ပင္လယ္က်ားေဖာင္ေပၚကို လူကုန္ကူးခံခဲ့ရသူေနာက္တစ္ဦး ထက္မံလြတ္ေျမာက္လာ

လႈိင္သာယာ၊ ဒီဇင္ဘာ ၂-၂၀၁၉
မိုးယံ(VOM)

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ အျပင္ပဒံေက်း႐ြာမွာ ဒီဇင္ဘာ(၁)ရက္ေန႔က ပင္လယ္က်ားေဖာင္ေပၚ၊ က်ပ္၈သိန္းနဲ႔ေရာင္းစားခံရတဲ့ ေနာက္ထပ္တစ္ဦး ျပန္လြတ္လာတယ္လို႔ ေသာင္ႀကီးနယ္ေျမရဲစခန္းကသိရပါတယ္။

‟ လူကုန္ကူးခံရတဲ့လူတစ္ဦး ပင္လယ္က်ားေဖာင္က ျပန္လြတ္လာတယ္ဆိုတာ ဟုတ္ပါတယ္၊ က်ေနာ္ကိုယ္တိုင္ တရားလိုျပဳလုပ္ၿပီး အမႈဖြင့္ထားပါတယ္၊ တရားခံေတြထဲက ႏွစ္ဦးေတာ့မိထားပါၿပီလို႔ ”အမွတ္(၆)လူကုန္/တားမွ ဒုရဲမႉးေဝလြင္က VOMကိုအတည္ျပဳေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ အဂၤပူၿမိဳ႕နယ္၊ ကြၽဲေသာင္အုပ္စု၊ မွန္ကုန္းေက်း႐ြာေန အသက္(၂၀)ႏွစ္ရွိ ကိုညီေသြး ဟာ ၂၀၁၉ ႏွစ္ဆန္းပိုင္းမွာ ရန္ကုန္ကို တတ္လာခဲ့ၿပီး၊ လႈိင္သာယာ ဒဂုံဧရာအေဝးေျပးကိုေရာက္ရွိေနခ်ိန္ လႈိင္သာယာၿမိဳနယ္ အျပင္ပဒံေက်း႐ြာ တြံေတးလမ္းေန အသက္(၄၁)ႏွစ္ရွိ မဲႀကီးဆိုသူနဲ႔ ေတြ႕ဆုံၿပီးေနာက္ပိုင္း လူကုန္ကူးခံရတာျဖစ္တယ္လို႔ သိရပါတယ္။

ဖ်ာပုံၿမိဳ႕နယ္၊ ပင္လယ္က်ားေဖာင္မွာ ၈လ အလုပ္လုပ္ရင္ က်ပ္ ၁၆သိန္း ရမယ္လို႔ေျပာဆုိစည္း႐ုံးလို႔ လိုက္သြားတာမွာ တြံေတးၿမိဳ႕နယ္၊ ဘုရားငူေက်း႐ြာ၊ ပန္းလႈိင္တံတားထိပ္မွာေနတဲ့ ၾကည့္လြင္နဲ႔ ခ်ိဳခ်ိဳဝင္းဆိုသူရဲ႕ေနအိမ္ကို ေရာက္သြားခဲ့ၿပီး မဲႀကီးဆိုသူက ၾကည့္လြင္နဲ႔ ခ်ိဳခ်ိဳဝင္းတို႔ကို ပြဲစားခလို႔ေျပာၿပီး က်ပ္ႏွစ္သိန္း ေတာင္းယူသြားတယ္လို႔ သိရပါတယ္။

ယင္းေနအိမ္ကေန ပင္လယ္က်ားေဖာင္မွာ အလုပ္လုပ္ကိုင္မယ့္ အမည္မသိသူ(၄)ဦးနဲ႔အတူ ဖ်ာပုံၿမိဳ႕နယ္၊ ခါးျပတ္ေက်း႐ြာကို ေရာက္ရွိသြားၿပီး ေဇာ္မင္းထြန္း နဲ႔ ‘သၪၨာထြန္း’ေရလုပ္ငန္းက သာယာလင္း(ခ)သားႀကီးနဲ႔ ေတြ႕ခဲ့ၿပီး ႀကိဳတင္ေငြထုတ္မလားလို႔ ေမးေပမယ့္ မထုတ္ခဲ့ဘူးလို႔သိရပါတယ္။

