ေ႐ႊျပည္ပန္းပု႐ြာတြင္ ကမာၻ႔အႀကီးဆုံးသစ္သားပန္းပုျပပြဲၿပိဳင္ပြဲႀကီး ပထမအႀကိမ္က်င္းပ

ပဲခူး ၊ႏိုဝင္ဘာ ၂၉-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕(၁၀)မိုင္ကုန္းက ေ႐ႊျပည္ပန္းပု႐ြာ(Shwe Pyi Resort)မွာ ဒီကေန႔မနက္ပိုင္းက ကမာၻ႔အႀကီးဆုံး သစ္သားပန္းပုျပပြဲၿပိဳင္ပြဲနဲ႔ အဌမအႀကိမ္ ပန္းပုအကယ္ဒမီဆုေပးပြဲႀကီးကို က်င္းပေနတယ္လို႔ သိရပါတယ္။

‟ကမာၻ႔အႀကီးဆုံး သစ္သားပန္းပု ျပပြဲနဲ႔ၿပိဳင္ပြဲဆုေပးပြဲကို ပဲခူးမွာပထမဆုံးက်င္းပတာပါ ၂၀၀၈ခု နာဂစ္ျဖစ္တဲ့အခ်ိန္မွာ အလဲလဲအၿပိဳၿပိဳျဖစ္သြားတဲ့ အဖိုးတန္ၿပီး ႏွစ္ေပါင္းရာေက်ာ္ရွိတဲ့ သစ္ပင္ေတြဟာ အျမန္ဆုံးဖယ္ရွားလိုက္တဲ့အခါမွာေတာ့ ေနာက္ဆုံးထင္းျဖစ္သြားၾကတယ္။ ဒါေတြကို အႏုပညာဖန္တီးမယ္ဆိုၿပီး တစ္ႏိုင္ငံလုံးက ပန္းပုပညာရွင္ေတြ ဖိတ္ေခၚၿပီး ပန္းပုေတြလုပ္ခဲ့ၾကတာ (၁၁)ႏွစ္ေက်ာ္သြားပါၿပီ။ ပန္းပုအႀကီးေတြကိုေတာ့ မေရာင္းပါဘူး။ ပန္းပု႐ုပ္ေပါင္း တစ္ေသာင္းဝန္းက်င္ရွိပါတယ္။ သစ္သားပန္းပုမွာ ကမာၻမွာအႀကီးဆုံးလို႔ ေျပာရဲပါတယ္လို႔” ပြဲေတာ္က်င္းပေရးေကာ္မတီနာယက ဦးခင္ေမာင္ေအးကေျပာပါတယ္။

ယခုႏွစ္မွာ ၿမိဳ႕နယ္ေပါင္း ၂၀ က ၿပိဳင္ပြဲဝင္မေတြရဲ႕အ႐ုပ္ေပါင္း ၂၂၇႐ုပ္ ပါဝင္ယွဥ္ၿပိဳင္ၾကတာျဖစ္ၿပီး ၿပိဳင္ပြဲဆုေၾကးေငြေတြကိုလည္း စိတ္ႀကိဳက္ၿပိဳင္ပြဲ ပထမဆုအျဖစ္ က်ပ္သိန္း (၁၀၀) ၊ဒုတိယဆု က်ပ္(၇၅)သိန္း၊ တတိယဆုက်ပ္ သိန္း(၅၀)ႏွင့္ အထူးဆု(၁၀) ဆုကို ၊တစ္ဆုလွ်င္က်ပ္ (၁၀)သိန္းႏႈန္းျဖင့္ ခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

