အိုုင္စီေဂ်ကိုု ေဒၚေအာင္ဆန္းစုုၾကည္သြားေရာက္ေျဖရွင္းမယ့္ကိစၥ သူတိုု႕အျမင္ သူတိုု႕သေဘာထား

အိုုင္စီေဂ်ကိုု ေဒၚေအာင္ဆန္းစုုၾကည္သြားေရာက္ေျဖရွင္းမယ့္ကိစၥ သူတိုု႕အျမင္ သူတိုု႕သေဘာထား

နိုုဝင္ဘာ ၂၁-၂၀၁၉
ေနလင္း(VOM)

အျပည္ျပည္ဆိုင္ရာ တရားရံုး ICJ မွာ ဂမ္ဘီယာႏိုင္ငံကေန ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုထားတာကို တံု႔ျပန္ဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္သာလန္ႏိုင္ငံကို သြားမယ္လို႔ သမၼတရံုးက မေန႕က နိုုဝင္ဘာ ၂၀ ရက္စြဲနဲ႕ ထုတ္ျပန္ ေၾကျငာခဲ႕ပါတယ္။

ICJ ရံုးရွိရာ နယ္သာလန္ႏိုင္ငံ The Hague ျမိဳ႕ကို သြားေရာက္တဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ႏိုင္ငံျခားေရးရာ ျပည္ေထာင္စုဝန္ၾကီး အျဖစ္သြားေရာက္မယ္လို႔ သမၼတရံုးရဲ႕ ထုတ္ျပန္ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီလိုု နိုုင္ငံေတာ္ရဲ႕အၾကီးအကဲတေယာက္က ကိုုယ္တုုိင္သြားေရာက္ေျဖရွင္းတာဟာ စိုုးရိမ္စရာရွိလာနိုုင္လား သြားဖိုု႕ အခ်ိန္အခါသင့္တယ္လိုု႕ ယူဆနိုုင္မလားဆိုုတာ VOM ရဲ႕ ဝိုုင္းေတာ္သား ကိုုေနလင္းက ျမန္မာနိုုင္ငံေရးမွာ ထဲထဲဝင္ဝင္ လုုပ္ကိုုင္ေနသူ အေသခ်ာေလ့လာသံုုးသပ္ေနသူေတြရဲ႕ သေဘာထားေတြကိုု စုုစည္းေဖၚျပထားပါတယ္။

 

ဦးဦးလွေစာ

ရခိုင္အမ်ိဳးသားပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာ

နည္းနည္းမ်ားေစာေသးသလားလိုု႕ ၊ တခုုေတာ့ရွိတာေပါ့ ဒီလိုုျဖစ္လာမယ္ၾကိဳသိလိုု႕ၾကိဳစဥ္းစားျပီး ျပင္ဆင္ထားတာလား ၊ ျဖစ္ကာမွ က်မကိုုယ္တုုိင္သြားမယ္ေျပာတာလား ၊ တရားစြဲတယ္ဆိုုတာ အစိုုးရတခုုလံုုးကိုုစြဲတာ အတုုိင္ပင္ခံကိုု စြဲတာမဟုုတ္ဘူး က်ေနာ္တိုု႕ နုုိင္ငံက ဒီမုုိကေရစီစစ္စစ္အစိုုးရမဟုုတ္ဘူးေလ ၊ တပ္မေတာ္အခန္းက႑လည္းရွိတယ္။ သူတိုု႕စြဲတာက တပ္မေတာ္ရဲ႕ ေရွ႕တန္းေအာ္ပေရးရွငး္နဲ႕ ပတ္သက္ျပီး တံဆိပ္ကပ္စဲြတာလိုု႕ ယူဆနိုုင္တယ္။ တပ္မေတာ္နဲ႕ အတုုိင္ပင္ခံၾကား မူတခုုကိုု ေၾကေၾကညက္ညက္ ေဆြးေႏြးသင့္တယ္။ သြားတာကေတာ့ ဆႏၵေစာေနသလားလိုု႕ ၊ တဖက္က လုုပ္ရပ္ကေတာ့ စနစ္တက် အာဂ်င္တာနဲ႕ တည္ေဆာက္လာတဲ႕ ဆက္တင္ဆိုုေတာ့ ကိုုယ့္ဘက္က ဘက္ေပါင္းစံုုျပင္ဆင္သင့္တယ္။ အင္အားစုုေတြအခ်င္းခ်င္းယံုုၾကည္မွဳေတြ တည္ေဆာက္ျပီး ရင္ဆုုိင္မွ အဆင္ေျပမယ္ထင္တယ္။