ေရလုပ္ငန္းမွာ အမွားအယြင္းတစ္စုံတစ္ခု ေပၚလာရင္ မိသားစုဝင္ေတြကိုေငြေပးဖို႔ စာခ်ဴပ္ေပၚ လက္မွတ္ထိုး၊ လက္ေဗြ ႏွိပ္ခိုင္းၿပီး၊ ပင္လယ္ကိုထြက္ခြာမယ့္ က်ားေဖာင္ေပၚကို တင္ေပးလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

“ ပင္လယ္ထဲ ေလးျပင္းတိုက္ခိုက္လို႔ လႈိင္းမူးၿပီးမထႏိုင္တဲ့အတြက္ ႀကိဳတင္ထုတ္ထားတဲ့ေငြမရွိေတာ့ဘူးလုိ႔ ေျပာျပၿပီးျပန္ဖို႔ က်ားေဖာင္းဦးစီးကတဆင့္ ဆက္သြယ္ေျပာရာမွ သာယာလင္း(ခ)သားႀကီးက က်ပ္ေငြ ၈သိန္းကို ေဇာ္မင္းထြန္းက ထုတ္ယူသြားတယ္။ ေငြဆပ္ၿပီးမွ ျပန္ရမယ္ေျပာလို႔ ေငြက်ပ္၈သိန္း ေက်ေအာင္ လုပ္ကိုင္ခဲ့ရပါတယ္လို႔ “လူကုန္ကူးခံရတဲ့ ကိုညီေသြးက ရဲစခန္းမွာထြက္ဆိုထားတာျဖစ္ပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး လုပ္အားခ ေခါင္းပုံျဖတ္သူ ေမာင္စိုး(ခ)မဲႀကီးနဲ႔ ၾကည္လြင္၊ ေဒၚခ်ိဳခ်ိဳဝင္း ၊ေဇာ္မင္းထြန္း၊ သာယာလင္း(ခ) သားႀကီးတို႔ကို အမွတ္(၆)လူကုန္ကူးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ ဒုရဲမႉးေဝလြင္က အေရးယူေပးပါရန္ တရားလို ျပဳလုပ္တိုင္တန္းတဲ့အတြက္ လႈိင္သာယာၿမိဳ႕၊ ေသာင္ႀကီးနယ္ေျမရဲစခန္းက (ပ)၃၂၇၆/၂၀၁၉၊ လူကုန္တားဥပေဒ ပုဒ္မ ၂၅/၃၂တို႔နဲ႔ အေရးယူေဆာင္႐ြက္ေနၿပီး က်န္တဲ့တရားခံေတြ ဖမ္းဆီးရမိဖို႔အတြက္လည္း ေဆာင္ရြက္ေနတယ္လို႔သိရပါတယ္။

Photo – Chan Nyein

#voiceofmyanmar #လိွဳင္သာယာ #က်ားေဖာင္ #လူကုန္ကူး

Unicode

ပင်လယ်ကျားဖောင်ပေါ်ကို လူကုန်ကူးခံခဲ့ရသူနောက်တစ်ဦး ထက်မံလွတ်မြောက်လာ

လှိုင်သာယာ၊ ဒီဇင်ဘာ ၂-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာမှာ ဒီဇင်ဘာ(၁)ရက်နေ့က ပင်လယ်ကျားဖောင်ပေါ်၊ ကျပ်၈သိန်းနဲ့ရောင်းစားခံရတဲ့ နောက်ထပ်တစ်ဦး ပြန်လွတ်လာတယ်လို့ သောင်ကြီးနယ်မြေရဲစခန်းကသိရပါတယ်။

‟ လူကုန်ကူးခံရတဲ့လူတစ်ဦး ပင်လယ်ကျားဖောင်က ပြန်လွတ်လာတယ်ဆိုတာ ဟုတ်ပါတယ်၊ ကျနော်ကိုယ်တိုင် တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားပါတယ်၊ တရားခံတွေထဲက နှစ်ဦးတော့မိထားပါပြီလို့ ”အမှတ်(၆)လူကုန်/တားမှ ဒုရဲမှူးဝေလွင်က VOMကိုအတည်ပြုပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်အုပ်စု၊ မှန်ကုန်းကျေးရွာနေ အသက်(၂၀)နှစ်ရှိ ကိုညီသွေး ဟာ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ရန်ကုန်ကို တတ်လာခဲ့ပြီး၊ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးကိုရောက်ရှိနေချိန် လှိုင်သာယာမြိုနယ် အပြင်ပဒံကျေးရွာ တွံတေးလမ်းနေ အသက်(၄၁)နှစ်ရှိ မဲကြီးဆိုသူနဲ့ တွေ့ဆုံပြီးနောက်ပိုင်း လူကုန်ကူးခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ်၊ ပင်လယ်ကျားဖောင်မှာ ၈လ အလုပ်လုပ်ရင် ကျပ် ၁၆သိန်း ရမယ်လို့ပြောဆိုစည်းရုံးလို့ လိုက်သွားတာမှာ တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၊ ပန်းလှိုင်တံတားထိပ်မှာနေတဲ့ ကြည့်လွင်နဲ့ ချိုချိုဝင်းဆိုသူရဲ့နေအိမ်ကို ရောက်သွားခဲ့ပြီး မဲကြီးဆိုသူက ကြည့်လွင်နဲ့ ချိုချိုဝင်းတို့ကို ပွဲစားခလို့ပြောပြီး ကျပ်နှစ်သိန်း တောင်းယူသွားတယ်လို့ သိရပါတယ်။

ယင်းနေအိမ်ကနေ ပင်လယ်ကျားဖောင်မှာ အလုပ်လုပ်ကိုင်မယ့် အမည်မသိသူ(၄)ဦးနဲ့အတူ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာကို ရောက်ရှိသွားပြီး ဇော်မင်းထွန်း နဲ့ ‘သဉ္ဇာထွန်း’ရေလုပ်ငန်းက သာယာလင်း(ခ)သားကြီးနဲ့ တွေ့ခဲ့ပြီး ကြိုတင်ငွေထုတ်မလားလို့ မေးပေမယ့် မထုတ်ခဲ့ဘူးလို့သိရပါတယ်။

ရေလုပ်ငန်းမှာ အမှားအယွင်းတစ်စုံတစ်ခု ပေါ်လာရင် မိသားစုဝင်တွေကိုငွေပေးဖို့ စာချူပ်ပေါ် လက်မှတ်ထိုး၊ လက်ဗွေ နှိပ်ခိုင်းပြီး၊ ပင်လယ်ကိုထွက်ခွာမယ့် ကျားဖောင်ပေါ်ကို တင်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ ပင်လယ်ထဲ လေးပြင်းတိုက်ခိုက်လို့ လှိုင်းမူးပြီးမထနိုင်တဲ့အတွက် ကြိုတင်ထုတ်ထားတဲ့ငွေမရှိတော့ဘူးလို့ ပြောပြပြီးပြန်ဖို့ ကျားဖောင်းဦးစီးကတဆင့် ဆက်သွယ်ပြောရာမှ သာယာလင်း(ခ)သားကြီးက ကျပ်ငွေ ၈သိန်းကို ဇော်မင်းထွန်းက ထုတ်ယူသွားတယ်။ ငွေဆပ်ပြီးမှ ပြန်ရမယ်ပြောလို့ ငွေကျပ်၈သိန်း ကျေအောင် လုပ်ကိုင်ခဲ့ရပါတယ်လို့ “လူကုန်ကူးခံရတဲ့ ကိုညီသွေးက ရဲစခန်းမှာထွက်ဆိုထားတာဖြစ်ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး လုပ်အားခ ခေါင်းပုံဖြတ်သူ မောင်စိုး(ခ)မဲကြီးနဲ့ ကြည်လွင်၊ ဒေါ်ချိုချိုဝင်း ၊ဇော်မင်းထွန်း၊ သာယာလင်း(ခ) သားကြီးတို့ကို အမှတ်(၆)လူကုန်ကူးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးဝေလွင်က အရေးယူပေးပါရန် တရားလို ပြုလုပ်တိုင်တန်းတဲ့အတွက် လှိုင်သာယာမြို့၊ သောင်ကြီးနယ်မြေရဲစခန်းက (ပ)၃၂၇၆/၂၀၁၉၊ လူကုန်တားဥပဒေ ပုဒ်မ ၂၅/၃၂တို့နဲ့ အရေးယူဆောင်ရွက်နေပြီး ကျန်တဲ့တရားခံတွေ ဖမ်းဆီးရမိဖို့အတွက်လည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Photo – Chan Nyein

#voiceofmyanmar #လှိုင်သာယာ #ကျားဖောင် #လူကုန်ကူး

Related posts

Leave a Comment

VOM News

FREE
VIEW