ေမာ္ဒန္ၿပိဳင္ပြဲမွာေတာ့ ပထမဆုအျဖစ္ (၇၅)သိန္း၊ဒုတိယဆု သိန္း(၅၀)၊ တတိယဆု သိန္း(၃၀)တို႔ကို ခ်ီးျမႇင့္သြားမွာျဖစ္ၿပီး အထူးထု(၅)ဆုကို (၁၀)သိန္းႏႈန္းစီ ခ်ီးျမႇင့္သြားမည္ျဖစ္ကာ ပထမ၊ ဒုတိယ၊ တတိယဆုရသူမ်ားကို ေ႐ႊစင္ငါးမူးသားဆုတံဆိပ္ေတြကိုပါ ခ်ီးျမႇင့္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီလိုျပသရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ကမာၻမွာ သစ္သားပန္းပုအမ်ားဆုံ းပိုင္ဆိုင္တဲ့ႏိုင္ငံအျဖစ္ ထုတ္ေဖာ္ျပသလိုရင္း ျဖစ္ပါတယ္။ ယခင္ႏွစ္ေတြကေတာ့ ရန္ကုန္ၿမိဳ ့ ဆရာစံပလာဇာမွာ ႏွစ္စဥ္က်င္းပျဖစ္တယ္။အခု ဒီႏွစ္ကေတာ့ ရန္ကုန္ၿမိဳ႕မွာ မက်င္းပေတာ့ဘဲ ပဲခူး ၁၀ မိုင္ကုန္းမွာပထမဆုံး က်င္းပတာပါ”လို႔ ပန္းပုၿပိဳင္ပြဲက်င္းပေရးနဲ႔ ဆုခ်ီးျမႇင့္ေရးဆပ္ေကာ္မတီ ဥကၠ႒ ဦးၾကည္ဝင္းကေျပာပါတယ္

နာဂစ္ကာလကေန ယေန႔အခ်ိန္ထိ ထုလုပ္ခဲ့တဲ့ လက္ရာေတြအနက္ ၊ျပန္လည္ထုလုပ္ဖို႔ မလြယ္ကူတဲ့ လက္ရာေတြကို Museum Piece အျဖစ္ ပဲခူး-ေ႐ႊျပည္မွာ ျပသထားမွာျဖစ္ပါတယ္။

၂၀၀၈ခုႏွစ္ ေမလက ျပင္းထန္စြာတိုက္ခတ္ခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္ ရန္ကုန္တိုင္းနဲ႔ က်န္တဲ့တိုင္းေဒသႀကီးက အေဆာက္အဦးေတြနဲ႔ သစ္ပင္ႀကီးငယ္မ်ား၊ လူႏွင့္ တိရိစာၦန္ေပါင္းမ်ားစြာရဲ႕ အသက္မ်ား ဆုံးရႈံးပ်က္ဆီးခဲ့ရတာျဖစ္ၿပီး၊ ႏိုင္ငံေတာ္ရဲ႕ တရားဝင္ခြင့္ျပဳခ်က္နဲ႔ ၿပိဳလဲပ်က္ဆီးေနတဲ့ သစ္ပင္ႀကီးငယ္ အပိုင္းအစေတြကို သစ္သားပန္းပုပညာရွင္ေတြႏွင့္ ပူးေပါင္းကာ ပန္းပု႐ုပ္ႀကီးငယ္မ်ား စတင္ထုလုပ္ခဲ့တာျဖစ္ပါတယ္။

“ ျမန္မာ့ပန္းပုလက္ရာေတြကို ကမာၻကသိေစခ်င္လို႔ ဒီလိုျပပြဲေတြျပဳလုပ္ေပးတာျဖစ္ၿပီး ပန္းပုပညာရွင္ေတြကို ယခုလို မခ်ီးျမႇင့္ခဲ့ရင္ ပန္းပုပညာေတြ ပေပ်ာက္သြားမွာျဖစ္တာနဲ႔ တစ္ကမာၻလုံးမွာ အခုလို ပန္းပုျပပြဲေလာက္ ႀကီးက်ယ္တဲ့ သစ္သားပန္းပုပညာမရွိပါဘူး၊ တစ္ကမာၻလုံးကိုစိန္ေခၚရဲပါတယ္”လို႔ ဦးခင္ေမာင္ေအးက ေျပာၾကားသြားပါတယ္။