 

ဦးသိန္းသန္းဦး

ဦးသိန္းသန္းဦး ( ျမန္မာႏုိင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္း အေထြေထြအတြင္းေရးမွဴး)

သူက နုုိင္ငံျခားေရးဝန္ၾကီးအေနနဲ႕ တာဝန္ရွိတာမိုု႕ သြားသင့္တယ္။ ဒါေပမယ့္ တိုုင္းျပည္ေခါင္းေဆာင္တေယာက္အေနနဲ႕ေတာ့ မသင့္ဘူး ၊ သူ႕အတြက္အႏၱရယ္မရွိနိုုင္ပါဘူး၊ ကမၻာေပၚကလူေတြက မရိုုင္းပါဘူး။ တဖက္ကလည္း သက္ေသအေထာက္ထားမရွိပဲလုုပ္မွာမဟုုတ္ဘူး၊ အိုုင္စီေဂ်ရဲ႕ သေဘာသဘာဝက ျပႆနာမၾကီးနုုိင္ပါဘူး၊ သူတိုု႕ ဆံုုးျဖတ္မလုုိက္နာရင္ လံုုျခံဳေရး ေကာင္စီေရာက္မယ္။ လံုုျခံဳေရးေကာင္စီေရာက္ရင္ ကိုုယ့္ဘက္က ဗီိတုုိအာဏာသံုုးနုုိင္ရင္ ညွိနိုုင္းတဲ႕ အဆင့္ျဖစ္မယ္။ေနာက္ဆက္တြဲေတာ့မေကာင္းဘူးေပါ့ဗ်ာ အရွက္ကြဲမယ္ ေဆးေဖၚေၾကာဖက္ရွိမွာမဟုုတ္ဘူး၊ စီးပြားေရးပိတ္ဆိုု႕မွဳေတြရွိလာနုုိင္တယ္ စသျဖင့္ ဒါမ်ိဳးေတြေတာ့လာနိုုင္တာေပါ့ ၊ အုုိင္စီေဂ်ရဲ႕ ဆံုုးျဖတ္ခ်က္ကေတာ့ ဘာမွမျဖစ္လာနုုိင္ပါဘူး။

 

 

ဦးေမာင္ေမာင္စိုုး

ဦးေမာင္ေမာင္စိုုး ( နိုုင္ငံေရးေလ့လာသံုုးသပ္သူ)

အဂၤလိပ္လိုု ထုုတ္ျပန္ခ်က္မွာ ဦးေဆာင္ဦးရြက္လုုပ္မယ္ေျပာတယ္ ဗမာလိုုမွာက သြားမယ္လုုိ႕လည္း ဗမာလိုုေရးထားေတာ့ မသဲကြဲဘူး ၊ ဒါေပမယ့္ ဘယ္လုုိပဲျဖစ္ျဖစ္ နယ္သာလန္မွာရင္ဆုုိင္မွာကိုုေတာ့ သူတာဝန္ယူဦးေဆာင္မွာေသခ်ာတာေပါ့ ၊ ၊နယ္သာလန္တရားရံုုးဆိုုတာေတာ့ ကုုလသမဂၢအဖြဲ႕လက္ေအာက္က ကမၻာတရားရံုုးဆုုိေတာ့ နိုုင္ငံအခ်င္းခ်င္း ျပႆနာကတက္ရင္ေျဖရွင္းေတာ့ အစိုုးရအေနနဲ႕ ကုုလ သမဂၢအဖြဲ႕ဝင္ျဖစ္ေတာ့ အစိုုးရ ဦးစီးရမွာေပါ႕ ၊ ေဒၚစုုက တရားဝင္အစိုုးရရဲ႕ အဓိက ျဖစ္ေတာ့ေျဖရွင္းရမွာေပါ့၊ နိုုင္ငံေရးျခားေရးဝန္ၾကီးနဲ႕သက္ဆိုုင္ေတာ့ သူရွင္းရမွာပါ။
အိုုင္စီေဂ်ဆိုုတာ ကုုလ သမဂၢအဖြဲ႕ဝင္နိုုင္ငံတနုုိင္ငံနဲ႕ တနုုိင္ငံၾကားေျဖရွင္းေပးတာေပါ့ ၊ သက္ေသမရွိတာ ရွိတာကတဆင့္ ၊ ခ်က္ခ်င္းဆံုုးျဖတ္ခ်က္ခ်မရရင္ လံုုျခံဳေရးေကာင္စီပဲ ျပန္သြားရမွာပါပဲ။

