ကချင်စည်ပင်လေလံအခွန်အရပ်ရပ် လေလံကြေးနှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးမှု ပါယ်ဖျက်ရေးငြင်းပါယ်ခံရ

ကချင်၊ ဒီဇင်ဘာ ၂၀-၂၀၁၉
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်စည်ပင်သာယာလေးလံအခွန် အရပ်ရပ်ကြမ်းခင်းဈေး နှစ်စဉ် (၁၀) ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လုပ်ကိုင်နေတာက ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ ပယ်ဖျက်ပေးဖို့ လွှတ်တော်တွင်း မေးမြန်းတောင်းဆိုခဲ့ပေမယ့် စည်ပင်ဝန်ကြီးက ပါယ်ဖျက်မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထမြောက်နေ့မှာ ဗန်းမော်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သင်းက မေးမြန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတော်ကနေ တစ်ဘီလီယံထောက်ပံ့နေတာရှိတယ် ၊ စည်ပင်သာယာရေးအခွန်မှာလည်း ငှက်ပျောတစ်သျှူးတွေ ၊ ဗန်းမော်ရှိတယ် ဝိုင်းမော်ရှိတယ် ဒါတွေကနေ အခွန်ရရှိနေတာရှိပါတယ်။ ကြမ်းခင်းဈေးတွေကို မနှစ်ကကြမ်းခင်းဈေးက တစ်ခါ၊ ကျွန်တော်တို့ ဈေးပြိုင်ပစ်လိုက်တယ်၊ ဒီပစ်လိုက်တဲ့ဟာ ဒီနှစ်ကြမ်းခင်းဈေးပြန်ဖြစ်တယ်၊ ၁၀ ရာခိုင်နှုန်းတက်တယ်ဆိုတော့ နှစ်စဉ်ဒီလိုသာတက်နေရင် ဒါပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ လျှပ်စစ်ကလည်းအခု အခွန်အခတွေတက်နေတယ်၊ အလုပ်အကိုင်ရှားပါးမှု ဒါတွေနဲ့ ပြည်သူလူထုက ညည်းတွားပြီးတော့ ဒီဝန်ထုပ်ဝန်ပိုးကို ခံစားနေရတာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်းက ပြောပါတယ်။ သားသတ်လိုင်စင်တွေကို တင်ဒါစနစ်နဲ့ ရောင်းချတဲ့အခါမှာ ကြမ်းခင်းဈေးကို မူသေထားပြီး သတ်မှတ်ထားတဲ့ အသားဈေးနှုန်း မူဘောင်အတွင်း အသားဈေးနှုန်းအနည်းဆုံး ရောင်းချနိုင်သူကိုသာလျှင် လေလံချပေးခြင်းဖြစ်တဲ့အတွက် သားသတ်လိုင်စင်များကို လေလံရောင်းချခြင်းမှာ အသားဈေးနှုန်း ကြီးမြင့်မှု ဖြစ်နေတာမရှိပါဘူး။ စည်ပင်သာယာရေးအဖွဲ့ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး လုပ်ကိုင်ရတာဖြစ်လို့ လေလံကြမ်းခင်းဈေး ၁၀ ရာခိုင်နှုန်း သတ်မှတ်တာကို ပါယ်ဖျက်မပေးနိုင်ဘူး” လို့ ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောပါတယ်။
ကချင်ပြည်နယ်စည်ပင်သာယာရေး ကွပ်ကဲမှုအောက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဟာ မိမိတို့မြို့နယ်ရဲ့ ဝင်ငွေအပေါ်သာ ရပ်တည်ဆောင်ရွက်နေတဲ့ အခြေအနေဖြစ်လို့ မြို့နယ်အလိုက် အခွန်ရန်ပုံငွေရဖို့ တိုးတက်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အခွင့်အရေးလိုင်စင်တွေ ရောင်းချရာမှာလည်း ကချင်ပြည်နယ်လွှတ်တော်ကနေ ပြဌာန်းပေးတဲ့ ကချင်ပြည်နယ် စည်ပင်သာယာရေး ပြင်ဆင်တဲ့ ဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ ဆ ပါအတိုင်း သားသတ်လိုင်စင်တွေကို တင်ဒါစနစ်နဲ့ လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

အခြားလိုင်စင်တွေကို တော့ လေလံတင်ရောင်းချခြင်းနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဲတွေရဲ့ အခွင့်အရေး လိုင်စင်တွေက ရရှိတဲ့ငွေဟာ မြို့နယ်ရဲ့ ဘဏ္ဍာရေးနှစ် တစ်နှစ်ပတ်လုံး ရရှိငွေရဲ့ ၆၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကချင် #လွှတ်တော် #စည်ပင်

Zawgyi

ကခ်င္စည္ပင္ေလလံအခြန္အရပ္ရပ္ ေလလံေၾကးႏွစ္စဥ္ ၁၀ ရာခိုင္ႏႈန္းတိုးမႈ ပါယ္ဖ်က္ေရးျငင္းပါယ္ခံရ

ကခ်င္၊ ဒီဇင္ဘာ ၂၀-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္စည္ပင္သာယာေလးလံအခြန္ အရပ္ရပ္ၾကမ္းခင္းေစ်း ႏွစ္စဥ္ (၁၀) ရာခိုင္ႏႈန္း တိုးျမွင့္ သတ္မွတ္လုပ္ကုိင္ေနတာက ျပည္သူအတြက္ ၀န္ထုပ္၀န္ပိုးျဖစ္ေနလို႔ ပယ္ဖ်က္ေပးဖို႔ လႊတ္ေတာ္တြင္း ေမးျမန္းေတာင္းဆိုခ့ဲေပမယ့္ စည္ပင္၀န္ႀကီးက ပါယ္ဖ်က္မေပးႏိုင္ဘူးလို႔ ေျပာခ့ဲပါတယ္။