ပန္းပုပညာရွင္ေတြရဲ႕ ပန္းပုလက္ရာေတြ ပိုမိုတိုးတက္လာေစရန္ဖို႔ ရည္ရြယ္ၿပီး ၂၀၀၉ ခုႏွစ္ကေန စတင္ကာ ပန္းပုၿပိဳင္ပြဲေတြ စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုႏွစ္မ်ားအထိ(၇)ႀကိမ္ေျမာက္က်င္းပခဲ့ၿပီးျဖစ္တယ္လုိ႔လည္း သိရပါတယ္။

#voiceofmyanmar #ပဲခူး #ပန္းပုျပပြဲ #ပထမအႀကိမ္

Unicode

ရွှေပြည်ပန်းပုရွာတွင် ကမ္ဘာ့အကြီးဆုံးသစ်သားပန်းပုပြပွဲပြိုင်ပွဲကြီး ပထမအကြိမ်ကျင်းပ

ပဲခူး ၊နိုဝင်ဘာ ၂၉-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့(၁၀)မိုင်ကုန်းက ရွှေပြည်ပန်းပုရွာ(Shwe Pyi Resort)မှာ ဒီကနေ့မနက်ပိုင်းက ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲပြိုင်ပွဲနဲ့ အဌမအကြိမ် ပန်းပုအကယ်ဒမီဆုပေးပွဲကြီးကို ကျင်းပနေတယ်လို့ သိရပါတယ်။

‟ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲနဲ့ပြိုင်ပွဲဆုပေးပွဲကို ပဲခူးမှာပထမဆုံးကျင်းပတာပါ ၂၀၀၈ခု နာဂစ်ဖြစ်တဲ့အချိန်မှာ အလဲလဲအပြိုပြိုဖြစ်သွားတဲ့ အဖိုးတန်ပြီး နှစ်ပေါင်းရာကျော်ရှိတဲ့ သစ်ပင်တွေဟာ အမြန်ဆုံးဖယ်ရှားလိုက်တဲ့အခါမှာတော့ နောက်ဆုံးထင်းဖြစ်သွားကြတယ်။ ဒါတွေကို အနုပညာဖန်တီးမယ်ဆိုပြီး တစ်နိုင်ငံလုံးက ပန်းပုပညာရှင်တွေ ဖိတ်ခေါ်ပြီး ပန်းပုတွေလုပ်ခဲ့ကြတာ (၁၁)နှစ်ကျော်သွားပါပြီ။ ပန်းပုအကြီးတွေကိုတော့ မရောင်းပါဘူး။ ပန်းပုရုပ်ပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။ သစ်သားပန်းပုမှာ ကမ္ဘာမှာအကြီးဆုံးလို့ ပြောရဲပါတယ်လို့” ပွဲတော်ကျင်းပရေးကော်မတီနာယက ဦးခင်မောင်အေးကပြောပါတယ်။

ယခုနှစ်မှာ မြို့နယ်ပေါင်း ၂၀ က ပြိုင်ပွဲဝင်မတွေရဲ့အရုပ်ပေါင်း ၂၂၇ရုပ် ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပြိုင်ပွဲဆုကြေးငွေတွေကိုလည်း စိတ်ကြိုက်ပြိုင်ပွဲ ပထမဆုအဖြစ် ကျပ်သိန်း (၁၀၀) ၊ဒုတိယဆု ကျပ်(၇၅)သိန်း၊ တတိယဆုကျပ် သိန်း(၅၀)နှင့် အထူးဆု(၁၀) ဆုကို ၊တစ်ဆုလျှင်ကျပ် (၁၀)သိန်းနှုန်းဖြင့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