 

 

ဦးသိန္းထြန္းဦး

ဦးသိန္းထြန္းဦး (ျပည္ေထာင္စုုၾကံ႕ခိုုင္ေရးနဲ႕ဖြံ႕ျဖိဳးေရးပါတီ ေျပာခြင့္ရ)
ဒီလိုုတရားရင္ဆိုုင္တာ အပိုုင္း ၂ပိုုင္းရွိပါတယ္။ သူယူထားတဲ႕ တာဝန္အေပၚ မျဖစ္မေနသြားရတာျဖစ္ပါတယ္။ တာဝန္အရသြားရတာျဖစ္ပါတယ္။ ေနာက္တပိုုင္းက မသြားရင္ မလိုုလားတဲ႕ ျပႆနာျဖစ္မယ္ဆိုုတဲ႕ အပိုုင္းျဖစ္မယ္။ မိမိနုုိင္ငံကိုု ကာကြယ္လိုုတဲ႕ စိတ္နဲ႕သြားတာဆိုုရင္ေတာ့ ၾကိဳဆိုုၾကရမွာျဖစ္ပါတယ္။ စိတ္ရင္းမွန္နဲ႕လုုပ္ေဆာင္တာ အင္မတန္ရွားပါးတဲ႕ လုုပ္ရပ္ျဖစ္လိုု႕ က်ြန္ေတာ္လိုုပဲ အမ်ားက ၾကိဳဆိုုၾကလိမ့္မယ္ထင္ပါတယ္။ အႏၱရာယ္ရွိျခင္းမရွိျခင္းကေတာ့ ဥပေဒနဲ႕ အညီ ဘယ္လိုုေဆာာင္ရြက္ရမယ္ ဥပေဒနဲ႕ အညီဘယ္လိုုရုုန္းထြက္မလဲ ဆိုုတာရယ္ အုုိင္စီေဂ်က ဥပေဒနဲ႕အညီလုုပ္မွာမိုု႕႕ သိပ္စိုုးရိမ္စရာမရွိဘူးလိုု႕ေျပာခ်င္ပါတယ္

ဗီအိုုအမ္က ဆက္သြယ္တဲ႕ တခ်ိဳ႕ နုုိင္ငံေရးေလ့လာသံုုးသပ္သူေတြကေတာ့ ေဒၚေအာင္ဆန္းစုုၾကည္ တကယ္သြားမယ္မသြားမယ္ဆိုုတာ ေသခ်ာသိမွ ေလ့လာသံုုးသပ္မယ္လိုု႕ ဆိုုၾကပါတယ္။

ျမန္မာႏိုင္ငံဟာ ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာသြားသူေတြနဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာ လူ႔အခြင့္အေရး ေဖာက္ဖ်က္မႈေတြ ရွိတယ္ဆိုတဲ့ စြဲခ်က္ကို အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) ကိုယ္စား၊ ဂမ္ဘီယာ ႏိုင္ငံက ICJ ကို တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီအမႈအတြက္ ICJ ရံုးရွိရာ နယ္သာလန္ႏိုင္ငံ The Hague ျမိဳ႕မွာ လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ အမ်ားျပည္သူေရွ႕ေမွာက္မွာ ၾကားနာမွာ ျဖစ္ပါတယ္။ ခါတုုိင္းတရားခြင္ေတြမွေတာ့ ရုုပ္ျမင္သံၾကားက တိုုက္ရိုုက္ထုုတ္လႊင့္ေပးတာမိုု႕ ကမၻာတလႊားက စိတ္ဝင္စားသူေတြ တိုုက္ရိုုက္ၾကည့္ရွဳနိုုင္ခဲ႕ပါတယ္။ ဒီကိစၥကေတာ့ ေဒၚေအာင္ဆန္းစုုၾကည္တကယ္သြားျပီး ေျဖရွင္းမလားဆိုုတာအေပၚ ေစာင့္ၾကည့္ၾကရမွာျဖစ္ပါတယ္။

#voiceofmyanmar #နယ္သာလန္ #အိုုင္စီေဂ် #ဂမ္ဘီယာ

 

Unicode

အိုင်စီဂျေကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းမယ့်ကိစ္စ သူတို့အမြင် သူတို့သဘောထား

နိုဝင်ဘာ ၂၁-၂၀၁၉
နေလင်း(VOM)

