ဂြိုလ်တုဆက်သွယ်ရေးစနစ် မတပ်ဆင်တဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းမယ်

ရန်ကုန် ဒီဇင်ဘာ ၁၉ -၂၀၁၉
သိဂီ ၤ(VOM)

ဂြိုလ်တုဆက်သွယ်ရေး ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (VMS)မတပ်ဆင်တဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ပင်လယ်ပြင် ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။

“ ဒီလို ပင်လယ်ပြင် ငါးဖမ်းထွက်ခွာခွင့် ပိတ်သိမ်းမှုကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ လကုန်ကစပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ ရေယာဉ်တွေကို စက်(Vessel Monitoring System – VMS) တွေတပ်ဆင်ဖို့ နောက်ဆုံးသတ်မှတ်ရက်အဖြစ် ဇန်နဝါရီလကုန်ထိ လုပ်ခွင့်ပေးထားပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ အပြီးတပ်ခိုင်းထားတယ်။ နောက်ဆုံးကတော့ တစ်လပိုင်း၃၁ရက်နေ့ထိ အပြီးမတပ်ဆင်ဘူးဆိုရင်တော့ ရေယာဉ် တွေကို ပင်လယ်ပြင်ထွက်ခွာခွင့် လုံးဝပိတ်လိုက်မှာပါ။ ရန်ကုန်မှာတော့ ရေယာဉ် တော်တော်များများက တပ်ဆင်ပြီးသွားပြီ။ တချို့ကလည်း တပ်ဆင်ဆဲပေါ့။ VMS တပ်ဆင်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေကိုတော့ လောလောဆယ်မှာ ပင်လယ်ပြင်ထွက်ခွါ ခွင့်ပေးထားတယ်”လို့ ရန်ကုန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

ဒီစက်တွေ တပ်ဆင်ထားမယ်ဆိုရင် မြန်မာ့ပင်လယ်ပြင်ထွက်တဲ့ ကမ်းဝေးငါးဖမ်းရေယာဉ် တွေရဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ ကမ်းဝေးငါးဖမ်းလှေ သွားလာမှုလမ်းကြောင်းအပါအဝင် ငါးဖမ်းဧရိယာနဲ့ ငါးဖမ်းဆီးနုန်းကိုပါ စောင့်ကြည့်လေ့လာသိရှိနိုင်မယ်လို့ သိရပါတယ်။

ရေယာဉ်တွေကိုတော့ နေပြည်တော်နဲ့ ရန်ကုန်ကနေ စောင့်ကြည့်ထိန်းချုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ထိန်းချုပ်ရေးစနစ်(Vessel Monitoring System – VMS) တပ်ဆင်ဖို့အတွက် စာချုပ်ချုပ်ရမယ့် ရေယာဉ်အစီး ရေက ၁၃၇ စီး ကျန်ရှိနေပြီး စာချုပ်ချုပ်VMS တပ်ဆင်ဖို့ကျန်တဲ့ရေယာဉ်က ၆၅၉ စီး ရှိနေတယ်လို့သိရပါတယ်။

ရေယာဉ်အစီးရေ ၂၅၇၉ စီးကတော့ VMS တပ်ဆင်ထားတယ်လို့ သိရပြီး မြန်မာတစ်နိုင်ငံလုံးမှာ ကမ်းဝေးငါးဖမ်းလှေ ၃၁၇၅ စီးရှိပြီး ငါးသယ်လှေက ၅၀၀ ကျော်ရှိနေတယ်လို့လည်း သိရပါတယ်။

Photo – MOI
#VOM #voiceofmyanmar #ရန်ကုန် #ငါးဖမ်းလှေ #ထိန်းချုပ်ရေးစနစ်

Zawgyi

ၿဂိဳလ္တုဆက္သြယ္ေရးစနစ္ မတပ္ဆင္တဲ့ ကမ္းေဝးငါးဖမ္းေလွေတြကို ငါးဖမ္းထြက္ခြာခြင့္ ပိတ္သိမ္းမယ္

ရန္ကုန္ ဒီဇင္ဘာ ၁၉ -၂၀၁၉
သိဂီ ၤ(VOM)

