(Zawgyi) သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန် မန္တလေး၊ နိုဝင်ဘာ ၃၀၊ ၂၀၁၉ VOM အမျိုးသား စာပေဆုရှင်၊ သတင်းစာဆရာနဲ့ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန် (၈၃နှစ်) ဟာ ဒီနေ့ ညနေ ၃ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မန္တလေးမြို့က ဆရာညိုထွန်းလူက “တနေ့ကတင် ဘကြီးမိုးတို့နဲ့ ဆုံတော့ သက်ကြီးဆရာကြီးတွေ တွေ့ကြတော့ သူနဲ့တွေ့ရသေးတယ်။ စံတော်ချိန်မှာတောင် ကျနော်ရေးလိုက်သေးတယ်။ ပြီးတော့ မင်္ဂလာဆောင်တခုမှလည်း တွေ့ရသေးတယ်။ ခု သူရုတ်တရက်ကြီး ဆုံးသွားတယ်ဆိုတော့ တော်တော့်ကို စိတ်မကောင်းဘူးဗျာ။ အဲ့ဒီတုန်းကတွေ့တာ နောက်ဆုံးနှုတ်ဆက်သွားတာလားလို့တောင် တွေးမိတယ်ဗျာ။ မန္တလေးအတွက် သူလုပ်သွားတာ မနည်းဘူး။ ဒီဆုံးရှုံးမှုက တော်တော်ဝမ်းနည်းစရာ ကောင်းတယ်ဗျ။ သူလိုလူမျိုးက မပေါ်နိုင်တော့ဘူး။ အမေ လူထု ဒေါ်အမာတို့ ဆရာဦးမောင်မောင်တင်တို့လို လူမျိုး အစားမပေါ်သလို ဆရာ ဦးထွန်ရှိန်လိုလူမျိုး ပေါ်ဖို့ဆိုတာလည်း…
Read MoreDay: November 30, 2019
ရန်ကုန်၊ နိုဝင်ဘာ ၃၀-၂၀၁၉ ချမ်းငြိမ်း(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲဆွယ်ပေးတော့မှာမဟုတ်တော့ဘူးလို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ Maliaဟိုတယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) စတင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ဖိတ်ကြားခံရတဲ့သူအဖြစ်နဲ့ရော လာရောက်လေ့လာသူအဖြစ်နဲ့ တက်ရောက်လာချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲမှာ အပေါင်းအလဲကို လိုချင်တဲ့အတွက် NLD ပါတီက မဲဆွယ်တဲ့အတွက် USDP ပါတီဝင်များက မုန်းပါတယ်။ ဒီ ၂၀၂၀မှာ PPP ကမဲဆွယ်ရင် NLD ကသူတွေကမုန်းမယ်။ အဲဒီအတွက် လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲမဲဆွယ်ပေးတော့မှာမဟုတ်ပါဘူး” လို့ ထွန်းအိန္ဒြာဗိုလ်ကပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ သူ့ရဲညီမဖြစ်သူ ဒေါ်သက်သက်ခိုင်ရဲ့PPPပါတီကို လေ့လာနေတာဖြစ်ပြီး ကောင်းတဲ့အချက်တွေကိုလည်း တွေ့ရှိထားကာ အဲ့ဒီပါတီကိုလည်း မဲဆွယ်ပေးဖို့လုပ်ဆောင်တာတွေလည်း မလုပ်ဖြစ်တော့ဘူးလို့ ထွန်းအိန္ဒြာဗိုလ်ကပြောခဲ့ပါတယ်။ #voiceofmyanmar #ရန်ကုန် #ထွန်းအိန္ဒြာဗိုလ် #PPPပါတီ Unicode ဘယ်ပါတီကိုမှ မဲဆွယ်ပေးတော့မှာ မဟုတ်ဘူးလို့ သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ပြော…
Read Moreပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနဲ့ဇနီးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်
ပြည်၊ နိုဝင်ဘာ ၃၀-၂၀၁၉ လမင်း(VOM) ရခိုင်ပြည်နယ် ၊ ကျောက်တောင်စခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနှင့်ဇနီးသည် မဇာခြည်လင်းတို့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မနက်က ကျောက်တောင်စခန်းကနေ ဈေးကိုအသွားမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒီလိုပျောက်ဆုံးသွားခဲ့တဲ့အတွက် သူတို့ရဲ့မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့တွေစြုပီး နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ပြည်မြို့၊ ခေတ္တရာဧရာ ကမ်းနားပန်းခြံမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဒီဆုတောင်းပွဲကို ဟိန္ဒူဘာသာဝင်များ ၊ အစ္စလာမ်ဘာသာဝင်များ ၊ခရစ်စယာန်ဘာသာဝင်များ ၊ လူမှု့အဖွဲ့အစည်းများ ၊ ပရဟိတအဖွဲ့အစည်းများ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆီမီးထွန်းပြီးဆုတောင်းမေတ္တာပို့သခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #ပြည် #ဆုတောင်းပွဲ #ရဲတပ်ကြပ်ပျောက်ဆုံးမှု Unicode ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနဲ့ဇနီးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ် ပြည်၊ နိုဝင်ဘာ ၃၀-၂၀၁၉ လမင်း(VOM) ရခိုင်ပြည်နယ် ၊ ကျောက်တောင်စခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ကြပ်အောင်ကိုဝင်းနှင့်ဇနီးသည် မဇာခြည်လင်းတို့ဟာ နိုဝင်ဘာလ ၂၂…
Read Moreဝန်ကြီးချုပ်ကိုယ်တိုင်က ဥပဒေပြခြိမ်းခြောက်တဲ့ သဘောဖြစ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၃၀-၂၀၁၉ သတင်း-သိဂီ င်္(VOM) ရိုက်ကူး/တည်းဖြတ်- အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းရဲ့ အကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က ဈေးသူဈေးသားတွေ အခက်အခဲကို ညှိနှိုင်းပေးတာမျိုးမလုပ်တဲ့အပြင် ဥပဒေပြ ခြိမ်းခြောက်တဲ့သဘောမျိုး ပြုလုပ်သွားတာတဲ့အတွက် ဈေးသူဈေးသားတွေဘဝ ခိုကိုးရာမဲ့နေပြီလို့ တာမွေဈေးသူဈေးသား ကိုယ်စားလှယ်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ တာမွေ(ယာယီ)ဈေး အဆင့်မြင့်ဈေးပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး ဈေးသူ၊ ဈေးသားတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံမှုမှာလည်း ဈေးသူဈေးသားတွေနဲ့ ဝန်ကြီးချုပ်တို့ အခြေအတင်စကားများတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ” စည်ပင်ဥပဒေပဲဖတ်ပြတယ် လူတွေကို ခြိမ်းခြောက်တဲ့သဘောဖြစ်နေတယ်။ သူပြောသမျှနာခံရမယ် သူအမိန့်ပေးသမျှနာခံရမယ်၊ တို့က ဘာမှတောင်းဆိုလို့မရဘူးဖြစ်နေတယ်။ ညှိညှိနှိုင်းနှိုင်းဖြစ်ချင်တာ ခုတော့ ညှိနှိုင်းမယ်ဆိုတာမရှိဘူး ။ ခံရပေါင်းများပြီ။ မိအေး နှစ်ခါမက သုံးခါနာဖြစ်နေပြီ။ အရင်ကလည်းခံပြီးပြီ “လို့…
Read More