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာကို တုံ့ပြန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို သွားမယ်လို့ သမ္မတရုံးက မနေ့က နိုဝင်ဘာ ၂၀ ရက်စွဲနဲ့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ICJ ရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့ကို သွားရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြားရေးရာ ပြည်ထောင်စုဝန်ကြီး အဖြစ်သွားရောက်မယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို နိုင်ငံတော်ရဲ့အကြီးအကဲတယောက်က ကိုယ်တိုင်သွားရောက်ဖြေရှင်းတာဟာ စိုးရိမ်စရာရှိလာနိုင်လား သွားဖို့ အချိန်အခါသင့်တယ်လို့ ယူဆနိုင်မလားဆိုတာ VOM ရဲ့ ဝိုင်းတော်သား ကိုနေလင်းက မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေသူ အသေချာလေ့လာသုံးသပ်နေသူတွေရဲ့ သဘောထားတွေကို စုစည်းဖေါ်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော

နည်းနည်းများစောသေးသလားလို့ ၊ တခုတော့ရှိတာပေါ့ ဒီလိုဖြစ်လာမယ်ကြိုသိလို့ကြိုစဉ်းစားပြီး ပြင်ဆင်ထားတာလား ၊ ဖြစ်ကာမှ ကျမကိုယ်တိုင်သွားမယ်ပြောတာလား ၊ တရားစွဲတယ်ဆိုတာ အစိုးရတခုလုံးကိုစွဲတာ အတိုင်ပင်ခံကို စွဲတာမဟုတ်ဘူး ကျနော်တို့ နိုင်ငံက ဒီမိုကရေစီစစ်စစ်အစိုးရမဟုတ်ဘူးလေ ၊ တပ်မတော်အခန်းကဏ္ဍလည်းရှိတယ်။ သူတို့စွဲတာက တပ်မတော်ရဲ့ ရှေ့တန်းအော်ပရေးရှင်းနဲ့ ပတ်သက်ပြီး တံဆိပ်ကပ်စွဲတာလို့ ယူဆနိုင်တယ်။ တပ်မတော်နဲ့ အတိုင်ပင်ခံကြား မူတခုကို ကြေကြေညက်ညက် ဆွေးနွေးသင့်တယ်။ သွားတာကတော့ ဆန္ဒစောနေသလားလို့ ၊ တဖက်က လုပ်ရပ်ကတော့ စနစ်တကျ အာဂျင်တာနဲ့ တည်ဆောက်လာတဲ့ ဆက်တင်ဆိုတော့ ကိုယ့်ဘက်က ဘက်ပေါင်းစုံပြင်ဆင်သင့်တယ်။ အင်အားစုတွေအချင်းချင်းယုံကြည်မှုတွေ တည်ဆောက်ပြီး ရင်ဆိုင်မှ အဆင်ပြေမယ်ထင်တယ်။

ဦးသိန်းသန်းဦး ( မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး)

သူက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တာဝန်ရှိတာမို့ သွားသင့်တယ်။ ဒါပေမယ့် တိုင်းပြည်ခေါင်းဆောင်တယောက်အနေနဲ့တော့ မသင့်ဘူး ၊ သူ့အတွက်အန္တရယ်မရှိနိုင်ပါဘူး၊ ကမ္ဘာပေါ်ကလူတွေက မရိုင်းပါဘူး။ တဖက်ကလည်း သက်သေအထောက်ထားမရှိပဲလုပ်မှာမဟုတ်ဘူး၊ အိုင်စီဂျေရဲ့ သဘောသဘာဝက ပြဿနာမကြီးနိုင်ပါဘူး၊ သူတို့ ဆုံးဖြတ်မလိုက်နာရင် လုံခြုံရေး ကောင်စီရောက်မယ်။ လုံခြုံရေးကောင်စီရောက်ရင် ကိုယ့်ဘက်က ဗီတိုအာဏာသုံးနိုင်ရင် ညှိနိုင်းတဲ့ အဆင့်ဖြစ်မယ်။နောက်ဆက်တွဲတော့မကောင်းဘူးပေါ့ဗျာ အရှက်ကွဲမယ် ဆေးဖေါ်ကြောဖက်ရှိမှာမဟုတ်ဘူး၊ စီးပွားရေးပိတ်ဆို့မှုတွေရှိလာနိုင်တယ် စသဖြင့် ဒါမျိုးတွေတော့လာနိုင်တာပေါ့ ၊ အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်ကတော့ ဘာမှမဖြစ်လာနိုင်ပါဘူး။