မော်ဒန်ပြိုင်ပွဲမှာတော့ ပထမဆုအဖြစ် (၇၅)သိန်း၊ဒုတိယဆု သိန်း(၅၀)၊ တတိယဆု သိန်း(၃၀)တို့ကို ချီးမြှင့်သွားမှာဖြစ်ပြီး အထူးထု(၅)ဆုကို (၁၀)သိန်းနှုန်းစီ ချီးမြှင့်သွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယဆုရသူများကို ရွှေစင်ငါးမူးသားဆုတံဆိပ်တွေကိုပါ ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလိုပြသရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာမှာ သစ်သားပန်းပုအများဆုံ းပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် ထုတ်ဖော်ပြသလိုရင်း ဖြစ်ပါတယ်။ ယခင်နှစ်တွေကတော့ ရန်ကုန်မြို့ ဆရာစံပလာဇာမှာ နှစ်စဉ်ကျင်းပဖြစ်တယ်။အခု ဒီနှစ်ကတော့ ရန်ကုန်မြို့မှာ မကျင်းပတော့ဘဲ ပဲခူး ၁၀ မိုင်ကုန်းမှာပထမဆုံး ကျင်းပတာပါ”လို့ ပန်းပုပြိုင်ပွဲကျင်းပရေးနဲ့ ဆုချီးမြှင့်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်ဝင်းကပြောပါတယ်

နာဂစ်ကာလကနေ ယနေ့အချိန်ထိ ထုလုပ်ခဲ့တဲ့ လက်ရာတွေအနက် ၊ပြန်လည်ထုလုပ်ဖို့ မလွယ်ကူတဲ့ လက်ရာတွေကို Museum Piece အဖြစ် ပဲခူး-ရွှေပြည်မှာ ပြသထားမှာဖြစ်ပါတယ်။

၂၀၀၈ခုနှစ် မေလက ပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနဲ့ ကျန်တဲ့တိုင်းဒေသကြီးက အဆောက်အဦးတွေနဲ့ သစ်ပင်ကြီးငယ်များ၊ လူနှင့် တိရိစ္ဆာန်ပေါင်းများစွာရဲ့ အသက်များ ဆုံးရှုံးပျက်ဆီးခဲ့ရတာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ပြိုလဲပျက်ဆီးနေတဲ့ သစ်ပင်ကြီးငယ် အပိုင်းအစတွေကို သစ်သားပန်းပုပညာရှင်တွေနှင့် ပူးပေါင်းကာ ပန်းပုရုပ်ကြီးငယ်များ စတင်ထုလုပ်ခဲ့တာဖြစ်ပါတယ်။

“ မြန်မာ့ပန်းပုလက်ရာတွေကို ကမ္ဘာကသိစေချင်လို့ ဒီလိုပြပွဲတွေပြုလုပ်ပေးတာဖြစ်ပြီး ပန်းပုပညာရှင်တွေကို ယခုလို မချီးမြှင့်ခဲ့ရင် ပန်းပုပညာတွေ ပပျောက်သွားမှာဖြစ်တာနဲ့ တစ်ကမ္ဘာလုံးမှာ အခုလို ပန်းပုပြပွဲလောက် ကြီးကျယ်တဲ့ သစ်သားပန်းပုပညာမရှိပါဘူး၊ တစ်ကမ္ဘာလုံးကိုစိန်ခေါ်ရဲပါတယ်”လို့ ဦးခင်မောင်အေးက ပြောကြားသွားပါတယ်။

ပန်းပုပညာရှင်တွေရဲ့ ပန်းပုလက်ရာတွေ ပိုမိုတိုးတက်လာစေရန်ဖို့ ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ်ကနေ စတင်ကာ ပန်းပုပြိုင်ပွဲတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များအထိ(၇)ကြိမ်မြောက်ကျင်းပခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ပဲခူး #ပန်းပုပြပွဲ #ပထမအကြိမ်

Related posts

Leave a Comment

VOM News

FREE
VIEW