ကာဇက်စတန်မှာ လူ ၁၀၀ လိုက်ပါသွားတဲ့လေယာဉ်ပျက်ကျ လူ ၁၄ ဦးသေဆုံး

အယ်မာတီ၊ ဒီဇင်ဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ကာဇက်စတန်နိုင်ငံ မြို့တော်အယ်မာတီအနီးမှာ ခရီးသည် ၉၅ ဦးနဲ့ လေယာဉ်အမှုထမ်း ငါးဦးလိုက်ပါသွားတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်း ဒီဇင်ဘာ ၂၇ ရက်မှာ ပျက်ကျသွားတဲ့အတွက် လူ ၁၄ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလေယာဉ်ဟာ မြို့တော်နူဆူလတန်ကိုသွားရောက်ဖို့ ပျံသန်းခဲ့တာဖြစ်ပြီး နှစ်ထပ်အဆောက်အဦနဲ့မတိုက်မှီ ပျက်ကျပြီး ကွန်ကရစ်ခြံစည်းရိုးတစ်ခုကို ဝင်တိုက်ခိုက်ခဲ့တယ်လို့ ကာဇက်စတန်မြို့ပြလေကြောင်း ကော်မတီကပြောပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးသွားပြီး ၂၂ ဦးမှာပြင်းထန်တဲ့ဒါဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရတယ်လို့ အယ်မာတီမြို့တော်ဝန်ကပြောပါတယ်။

အဲ့ဒီလေယာဉ်ဟာ အာရုဏ်မတက်မှီလေဆိပ်မှ ထွက်ခွာသွားတာဖြစ်ပြီး အဲဒီအချိန်မှာ မြူတွေထူထပ်စွာ ဆင်းနေတယ်လို့လည်း သိရပါတယ်။ လေယာဉ်ဟာ ပြေးလမ်းအဆုံးက အယ်မီရက်ကျေးရွာပေါ်ပျက်ကျခဲ့တာဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဘက်ခ်လေကြောင်းလိုင်းကပိုင်ဆိုင်တာဖြစ်ပြီး ကုမ္ပဏီဟာ ဖော်ကာလေယာဉ်တွေနဲ့ ပြေးဆွဲပျံသန်းနေတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေချိန်မှာ အဲဒီလေယာဉ်အမျိုးအစားတွေကို ပျံသန်းမှုရပ်ဆိုင်းထားမယ်လို့ မြို့ပြလေကြောင်း ကော်မတီကပြောပါတယ်။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #ကာဇက်စတန် #လေယာဉ်ပျက်ကျ

Zawgyi

ကာဇက္စတန္မွာ လူ ၁၀၀ လိုက္ပါသြားတဲ႔ေလယာဥ္ပ်က္က် လူ ၁၄ ဦးေသဆံုး

အယ္မာတီ၊ ဒီဇင္ဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ကာဇက္စတန္နိုင္ငံ ျမိဳ႔ေတာ္အယ္မာတီအနီးမွာ ခရီးသည္ ၉၅ ဦးနဲ႔ ေလယာဥ္အမႈထမ္း ငါးဦးလိုက္ပါသြားတဲ႔ ခရီးသည္တင္ေလယာဥ္တစ္စင္း ဒီဇင္ဘာ ၂၇ ရက္မွာ ပ်က္က်သြားတဲ့အတြက္ လူ ၁၄ ဦးေသဆံုးသြားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အဲဒီေလယာဥ္ဟာ ျမိဳ႕ေတာ္နူဆူလတန္ကိုသြားေရာက္ဖို႔ ပ်ံသန္းခဲ႔တာျဖစ္ျပီး နွစ္ထပ္အေဆာက္အဦနဲ႔မတိုက္မွီ ပ်က္က်ျပီး ကြန္ကရစ္ျခံစည္းရိုးတစ္ခုကို ၀င္တိုက္ခိုက္ခဲ႔တယ္လို႔ ကာဇက္စတန္ျမိဳ႔ျပေလေၾကာင္း ေကာ္မတီကေျပာပါတယ္။

ေလယာဥ္ပ်က္က်မႈေၾကာင္႔ လူ ၁၄ ဦးထက္မနည္းေသဆံုးသြားျပီး ၂၂ ဦးမွာျပင္းထန္တဲ႔ဒါဏ္ရာေတြနဲ႔ ေဆးရံုတင္ပို႔ထားရတယ္လို႔ အယ္မာတီျမိဳ႕ေတာ္၀န္ကေျပာပါတယ္။

အဲ့ဒီေလယာဥ္ဟာ အာရုဏ္မတက္မီွေလဆိပ္မွ ထြက္ခြာသြားတာျဖစ္ျပီး အဲဒီအခ်ိန္မွာ ျမဴေတြထူထပ္စြာ ဆင္းေနတယ္လို႔လည္း သိရပါတယ္။ ေလယာဥ္ဟာ ေျပးလမ္းအဆံုးက အယ္မီရက္္ေက်းရြာေပၚပ်က္က်ခဲ့တာျဖစ္ပါတယ္။

ပ်က္က်ခဲ႔တဲ႔ေလယာဥ္ဟာ ဘက္ခ္ေလေၾကာင္းလိုင္းကပိုင္ဆိုင္တာျဖစ္ျပီး ကုမၸဏိီဟာ ေဖာ္ကာေလယာဥ္ေတြနဲ႔ ေျပးဆြဲပ်ံသန္းေနတာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနခ်ိန္မွာ အဲဒီေလယာဥ္အမ်ိဳးအစားေတြကို ပ်ံသန္းမႈရပ္ဆိုင္းထားမယ္လို႔ ျမိဳ႕ျပေလေၾကာင္း ေကာ္မတီကေျပာပါတယ္။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #ကာဇက္စတန္ #ေလယာဥ္ပ်က္က်

Related posts

Leave a Comment

VOM News

FREE
VIEW