ဦးမောင်မောင်စိုး ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

အင်္ဂလိပ်လို ထုတ်ပြန်ချက်မှာ ဦးဆောင်ဦးရွက်လုပ်မယ်ပြောတယ် ဗမာလိုမှာက သွားမယ်လို့လည်း ဗမာလိုရေးထားတော့ မသဲကွဲဘူး ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နယ်သာလန်မှာရင်ဆိုင်မှာကိုတော့ သူတာဝန်ယူဦးဆောင်မှာသေချာတာပေါ့ ၊ ၊နယ်သာလန်တရားရုံးဆိုတာတော့ ကုလသမဂ္ဂအဖွဲ့လက်အောက်က ကမ္ဘာတရားရုံးဆိုတော့ နိုင်ငံအချင်းချင်း ပြဿနာကတက်ရင်ဖြေရှင်းတော့ အစိုးရအနေနဲ့ ကုလ သမဂ္ဂအဖွဲ့ဝင်ဖြစ်တော့ အစိုးရ ဦးစီးရမှာပေါ့ ၊ ဒေါ်စုက တရားဝင်အစိုးရရဲ့ အဓိက ဖြစ်တော့ဖြေရှင်းရမှာပေါ့၊ နိုင်ငံရေးခြားရေးဝန်ကြီးနဲ့သက်ဆိုင်တော့ သူရှင်းရမှာပါ။
အိုင်စီဂျေဆိုတာ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားဖြေရှင်းပေးတာပေါ့ ၊ သက်သေမရှိတာ ရှိတာကတဆင့် ၊ ချက်ချင်းဆုံးဖြတ်ချက်ချမရရင် လုံခြုံရေးကောင်စီပဲ ပြန်သွားရမှာပါပဲ။

ဦးသိန်းထွန်းဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ)
ဒီလိုတရားရင်ဆိုင်တာ အပိုင်း ၂ပိုင်းရှိပါတယ်။ သူယူထားတဲ့ တာဝန်အပေါ် မဖြစ်မနေသွားရတာဖြစ်ပါတယ်။ တာဝန်အရသွားရတာဖြစ်ပါတယ်။ နောက်တပိုင်းက မသွားရင် မလိုလားတဲ့ ပြဿနာဖြစ်မယ်ဆိုတဲ့ အပိုင်းဖြစ်မယ်။ မိမိနိုင်ငံကို ကာကွယ်လိုတဲ့ စိတ်နဲ့သွားတာဆိုရင်တော့ ကြိုဆိုကြရမှာဖြစ်ပါတယ်။ စိတ်ရင်းမှန်နဲ့လုပ်ဆောင်တာ အင်မတန်ရှားပါးတဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်လိုပဲ အများက ကြိုဆိုကြလိမ့်မယ်ထင်ပါတယ်။ အန္တရာယ်ရှိခြင်းမရှိခြင်းကတော့ ဥပဒေနဲ့ အညီ ဘယ်လိုဆောာင်ရွက်ရမယ် ဥပဒေနဲ့ အညီဘယ်လိုရုန်းထွက်မလဲ ဆိုတာရယ် အိုင်စီဂျေက ဥပဒေနဲ့အညီလုပ်မှာမို့ သိပ်စိုးရိမ်စရာမရှိဘူးလို့ပြောချင်ပါတယ်

ဗီအိုအမ်က ဆက်သွယ်တဲ့ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် တကယ်သွားမယ်မသွားမယ်ဆိုတာ သေချာသိမှ လေ့လာသုံးသပ်မယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်ကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား၊ ဂမ်ဘီယာ နိုင်ငံက ICJ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီအမှုအတွက် ICJ ရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အများပြည်သူရှေ့မှောက်မှာ ကြားနာမှာ ဖြစ်ပါတယ်။ ခါတိုင်းတရားခွင်တွေမှတော့ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးတာမို့ ကမ္ဘာတလွှားက စိတ်ဝင်စားသူတွေ တိုက်ရိုက်ကြည့်ရှုနိုင်ခဲ့ပါတယ်။ ဒီကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်တကယ်သွားပြီး ဖြေရှင်းမလားဆိုတာအပေါ် စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

#voiceofmyanmar #နယ်သာလန် #အိုင်စီဂျေ #ဂမ်ဘီယာ

Related posts

Leave a Comment

VOM News

FREE
VIEW