ဒီဇင္ဘာ ၁၉ ရက္က က်င္းပတ့ဲ ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ ၁၇ ၾကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း စတုတၳေျမာက္ေန႔မွာ ဗန္းေမာ္မဲဆႏၵနယ္ အမွတ္ ၁ လႊတ္ေတာ္ကိုယ္စာလွယ္ ဦးေအာင္သင္းက ေမးျမန္းေတာင္းဆိုခ့ဲတာျဖစ္ပါတယ္။

“ႏို္င္ငံေတာ္ကေန တစ္ဘီလီယံေထာက္္ပံ့ေနတာရိွတယ္ ၊ စည္ပင္သာယာေရးအခြန္မွာလည္း ငွက္ေပ်ာတစ္သွ်ဴးေတြ ၊ ဗန္းေမာ္ရွိတယ္ ၀ိုင္းေမာ္ရွိတယ္ ဒါေတြကေန အခြန္ရရွိေနတာရွိပါတယ္။ ၾကမ္းခင္းေစ်းေတြကို မႏွစ္ကၾကမ္းခင္းေစ်းက တစ္ခါ၊ ကြ်န္ေတာ္တို႔ ေစ်းၿပိဳင္ပစ္လိုက္တယ္၊ ဒီပစ္လိုက္တ့ဲဟာ ဒီႏွစ္ၾကမ္းခင္းေစ်းျပန္ျဖစ္တယ္၊ ၁၀ ရာခိုင္ႏႈန္းတက္တယ္ဆိုေတာ့ ႏွစ္စဥ္ဒီလိုသာတက္ေနရင္ ဒါျပည္သူလူထုရဲ႕ ၀န္ထုပ္၀န္ပိုးျဖစ္ေနတယ္။ လွ်ပ္စစ္ကလည္းအခု အခြန္အခေတြတက္ေနတယ္၊ အလုပ္အကိုင္ရွားပါးမႈ ဒါေတြနဲ႔ ျပည္သူလူထုက ညည္းတြားၿပီးေတာ့ ဒီ၀န္ထုပ္၀န္ပိုးကို ခံစားေနရတာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သင္းက ေျပာပါတယ္။ သားသတ္လိုင္စင္ေတြကို တင္ဒါစနစ္နဲ႔ ေရာင္းခ်တ့ဲအခါမွာ ၾကမ္းခင္းေစ်းကို မူေသထားၿပီး သတ္မွတ္ထားတ့ဲ အသားေစ်းႏႈန္း မူေဘာင္အတြင္း အသားေစ်းႏႈန္းအနည္းဆုံး ေရာင္းခ်ႏိုင္သူကိုသာလွ်င္ ေလလံခ်ေပးျခင္းျဖစ္တ့ဲအတြက္ သားသတ္လိုင္စင္မ်ားကို ေလလံေရာင္းခ်ျခင္းမွာ အသားေစ်းႏႈန္း ႀကီးျမင့္မႈ ျဖစ္ေနတာမရွိပါဘူး။ စည္ပင္သာယာေရးအဖြဲ႔ဟာ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ ကိုယ့္၀င္ေငြကိုယ္ရွာၿပီး လုပ္ကိုင္ရတာျဖစ္လို႔ ေလလံၾကမ္းခင္းေစ်း ၁၀ ရာခိုင္ႏႈန္း သတ္မွတ္တာကို ပါယ္ဖ်က္မေပးႏိုင္ဘူး” လို႔ ကခ်င္ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးေနာ္လီက ေျပာပါတယ္။
ကခ်င္ျပည္နယ္စည္ပင္သာယာေရး ကြပ္ကဲမႈေအာက္မွာရွိတ့ဲ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔မ်ားဟာ မိမိတို႔ၿမိဳ႕နယ္ရဲ႕ ၀င္ေငြအေပၚသာ ရပ္တည္ေဆာင္ရြက္ေနတ့ဲ အေျခအေနျဖစ္လုိ႔ ၿမိဳ႕နယ္အလိုက္ အခြန္ရန္ပုံေငြရဖို႔ တိုးတက္ေဆာင္ရြက္ေနတာျဖစ္တယ္လို႔ ၀န္ႀကီးက ေျပာပါတယ္။

အခြင့္အေရးလိုင္စင္ေတြ ေရာင္းခ်ရာမွာလည္း ကခ်င္ျပည္နယ္လႊတ္ေတာ္ကေန ျပဌာန္းေပးတ့ဲ ကခ်င္ျပည္နယ္ စည္ပင္သာယာေရး ျပင္ဆင္တ့ဲ ဥပေဒ ပုဒ္မ ၁၀ ပုဒ္မခြဲ ဆ ပါအတိုင္း သားသတ္လိုင္စင္ေတြကို တင္ဒါစနစ္နဲ႔ လုပ္ကိုင္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

အျခားလိုင္စင္ေတြကို ေတာ့ ေလလံတင္ေရာင္းခ်ျခင္းနဲ႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔ဲေတြရဲ႕ အခြင့္အေရး လိုင္စင္ေတြက ရရွိတဲ့ေငြဟာ ၿမိဳ႕နယ္ရဲ႕ ဘ႑ာေရးႏွစ္ တစ္ႏွစ္ပတ္လုံး ရရွိေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းခန္႔ ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #လႊတ္ေတာ္ #စည္ပင္

Related posts

Leave a Comment

VOM News

FREE
VIEW