ရိုဟင်ဂျာအရေးကြောင့် မြန်မာတပ်ချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က အရေးယူပိတ်ဆို့

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၁၉
မျိုးဆက်(VOM)

မြန်မာနိုင်ငံဟာ လူမျိုးုတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွဲချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံးမှာ ခုခံချေပနေချိန်မှာပဲ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တွေအပေါ်ကို အမေရိကန်က ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၁၀ ရက်မှာချမှတ်လိုက်ပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ခံရသူတွေကတော့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ပဲဖြစ်ပါတယ်။

အမေရိကန်ဟာ ဇူလိုင်လအတွင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်လာခွင့် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့် ဒီတစ်ခါအရေးယူပိတ်ဆို့မှုတွေမှာတော့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ချမှတ်ထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံတကာလူ့အခွင့်အရေးအထိမ်းအမှတ်နေ့မှာ မြန်မာတပ်မတော် ခေါင်းဆောင်တွေအပြင် အခြားနိုင်ငံက လူပုဂ္ဂိုလ် ၁၄ ဦးကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

အပြစ်မဲ့ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းခြင်း၊ ပြန်ပေးစွဲခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ခြင်းခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်တာတွေကို အမေရိကန်အနေနဲ့ သည်းခံမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတိဗင်မန်နျူချင်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

လူ့အခွင့်အရေးချိူးဖောက်မှုတွေကို တိုက်ဖျက်ရာမှာ အမေရိကန်ဟာ ကမ္ဘာကိုဦးဆောင်နေပြီး ဘယ်နေရာမှာမဆို လူ့အခွင့်အရေးချိုးဖောက်သူတွေကို တာဝန်ခံစေမှုတွေ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

Ref : CNA Photo :AFP
#VOM #voiceofmyanmar #အမေရိကန် #မြန်မာတပ်ချုပ် #အရေးယူပိတ်ဆို့

Zawgyi

ရိုဟင္ဂ်ာအေရးေၾကာင္႔ ျမန္မာတပ္ခ်ဳပ္နဲ႔ စစ္ဘက္ေခါင္းေဆာင္ေတြကို အေမရိကန္က အေရးယူပိတ္ဆို႔

၀ါရွင္တန္၊ ဒီဇင္ဘာ-၁၁-၂၀၁၉
မ်ိဳးဆက္(VOM)

ျမန္မာနိုင္ငံဟာ လူမ်ိဳးုတုန္းသတ္ျဖတ္မႈေတြ က်ဴးလြန္တယ္ဆိုတဲ႔စြဲခ်က္နဲ႔ပတ္သက္ျပီး နိုင္ငံတကာတရားရံုးမွာ ခုခံေခ်ပေနခ်ိန္မွာပဲ ရုိဟင္ဂ်ာေတြအေပၚ အစုလိုက္အျပံဳလိုက္ သတ္ျဖတ္ခဲ႔တာနဲ႔ပတ္သက္ျပီး ျမန္မာ႔တပ္မေတာ္ ေခါင္းေဆာင္ေတြအေပၚကို အေမရိကန္က ပိုမိုတင္းက်ပ္တဲ႔ အေရးယူပိတ္ဆို႔မႈေတြကို ဒီဇင္ဘာ ၁၀ ရက္မွာခ်မွတ္လိုက္ပါတယ္။

အေမရိကန္ရဲ႕ အေရးယူပိတ္ဆို႔ခံရသူေတြကေတာ႔ ျမန္မာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္၊ ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစိုး၀င္း၊ ဗိုလ္မွဴးခ်ဳပ္သန္းဦးနဲ႔ ဗုိလ္မွဴးခ်ဳပ္ ေအာင္ေအာင္တို႔ပဲျဖစ္ပါတယ္။

အေမရိကန္ဟာ ဇူလိုင္လအတြင္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ကို အေမရိကန္လာခြင္႔ ပိတ္ပင္ထားပါတယ္။

ဒါေပမယ္႔ ဒီတစ္ခါအေရးယူပိတ္ဆို႔မႈေတြမွာေတာ႔ ျမန္မာစစ္ဘက္ေခါင္းေဆာင္ေတြရဲ႕ အေမရိကန္မွာရိွတဲ႔ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ထားဖို႔နဲ႔ ဘ႑ာေရးဆိုင္ရာ ထိန္းခ်ဳပ္မႈေတြ ခ်မွတ္ထားပါတယ္။

အေမရိကန္ဘ႑ာေရး၀န္ၾကီးဌာနဟာ နိုင္ငံတကာလူ႔အခြင္႔အေရးအထိမ္းအမွတ္ေန႔မွာ ျမန္မာတပ္မေတာ္ ေခါင္းေဆာင္ေတြအျပင္ အျခားနုိင္ငံက လူပုဂိၢဳလ္ ၁၄ ဦးကိုလည္း လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ႔ပါတယ္။

အျပစ္မဲ႔ျပည္သူေတြအေပၚ နိွပ္စက္ညွင္းပန္းျခင္း၊ ျပန္ေပးစြဲျခင္း၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္ျခင္း၊ သတ္ျခင္းျခင္း သို႔မဟုတ္ ရက္စက္ၾကမ္းၾကဳတ္တာေတြကို အေမရိကန္အေနနဲ႔ သည္းခံမွာမဟုတ္ဘူးလို႔ အေမရိကန္ဘ႑ာေရး၀န္ၾကီး စတိဗင္မန္န်ဴခ်င္က ထုတ္ျပန္ခ်က္မွာ ေျပာဆိုပါတယ္။

လူ႔အခြင္႔အေရးခ်ိဴးေဖာက္မႈေတြကို တိုက္ဖ်က္ရာမွာ အေမရိကန္ဟာ ကမၻာကိုဦးေဆာင္ေနျပီး ဘယ္ေနရာမွာမဆို လူ႔အခြင္႔အေရးခ်ိဳးေဖာက္သူေတြကို တာ၀န္ခံေစမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သူကဆိုပါတယ္။

Ref : CNA Photo :AFP
#VOM #voiceofmyanmar #အေမရိကန္ #ျမန္မာတပ္ခ်ဳပ္ #အေရးယူပိတ္ဆို႔

Related posts

Leave a Comment

VOM News

FREE
VIEW