ရစ်ချတ်ဗွန်ဝတ်ဇ်ဆကာရဲ့ သားဖြစ်သူဟာ ဓါးထိုးခံရတာကြောင့် ဘာလင်ရှိဆေးရုံမှာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ အသက် ၅၉ နှစ်အရွယ် ဒေါက်တာ ဖရစ်ဇ်ဗွန်ဝတ်ဇ်ဆာကာဟာ အသည်းရောဂါရောဂါနဲ့ ပတ်သက်ပြီး ပို့ချနေသူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ဖခင်ဟာ ၁၉၉၀ က ဂျာမနီပြန်လည်ပေါင်းစည်းရေး ကာလအတွင်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဓါးနဲ့ထိုးခဲ့တဲ့ အသက်၅၇ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ပြီး နောက်ပိုင်းမှာတော့ စိတ်ရောဂါကုသရေးဌာနကို ပို့ဆောင်လိုက်ပါတယ်။

တိုက်ခိုက်မှုဟာ ဒေါက်တာဝတ်ဇ်ဆာကာ တာဝန်ထမ်းဆောင်နေတဲ့ ဂျာမနီအနောက်ပိုင်းရှိ ရှလိုစပါ့ခ်ဆေးရုံတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူ့ကိုအားကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခင်းဖြစ်ရာနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

တိုက်ခိုက်သူကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ ရဲတစ်ဦးလည်း ပြင်းထန်စွာဒါဏ်ရာရရှိသွားပြီး ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ်မရှိတော့ဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သံသယရှိသူတရားခံဟာ လူသတ်မှု ၊ လူသတ်ရန်ကြံစည်မှုတို့နဲ့ စွဲချက်တင်ခံထားရပါတယ်။

Ref: BBC Photo: Getty Images
#voiceofmyanmar #ဘာလင် #သမ္မတဟောင်းသား #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW