၇၂ နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း မြန်မာစာသားကိုသာ အသုံးပြုမည်

၇၂ နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း မြန်မာစာသားကိုသာ အသုံးပြုမည်

မြစ်ကြီးနား -ဒီဇင်ဘာ၂၄-၂၀၁၉
ရန်အောင်ထွန်း(VOM)

(၇၁) နှစ်မြောက်ကချင်ပြည်နယ်နေ့မှာ အသုံးပြုမယ့် စာသားအတွက် လူမျိုးစုဝင် ၆ စုထဲက အများစုသဘောတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး အသုံးအနှုန်းဟာ ကန့်ကွက်မှုရှိပြီး အသုံးပြုဖို့ အဆင်မပြေသေးတဲ့ အခြေအနေကြောင့် “(၇၂) နှစ်မြောက်ကချင်ပြည်နယ်နေ့” ဆိုတဲ့ မြန်မာဘာသာဖြင့်သာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ကနေ ကချင်အမျိုးသားအတိုင်ပင်ခံရုံး ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်လူမျိုးရိုးရာဗဟိုကော်မတီဥက္ကဌ ၊ ကချင်ရိုးရာယဉ်‌ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (ကချင်ပြည်နယ်)ဥက္ကဌ တို့ဆီကို ဒီဇင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဒီစကားအသုံးအနှုန်းအတွက် သဘောထားကွဲလွဲမှုကို သက်ဆိုင်ရာ စာပေယဉ်ကျေးမှုကော်မတီတွေက တရားဝင်စာထုတ်ပြန် ကန့်ကွက်ခဲ့ကြလို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ညှိနှိုင်းပေးခဲ့ရပါတယ်။ ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကျင်းပအပြီးတိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီအားလုံးဆွေး‌‌နွေးကာ ဌာနေတိုင်းရင်းသား အားလုံးလက်ခံနိုင်မယ့် အမည်နာမတစ်ခုကို အတည်ပြုနိုင်ရေး လုပ်ဆောင်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က အသိပေးထားခဲ့ပေမယ့် အဖွဲ့အစည်း အသီးသီးက ယနေ့အချိန်အထိ ပွဲတော်အတွက်သုံးမယ့် စာသားကို အများလက်ခံထားတဲ့ အမည် အသုံးပြုဖို့ အဆင်သင့်မဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထည့်သွင်းရေးထားပြီး ကချင်လူမျိုးစု အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ စုံညီအစည်းအဝေး အကောင်အထည်ဖော်ပေးမယ်လို့တော့ ပါဝင်လာခြင်း မရှိသေးပါဘူး။

ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်ရဲ့ ဆက်ဆံရေးတာဝန်ခံ ကိုဇုတ်ဒေါ့စောမ်နော်ကတော့ ကချင်လူမျိုးစု ဘုံသုံးဘာသာစကားနဲ့ မရေးထားဘူးဆိုရင် ဒေသခံတိုင်းရင်းသားတွေ ကန့်ကွက်လာကြလိမ့်မယ်လို့ ပြောပါတယ်။

ထုတ်ပြန်ညွှန်ကြားချက်နဲ့ပါတ်သက်ပြီးလည်း ဘယ်လို အမည်နဲ့ ဖြစ်ဖြစ် ပွဲတော်ဖြစ်အောင်ဆောင်ရွက်မယ်လို့ မနောပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတန်ဂွန်က ပြောပါတယ်။

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ကို (၂၀၂၀)ခုနှစ် ဇန်ဝါရီ (၅) ရက်ကနေ (၁၂) ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ (JINGHPAW MUNGDAW NHTOI) ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့ စာသားကို ယခင်နှစ်ကတည်းက သဘောထားကွဲခဲ့ကြပြီး ကချင်ပြည်နယ်နေ့အတွက်စိုက်ထူထားတဲ့ မုဒ်ဦးဆိုင်းပုဒ် မီးရှို့ခံရတဲ့အထိဖြစ်ခဲ့လို့ ခေါင်းစီးစာတန်း ပြောင်းလဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ကချင်ပြည်နယ်နေ့

Zawgyi

၇၂ ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔ ေခါင္းစီးစာတန္း ျမန္မာစာသားကိုသာ အသုံးျပဳမည္