ၿဂိဳလ္တုဆက္သြယ္ေရး ေရယာဥ္ေစာင့္ႀကည့္ထိန္းခ်ဳပ္ေရးစနစ္ (VMS)မတပ္ဆင္တဲ႕ ကမ္းေဝးငါးဖမ္းေလွေတြကို ပင္လယ္ျပင္ ငါးဖမ္းထြက္ခြာခြင့္ ပိတ္သိမ္းေတာ့မွာျဖစ္တယ္လို႕ ရန္ကုန္ တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာနကေနသိရပါတယ္။

“ ဒီလို ပင္လယ္ျပင္ ငါးဖမ္းထြက္ခြာခြင့္ ပိတ္သိမ္းမႈကို လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ လကုန္ကစျပီး လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ လက္တေလာမွာေတာ့ ေရယာဥ္ေတြကို စက္(Vessel Monitoring System – VMS) ေတြတပ္ဆင္ဖို႕ ေနာက္ဆုံးသတ္မွတ္ရက္အျဖစ္ ဇန္နဝါရီလကုန္ထိ လုပ္ခြင့္ေပးထားပါတယ္။ ဒီႏွစ္ ဒီဇင္ဘာမွာ အၿပီးတပ္ခိုင္းထားတယ္။ ေနာက္ဆုံးကေတာ့ တစ္လပိုင္း၃၁ရက္ေန႔ထိ အၿပီးမတပ္ဆင္ဘူးဆိုရင္ေတာ့ ေရယာဥ္ ေတြကို ပင္လယ္ျပင္ထြက္ခြာခြင့္ လုံးဝပိတ္လိုက္မွာပါ။ ရန္ကုန္မွာေတာ့ ေရယာဥ္ ေတာ္ေတာ္မ်ားမ်ားက တပ္ဆင္ၿပီးသြားၿပီ။ တခ်ိဳ့ကလည္း တပ္ဆင္ဆဲေပါ့။ VMS တပ္ဆင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ကုမၸဏီေတြကိုေတာ့ ေလာေလာဆယ္မွာ ပင္လယ္ျပင္ထြက္ခြါ ခြင့္ေပးထားတယ္”လို႕ ရန္ကုန္ကုန္တိုင္းေဒသႀကီး၊ ငါးလုပ္ငန္းဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွူး ဦးျမင့္နိုင္က ေျပာပါတယ္။

ဒီစက္ေတြ တပ္ဆင္ထားမယ္ဆိုရင္ ျမန္မာ့ပင္လယ္ျပင္ထြက္တဲ့ ကမ္းေဝးငါးဖမ္းေရယာဥ္ ေတြရဲ႕လႈပ္ရွားမႈေတြျဖစ္တဲ့ ကမ္းေဝးငါးဖမ္းေလွ သြားလာမွုလမ္းေၾကာင္းအပါအဝင္ ငါးဖမ္းဧရိယာနဲ႔ ငါးဖမ္းဆီးနဳန္းကိုပါ ေစာင့္ႀကည့္ေလ့လာသိရွိနိုင္မယ္လို႔ သိရပါတယ္။

ေရယာဥ္ေတြကိုေတာ့ ေနျပည္ေတာ္နဲ႔ ရန္ကုန္ကေန ေစာင့္ၾကည့္ထိန္းခ်ဳပ္သြားမွာျဖစ္ၿပီး လက္ရွိမွာ ထိန္းခ်ဳပ္ေရးစနစ္(Vessel Monitoring System – VMS) တပ္ဆင္ဖို႕အတြက္ စာခ်ဳပ္ခ်ဳပ္ရမယ့္ ေရယာဥ္အစီး ေရက ၁၃၇ စီး က်န္ရွိေနၿပီး စာခ်ဳပ္ခ်ဳပ္VMS တပ္ဆင္ဖို႔က်န္တဲ႕ေရယာဥ္က ၆၅၉ စီး ရွိေနတယ္လို႕သိရပါတယ္။

ေရယာဥ္အစီးေရ ၂၅၇၉ စီးကေတာ့ VMS တပ္ဆင္ထားတယ္လို႔ သိရၿပီး ျမန္မာတစ္နိုင္ငံလုံးမွာ ကမ္းေဝးငါးဖမ္းေလွ ၃၁၇၅ စီးရွိျပီး ငါးသယ္ေလွက ၅၀၀ ေက်ာ္ရွိေနတယ္လို႔လည္း သိရပါတယ္။

Photo – MOI
#VOM #voiceofmyanmar #ရန္ကုန္ #ငါးဖမ္းေလွ #ထိန္းခ်ဳပ္ေရးစနစ္

Related posts

Leave a Comment

VOM News

FREE
VIEW