ျမစ္ၾကီးနား -ဒီဇင္ဘာ၂၄-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

(၇၁) ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔မွာ အသုံးျပဳမယ့္ စာသားအတြက္ လူမ်ိဳးစုဝင္ ၆ စုထဲက အမ်ားစုသေဘာတူတဲ့ (KACHIN MUNGDAW NHTOI) ဆိုတဲ့စကားလုံး အသုံးအႏႈန္းဟာ ကန႔္ကြက္မႈရွိၿပီး အသုံးျပဳဖို႔ အဆင္မေျပေသးတဲ့ အေျခအေနေၾကာင့္ “(၇၂) ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔” ဆိုတဲ့ ျမန္မာဘာသာျဖင့္သာ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေန ကခ်င္အမ်ိဳးသားအတိုင္ပင္ခံ႐ုံး ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအက်ိဳးေဆာင္အဖြဲ႕ (PCG) ၊ ကခ်င္လူမ်ိဳး႐ိုးရာဗဟိုေကာ္မတီဥကၠဌ ၊ ကခ်င္႐ိုးရာယဥ္‌ေက်းမႈႏွင့္ စာေပအဖြဲ႕ခ်ဳပ္ (ကခ်င္ျပည္နယ္)ဥကၠဌ တို႔ဆီကို ဒီဇင္ဘာ ၂၃ ရက္ေန႔ ရက္စြဲနဲ႔ စာေပးပို႔ ၫႊန္ၾကားထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကလည္း ဒီစကားအသုံးအႏႈန္းအတြက္ သေဘာထားကြဲလြဲမႈကို သက္ဆိုင္ရာ စာေပယဥ္ေက်းမႈေကာ္မတီေတြက တရားဝင္စာထုတ္ျပန္ ကန႔္ကြက္ခဲ့ၾကလို႔ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ၾကားဝင္ညႇိႏႈိင္းေပးခဲ့ရပါတယ္။ ၇၁ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ မေနာင္ပြဲေတာ္က်င္းပအၿပီးတိုင္းရင္းသားစာေပယဥ္ေက်းမႈေကာ္မတီအားလုံးေဆြး‌‌ေႏြးကာ ဌာေနတိုင္းရင္းသား အားလုံးလက္ခံႏိုင္မယ့္ အမည္နာမတစ္ခုကို အတည္ျပဳႏိုင္ေရး လုပ္ေဆာင္ေပးမယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က အသိေပးထားခဲ့ေပမယ့္ အဖြဲ႕အစည္း အသီးသီးက ယေန႔အခ်ိန္အထိ ပြဲေတာ္အတြက္သုံးမယ့္ စာသားကို အမ်ားလက္ခံထားတဲ့ အမည္ အသုံးျပဳဖို႔ အဆင္သင့္မျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရတယ္လို႔ ထည့္သြင္းေရးထားၿပီး ကခ်င္လူမ်ိဳးစု အဖြဲ႕အစည္းေပါင္းစုံပါဝင္တဲ့ စုံညီအစည္းအေဝး အေကာင္အထည္ေဖာ္ေပးမယ္လို႔ေတာ့ ပါဝင္လာျခင္း မရွိေသးပါဘူး။

ကခ်င္႐ိုးရာယဥ္ေက်းမႈႏွင့္ စာေပအဖြဲ႕ခ်ဳပ္ရဲ႕ ဆက္ဆံေရးတာဝန္ခံ ကိုဇုတ္ေဒါ့ေစာမ္ေနာ္ကေတာ့ ကခ်င္လူမ်ိဳးစု ဘုံသုံးဘာသာစကားနဲ႔ မေရးထားဘူးဆိုရင္ ေဒသခံတိုင္းရင္းသားေတြ ကန္႕ကြက္လာၾကလိမ့္မယ္လိုု႕ ေျပာပါတယ္။

ထုတ္ျပန္ၫႊန္ၾကားခ်က္နဲ႔ပါတ္သက္ၿပီးလည္း ဘယ္လို အမည္နဲ႔ ျဖစ္ျဖစ္ ပြဲေတာ္ျဖစ္ေအာင္ေဆာင္႐ြက္မယ္လို႔ မေနာပြဲျဖစ္ေျမာက္ေရးေကာ္မတီဥကၠ႒ ဦးတန္ဂြန္က ေျပာပါတယ္။

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အထိမ္းအမွတ္ မေနာပြဲေတာ္ကို (၂၀၂၀)ခုႏွစ္ ဇန္ဝါရီ (၅) ရက္ကေန (၁၂) ရက္ထိ က်င္းပသြားမွာျဖစ္ပါတယ္။ (JINGHPAW MUNGDAW NHTOI) ဆိုတဲ့ ေခါင္းစီးစာတန္းနဲ႔ (KACHIN MUNGDAW NHTOI) ဆိုတဲ့ စာသားကို ယခင္ႏွစ္ကတည္းက သေဘာထားကြဲခဲ့ၾကၿပီး ကခ်င္ျပည္နယ္ေန႔အတြက္စိုက္ထူထားတဲ့ မုဒ္ဦးဆိုင္းပုဒ္ မီးရႈိ႕ခံရတဲ့အထိျဖစ္ခဲ့လို႔ ေခါင္းစီးစာတန္း ေျပာင္းလဲခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

#voiceofmyanmar #VOM #ကခ်င္ျပည္နယ္ေန႕

Related posts

Leave a Comment

VOM News

FREE
VIEW